Saturday, October 4, 2014

ငြိမ်းချမ်းရေးကတိက၀တ်ကို SSPP/SSA ဘယ်လိုချိုးဖောက်ခဲ့သလဲ


ရှမ်းပြည်တိုးတက်ရေးပါတီ၊ရှမ်းပြည်တပ်မတော်(SSPP/SSA) အဖွဲ့သည်အစိုးရ အဖွဲ့နှင့် ၂၀၁၂ခုနှစ် ဇန်န၀ါရီလ ၂၈ ရက်နေ့တွင် ပြည်ထောင်စိုအဆင့် အပစ်အ ခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါသည်။ ထို သဘောတူ ညီမှုများတွင် SSPP/SSA အဖွဲ့အနေဖြင့် မည်ကဲ့သို့သော ကတိက၀တ် များ ပေးခဲ့သည်ကို လူသိ ရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ဖူးခြင်း မရှိကြောင်း တွေ့ ရပါသည်။ဒီနှစ် ဇွန်လ ၂၆ ရက်နေ့က တာဖာဆောင်တံတားအနီးမှာ အစိုးရတပ်နှင့် SSPP/SSA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ သည်။ ထိုတိုက်ပွဲများကြောင့် ဒေသခံများ စစ်ဘေးဒုက္ခသည် ဖြစ်ရပါသည်။ စစ်ရှိန်လျှော့ပေးပါဟူသော အဆိုကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမဲဆန္ဒနယ်မှ လွှတ်တော်အမတ်တစ်ဦးက တင်ပြလာခဲ့ပါသည်။ ထိုအခါ ကာကွယ်ရေး ဒုဝန်ကြီး ကိုယ်တိုင်လွှတ်တော်မှာ ရှင်းပြလိုက်တော့မှ SSPP/SSA အဖွဲ့ကဘယ်လို ကတိက၀တ်တွေပေး ခဲ့ကြောင်း ပြည်သူအားလုံး သိခဲ့ရခြင်းဖြစ်ပါသည်။

SSPP/SSA အဖွဲ့၏ သတ်မှတ်နယ်မြေမှာ တောင်ကြီး-လားရှိုး သွားကား လမ်းပေါ်ရှိ ၀မ်ဟိုင်းကျေးရွာအနီး SSPP/SSA ဗဟိုဌာနချုပ်ဖြစ်ပါသည်။ ထိုစဉ် က အစိုးရနှင့်သဘောတူညီခဲ့သော သတ်မှတ်နယ်မြေတွင် SSPP/SSA အဖွဲ့စခန်းချလာရောက်နေထိုင်သော တာဖာဆောင်ဒေသ မပါဝင်ခဲ့ပါ။ သို့ဆိုလျှင် SSPP/SSA အဖွဲ့ကငြိမ်းချမ်းရေးကတိက၀တ်တစ်ခုကို စတင်ဖောက်ဖျက်ခဲ့ ပြီဖြစ်ပါသည်။

SSPP/SSA နယ်မြေမဟုတ်သည့်အတွက် တာဖာဆောင်တံတားကနေ ဖယ်ရှားပေးဖို့ အစိုးရတပ်မျာက အကြိမ် ကြိမ်အသိပေး အကြောင်းကြားခဲ့ပါ သည်။ ထိုသို့ အကြောင်းကြားခြင်းကို SSPP/SSA အဖွဲ့များလည်း မသိ မဟုတ် သိပါသည်။ ငြိမ်းချမ်းရေးသဘောတူညီမှုတွင် နယ်မြေကျူးကျော်သွားလာပါ က နှစ်ဖက်ညှိနှိုင်းမှု ပြုလုပ် ရန်၊ အစိုးရဘက်မှ ခွင့်ပြုချက်ရမှသာ လူ၊ လက်နက် စာရင်း အတိအကျတင်ပြပြီး သွားလာသောနေရာအား အချိန်ကန့်သတ်ချက်ဖြင့် သွားလာရန်ဟူသော အချက်များ ပါဝင်ခဲ့သည်။ ထိုအချက်များကို မလိုက်နာဘဲ SSPP/SSA အဖွဲ့က မည်သည့် အစိုးရအဖွဲ့၊ အစိုးရတပ်ကိုမှ အကြောင်း မကြားဘဲ သူ့သဘောနှင့်သူ တပ်စခန်း ချနေထိုင်ခြင်းဖြစ်ပါသည်။

အောက်တိုဘာ ၂ ရက်နေ့တွင်တာဖာဆောင်တံတားအနီးမှာ တိုက်ပွဲများပြန် လည်ဖြစ်ပွားခဲ့သည်။ တာဖာဆောင် တံတားကနေ SSPP/SSA အဖွဲ့ဆုတ် ခွာပေးလိုက်ရသည်။ အစိုးရတပ်များက အင်အားထောင်ချီပြီး တိုက်ခိုက် ပါသည်ဆိုပြီး RCSS/SSA အဖွဲ့က ကြေညာချက်ထွက်လာသည်။

အင်အားသုံးအောင် SSPP/SSA အဖွဲ့က လုပ်တာပါလို့ပြောရင် ပိုမှန်ပါလိမ့်မည်။ အစိုရတပ်များက အေးဆေးစွာညှိနှိုင်းဆွေးနွေးမှုကို SSPP/SSA အဖွဲ့က လက်မခံဘဲ တာဖာဆောင်မှာတပ်စွဲထား၍သာ တိုက်ပွဲဖြစ်ပွားရခြင်းဆိုတဲ့ အမှန်တရားကို လက်ခံကြရမည် ဖြစ်ပါသည်။

အချုပ်ဆိုရသော် သမ္မတ ကိုယ်စားငြိမ်းချမ်းရေး ဆွေးနွေးခဲ့သော MPC နှင့် သဘောတူညီချက်များကို ချိုးဖောက်ခဲ့တာ SSPP/SSA ဖြစ်ပါသည်။

ထိုအပြုအမူသည် သမ္မတကြီးကို မလေးစားရာရောက်ပါသည်။ ငြိမ်းချမ်းရေး ကတိက၀တ်ဖောက်ဖျက်၍သာ တိုက်ပွဲဖြစ်ရကြောင်း ကာကွယ်ရေးဒုဝန်ကြီး လွှတ်တော်မှာ ရှင်းလင်းစဉ်က SSPP/SSA အဖွဲ့ဘက်က နှုတ်ဆိတ်နေခဲ့ခြင်း သည် အမှန်ကို ၀န်ခံခဲ့ခြင်းဖြစ်ပါသည်။ ထိုအကြောင်းတရားများကို ခြုံငုံကြည့် လိုက်ရင် ငြိမ်းချမ်းရေးကတိက၀တ်တွေကို SSPP/SSA မထင်မဲ့မြင် ချိုးဖောက် ခဲ့ခြင်းသာဖြစ်ကြောင်း သက်သေပြလျက်ရှိပါသည်။

နေ၀န်းသစ်
နေ့စဉ်သတင်း

0 comments:

Post a Comment