အကြောင်းအမျိုးမျိုးနဲ့ ပြသနာတွေ ခဏခဏတက်ရလွန်းလို့ လက်တွဲဖြုတ်လိုက်ဖို့ စဉ်းစားထားပြီးသားသူကို နောက်ထပ်ပြန်လည်လက်တွဲဖို့ သင့်မှာယုံကြည်မှုရှိရဲ့လား။ သူ့ကိုလက်ခံချင်သေးလား။ ဒီလိုအခြေအနေမျိုးတွေ ဖြစ်လာရင် စဉ်းစားကြည့်သင့်တဲ့ အချက်လေးတွေ ရှိပါတယ်။ ဒီမေးခွန်းလေးတွေ ဖြေပြီးရင်တော့ သင်သူနဲ့ပြန်ပေါင်းထုတ်ဖို့ အိုကေမလား၊ ပထမ ဆုံးဖြတ်ချက်ကိုပဲ အတည်ပြုသင့်သလားဆိုတာ သေချာသွားစေမှာပါ။၁။ သူနဲ့ထပ်ပြီး ပြသနာတွေ မတက်တော့ဘူး၊ သူအမှားတွေကို ခွင့်လွှတ်ပေးနိုင်ပြီဆိုတာ သေချာပါသလား။
ဘယ်လိုလမ်းခွဲခဲ့ကြလဲဆိုတာကို သေသေချာချာ ပြန်စဉ်းစားပါ။ သင့်ရဲ့နှလုံးသားနဲ့စဉ်းစားပြီးတော့ ဦးနှောက်နဲ့ဖြေရှင်းပါ။ ချစ်ရဲ့သားနဲ့ အခြားသော ပြသနာတွေဆိုရင်တော့ နှစ်ဦးအတူဖြေရှင်းဖို့ ကြိုးစားနိင်ပါတယ်။ အဲ့ဒီလို မဟုတ်ဘူး သူက ဖောက်ပြန်တာကြောင့်၊ အချိန်တိုင်း ပြသနာရှာနေတာကြောင့်၊ ကိုယ့်အပေါ်အလေးမထားတာတွေကြောင့်ဆိုရင်တော့ သင့်ကို နောက်ထပ်တစ်ကြိမ်ပိုလှည့်စားဖို့၊ ပိုခံရဖို့ပဲဆိုတာ သိထားပါ။ သင်ဒီကိစ္စတွေကို ကျော်လွှားနိုင်မလားဆိုပြီးတော့ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ပါ။
၂။ ဒီလိုလုပ်ခြင်းဟာ သင့်အတွက် အကောင်းဆုံးနည်းလမ်းဖြစ်လား။
အတိတ်ကတော့ အတိတ်ပေါ့။ ဒါပေမယ့် သင့်ဘဝမှာ ဒီလူကို ပြန်ရလိုခြင်းအကြောင်းပြချက်ကို သင့်စိတ်ထဲမှာ အဖြေရှိနေဖို့ လိုအပ်ပါတယ်။ ယခုနဲ့အနာဂတ်အတွက် ဘယ်အရာက အကောင်းဆုံးလဲဆိုတာကို သင်ထည့်စဉ်းစားပါ။
၃။ အရင်လိုပဲ ဆက်ဆံရေးက ပြန်ကောင်းလာမှာသေချာလား။
ဒုတိယအကြိမ် ပြန်ပတ်သက်ကြတဲ့အခါ အရင်ကလို ပြန်ပြီးကြည်နူးခွင့်တွေ ရှိဦးမလား၊ ပြန်အဆင်ပြေနိုင်ဦးမလား။ ဘာတွေပြောင်းလဲလာနိုင်လဲ ဆိုတာကို သင်သေချာ ပြန်မေးခွန်းထုတ်ကြည့်ပါ။ ဒီလိုပြဿသနာမျိုးကိုပဲ နောက်တစ်ကြိမ် ထပ်မှား ပြန်တောင်းပန် အဲလိုနဲ့ သံသရာလည်သွားနိုင်ပါတယ်။
၎။ ဒီဘဝနဲ့သင် နေသားကျပြီလား။
သင်အသည်းကွဲပြီး တစ်ယောက်တည်းနေတာကို နေသားကျနေပြီလား။ ဒါမှမဟုတ် သင်ပြန်ပြီးတော့ သူနဲ့ပတ်သက်မှုကိုပဲ အမြဲတောင့်တနေလား။ သူ့ကို တစ်ချိန်လုံး လွမ်းနေမိလား။ ဆက်ဆံရေးက အရမ်းရှုပ်ထွေးတယ်လို့ ခံစားမိရင် အဲ့ဒီကနေ သင်ရုန်းထွက်ကြည့်ပါ။ သင်လွတ်လပ်မှုတွေကို ခံစားနေရတယ်ဆိုရင်တော့ သေချာပါတယ်။ ပြန်မလှည့်ပါနဲ့တော့။
Ref: teenvogue.com
Saturday, October 4, 2014
လမ်းခွဲဖို့ စဉ်းစားထားပြီးမှ အဲ့ဒီလူနဲ့ ပြန်တွဲသင့်သလား
Trend Myanmar
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment