Thursday, February 12, 2015

ဗိုလ်ချုပ်မွေးနေ့(ရာ ပြည့်) နှစ်တစ်ရာ



သူ့ဇာတိ
ကျွန်တော့်အနေနဲ့ ဗိုလ်ချုပ် မွေးနေ့ခေါင်းစဉ်တပ်ပြီး ဗိုလ်ချုပ် အကြောင်းရေးတဲ့အခါမှာ ဗိုလ်ချုပ် ရဲ့ ဇာတိနတ်မောက်မြို့အကြောင်း မမေ့မလျော့ ဖော်ပြဖို့ တာဝန်ရှိလာ တယ်။ နတ်မောက်မြို့ကို နန္ဒဗာမင်း က သက္ကရာဇ် ၄၂၃ခုနှစ်မှာ တည်ခဲ့ သတဲ့ဗျ။ သက္ကရာဇ် ၄၂၃ခု တပေါင်း လဆန်း ၅ရက် တနင်္လာနေ့ နံနက် တစ်ချက်တီးကျော် (၄)ဂလင်းနဲ့ တစ် မီလာအချိန်မှာ နတ်မောက် မြို့ကို တည်တယ်။ မြို့တည်မင်းက နန္ဒဗာဟုမင်း၊ နံတော်တနင်္လာသား မြို့အရှေ့ကန်ကြီးတံခါး၊ အဲဒီက ၇ တောင်တာ အတာ၅ဝ တောင်မျက် နှာ တောင်ပုံတံခါးအထိ။ အဲဒီက ၇တောင်တာ၊ အတာ ၅ဝ။ မြောက် မျက်နှာပြုတံခါးအထိ အဲဒီက ၇ တောင်တာ အရပ်ရပ် တာ၎ဝဝ မြို့ ကျယ်တယ်။(နန္ဒဗာဟောလင်းကြက် ဆော်၊ မြို့တော်နတ်မောက်တည်း၊ လင်း(၄)ကြက်(၂) ဆော်(၃)။ ၄၂၃ခု)

နတ်မောက်မြို့တည်တဲ့ အကြောင်း တခြားပုရပိုက်မူ ၂စောင် လည်း ရှိပါသေးတယ်။ အခုတစ် စောင်တည်းနဲ့တင် လုံလောက်ပြီး စာရှည်နေမှာစိုးလို့ မဖော်ပြတော့ပါ။ လိုရင်းပြောရရင် နတ်မောက်ဟာ ရန်ကုန်၊ မန္တလေးအပါအဝင် တခြား မြို့များနဲ့ မြို့သက်တမ်းအကြောင်း နှိုင်းယှဉ်လိုက်ရင် တကယ့်အိုးဆား ဗစ်ကြီးဖြစ်ပြီးအခုချိန်မှာ လည်းတက် ကြွဖျတ်လတ်နေတဲ့ မြို့တစ်မြို့ဗျ။

မန္တလေးရတနာပုံခေတ်က ပင်း မြို့၊ ကျောက်ပန်းတောင်းမြို့နဲ့ နတ် မောက်မြို့များရဲ့ သုံးမြို့ဝန်ဦးမင်း မောင်ဟာ ရာထူးတိုးပြီး နေပြည် တော်မှာ လွှတ်တော်ဝန်ကြီးတစ်ဦး အဖြစ်နဲ့ အမှုတော်ထမ်းရွက်ရတယ်။ ဦးမင်းမောင်ရဲ့အစ်ကို ဦးမင်းရောင် ကတော့ နတ်မောက်မြို့သူကြီးပါပဲ။ ဦးမင်းရောင်အကြောင်း အထူးပြော ပြစရာ လိုမယ်မထင်ပါ။ ဗိုလ်လ ရောင်ဘွဲ့ခံယူပြီး အင်္ဂလိပ်ကို သုံးနှစ် ကျော်အထိ ခုခံတိုက်ခိုက်ခဲ့လို့ မြန် မာ့သမိုင်းမှာ အထူးထင်ရှားခဲ့သူဖြစ် ပါတယ်။ ဦးမင်းမောင်၊ ဦးမင်းရောင် တို့နဲ့ ဗိုလ်ချုပ်ေ အာင်ဆန်းရဲ့အဘွား မယ်သူဇာတို့ဟာ မောင်နှမဝမ်းကွဲ တော်စပ်ပါတယ်။ မယ်သူဇာဟာ လည်း ဓားပိုင်၊ ရုံပိုင်၊ ထောင်ပိုင် နတ်မောက်မြို့သူကြီး ဦးရွှေနီ၊ မယ် စိုးတို့ရဲ့ သမီးဖြစ်ပါတယ်။ မယ်သူဇာ နဲ့ ဦးမြအေးတို့မှ ဗိုလ်ချုပ်မိခင် ဒေါ် စုအပါအဝင် သား၊သမီး၇ယောက် မွေးဖွားခဲ့သတဲ့။ အဲဒီတော့ အင်္ဂလိပ် ကို ဆန့်ကျင်တော်လှန်ခဲ့တဲ့ ဗိုလ် မင်းရောင်ဟာ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ အဘိုးပါပဲ။ ကျွန်တော်ဖြင့် ဗိုလ် ချုပ်အောင်ဆန်းအကြောင်းေ ရးထား တဲ့ စာတွေကို ဖတ်ရှုရင်း ဟိုတုန်းက ဗိုလ်ချုပ်နဲ့ နတ်မောက် အကြောင်း ပုံ ဖော်ကြည့်နေမိပေတယ်။ ဗိုလ်ချုပ် အောင်ဆန်းရေးတဲ့ အောင်ဆန်း၏ အောင်ဆန်းထဲမှာ ဗိုလ်ချုပ်က သူ မွေးဖွားလာပုံအကြောင်းအခုလို ရေးထားတယ်။

“ထိုရွာကို နတ်မောက်ဟူ၍ လည်းကောင်း၊တောင်ရွာဟူ၍ လည်း ကောင်းခေါ်ကြလေသည်။ ထိုရွာကို သမိုင်းစာအရကားပီဠိယက္ခမင်း တည်ထောင်သွားသည် ဟုဆိုလေ သည်။သို့သော်ကျွန်တော်၏ဘေးမှတ် တမ်းအရကားပုဂံခေတ် အနော်ရထာ မင်းစောအချိန်အခါလောက်တွင် ထိုရွာကိုစတင်တည်ထောင်ခဲ့သည် ဟုမှတ်သား ဖူးသည်။ထိုရွာ၏မြောက် ဘက်စွန်း၌တစ်ရွာလုံးရှိ အိမ်ဝိုင်းများ အနက် အကျယ် ဆုံးအိမ်ဝိုင်းကြီးထဲ တွင်ဧရာမအိမ်ကြီးရှိလေသည်။ မူလ ကဆင်တစ်ရပ်ခန့်ဝင်နိုင် အောင်မြင့် ၍ အဆောင်ပေါင်းများစွာရှိသော် လည်း ထိုအခါကား အတောင်ရှစ် တောင်ခန့်မျှသာ ရှိတော့သည်။ အိမ် အမြင့်မှာလည်းသုံးပေ၌မျှသာရှိ တော့ သည်။ ထိုအိမ်ကြီးကား ရှေး မြန်မာ မင်းလက်ထက်က နတ်မောက်မြို့ မြို့သူကြီးအိမ်ပင်ဖြစ်လေသည်။ ယခုကား အိမ်မရှိတော့ပြီ။ ထိုအိမ် နောက်ဖေးဆောင်ငယ်တွင် ကျွန်ုပ် အား ဖွားမြင်ခဲ့လေသည်။ ကျွန်တော့် ကို မွေးဖွားစဉ်အခါက ကျွန်တော်တို့ နတ်မောက်သို့ မီးရထားလမ်းမပေါက် သေး။ သို့သော် ရည်ရွယ်ချက်ကား ထားပြီးဖြစ်လေသည်။ ယခုအခါကဲ့သို့ အနည်းငယ်မျှ မြို့မဆန်ဘဲ တောရွာ စုကြီးတစ်ရွာမျှသာ ဖြစ်လေသည်”

ဟိုခေတ်တုန်းက မြေလတ်ပိုင်း ဒေသဖြစ်တဲ့ နတ်မောက်မြို့ဟာ ချောင်ကျပြီး တခြားဒေသတွေဆီကို သွားဖို့၊လာဖို့ ခက်ခဲတယ်။ မီးရထား လမ်းပေါက်တော့မှပဲ နည်းနည်း အဆင်ပြေသွားတယ်။ ဒါပေမဲ့ မော် တော်ကားလမ်းမ ပေါက်သေးတော့ မိုင်သုံးဆယ်ကျော်ဝေးတဲ့ မကွေးတို့၊ ရေနံချောင်းတို့ကို သွားဖို့ မလွယ်လှ ဘူး။ ဗိုလ်ချုပ်အောင်ဆန်း နတ် မောက်မြို့မှ မြန်မာစာခြောက်တန်း အောင်မြင်ပြီး အင်္ဂလိပ်စာသင်ဖို့ ရေနံချောင်းသွားတဲ့အခါ နတ်မောက် မှ တောင်တွင်းကြီးကို မီးရထားစီး၊ တောင်တွင်းကြီးမှ မိချောင်းရဲကို မော်တော်ကားစီး တစ်ဖန်မိချောင်းရဲ မှ ရေနံချောင်းမြို့သို့ မော်တော်ကား စီး၊ အဲဒီလိုမဟုတ်ရင်လည်း မကွေး သို့ ဘတ်စ်ကားစီး၊ မကွေးမှ သင်္ဘော စီးသွားရင် ရေနံချောင်းမြို့သို့ နှစ် ရက်ကြာမှ ရောက်သတဲ့ဗျ။ နောက် တော့ ကျောက်ပန်းတောင်းမှတစ် ဆင့် မီးရထားတစ်တန်၊ မော်တော် ကားတစ်တန် သွားရင် ရေနံချောင်း ကို နေ့ချင်းပေါက်ေ ရာက်သွားတယ်။ အခုခေတ်တော့ ဟိုအရင်ကနဲ့ မတူ ပေါ့ဗျာ။ ပျော်ဘွယ်- နတ်မောက်၊ နတ်မောက်-မကွေး စသဖြင့် မော် တော် ကားလမ်းတွေ ပေါက်သွားလို့ အခုသွား၊ အခုရောက်တဲ့အထိ ဖြစ် သွားပါပြီ။ ဗေတိုးပုံတို့ မနှစ်က နတ် မောက်မြို့အနီးက ကုလားရှင်ကျေး ရွာကို စာပေဟောပြောပွဲခရီး သွား ကြတယ်။ မန္တလေးမြို့မှ နေ့လယ် ခင်းထွက်ပြီး နတ်မောက်ကို ညနေ စောင်းလောက်ရောက် သွားတယ်။ ခရီးအချိန် ဘာကြာတာမှတ်လို့ နတ် မောက်ရောက်တော့ ဗိုလ်ချုပ်အောင် ဆန်းနေအိမ်ကို ဝင်ကြည့်ကြတယ်။ အဲဒါ ဓာတ်ပုံရိုက်ပြီးဖေ့စ်ဘုတ်မှာ တင်ဖို့ စိတ်ကူးရလိုက်တယ်။ ဗိုလ် ချုပ်အိမ်ကိုရောက်တဲ့ ဗေတိုးပုံပေါ့။ ဒါပေတဲ့ ကိုယ့်ထက်လက်ဦးတဲ့ စာ ရေးဆရာတွေ ရှိနေလို့ ဒီအကြံကို လက်လျှော့လိုက်ရတယ်။

နတ်မောက်မြို့ဟာ မြို့ပိုင်ရုံး စိုက်ပေမယ့် ရွာကြီးတစ်ရွာမျှသာ ဖြစ်ပြီး မြန်မာစာသင်တဲ့ကျောင်းပဲရှိ တယ်။ အဲဒီတော့ ဗိုလ်ချုပ်အောင် ဆန်းက မြန်မာစာ ခြောက် တန်း အောင်မြင်ပြီး အင်္ဂလိပ်စာသင်တဲ့ ရေနံချောင်းက နေရှင်နယ်ကျောင်း ကို နေချင်လို့ မိဘကို ပူဆာတယ်။ ခက်တာက မိဘတွေနဲ့ အစ်ကို၊ အစ်မတွေကလည်း သူ့ကို ကလေးလို့ ယူဆထားကြလို့ တစ်မြို့တစ်ရွာကို ခွဲပြီးပို့ဖို့ သဘောမတူကြဘူး။ အထူး သဖြင့် မိခင်ကြီးဒေါ်စုပေါ့။ အငယ် ဆုံးသားလေးဖြစ်လို့ မခွဲနိုင်ဘဲ အသက်အနည်းငယ်ကြီးလာသည် အထိစောင့်ဆိုင်းပေးဖို့သားကို ဖျောင်းဖျတယ်။ ဒါပေသိ ဘယ်ရလိမ့် မလဲ ဗိုလ်အောင်ဆန်းပဲ။ သူလုပ်ချင် တာကို မဖြစ်မနေလုပ်ချင်တဲ့ သားက ငိုယိုပူဆာရုံမက ရေနံချောင်းကို မပို့ရင် ထမင်းမစားဘူးလို့ ကြေညာ ပြီး ထမင်းမစားဘဲ နေသတဲ့။ ဒါက တော့ တစ်နည်းအားဖြင့် ပြောရရင်အစာအငတ်ခံ တိုက်ပွဲဝင်လိုက်တဲ့ သဘောပဲ။ နောက်ဆုံးတော့လည်း မိဘတွေက သူ့အလိုကို လိုက်လျော ရတော့တာပေါ့ဗျာ။

ဗိုလ်ချုပ်က ပညာရေးဘက်မှာ လည်း ထူးချွန်တယ်ဗျ။ ကျောင်းနေ နောက်ကျပေမယ့် စာတော်လို့ တန်းကျော်တက်ခဲ့ရပြီး လေးနှစ်နဲ့ ဆယ်တန်းအောင်မြင်သွားတယ်။ ရေနံချောင်း နေရှင်နယ်ကျောင်းမှာ နေတော့လည်း အတန်းတိုင်းမှာ ပထမရတယ်။ အဲဒါအပြင် သတ္တမ တန်းစာမေးပွဲမှာ စကောလားရှစ်ရ ပြီး ဦးရွှေခိုဆုလည်း ရသေး တယ်။ သတ္တမတန်းစာမေးပွဲမှာ မြန်မာတစ် ပြည်လုံးမှာ နဝမစွဲသတဲ့။ ကျွန်တော် တော့ ဗိုလ်ချုပ်အကြောင်းရေးထားတဲ့ စာအုပ်တွေကို ဖတ်ရင်း ရေနံချောင်း နေရှင်နယ်ေ ကျာင်းကိုနေဖို့ အစာ ငတ်ခံတိုက်ပွဲဝင်ပြီး မိဘတွေကို အရေးဆိုနေတာ စိတ်ကူးနဲ့ ပုံဖော် မြင်ယောင်ရင်း အတော်သဘောကျ နေတယ်။ တကယ်တော့ ဗိုလ်ချုပ် အင်္ဂလိပ် စာသင်ဖို့ ရေနံချောင်း နေရှင်နယ်ကျောင်းကို သွားလိုက် ခြင်းဟာ နောင်တစ်ချိန်မှာ မြန်မာ့ နိုင်ငံရေးအချိုးအကွေ့နဲ့အတူ လွတ်လပ်ရေးရဖို့အတွက်ဖြစ်ပေါ် လာစေတဲ့ အခြေခံအကြောင်းအရင်း တွေထဲက တစ်ခုပဲလို့ မြင်မိတယ်။ ရေနံချောင်း နေရှင်နယ် ကျောင်းမှာ ဆယ်တန်းအောင်မြင်ပြီး ရန်ကုန် တက္ကသိုလ်ရောက်၊အဲဒီလိုနဲ့ ပညာအ လင်းပွင့်ပြီး အသိအမြင်ကျယ်ပြန့် လာခြင်းနဲ့အတူနိုင်ငံ လွတ်လပ်ရေးရ အောင်အားထုတ်နိုင်ခဲ့ကြတာပဲ မဟုတ် ပါလား။အဲဒီတော့ ဗိုလ်ချုပ်ရဲ့ပညာ ရေးခရီးကို ကြည့်ရင် ပညာခရီးရဲ့တန် ဖိုးကိုအသိအမှတ်ပြုတဲ့အနေနဲ့ နောက်ထပ်ဗိုလ်ချုပ်အောင်ဆန်း လေးတွေပေါ်လိုပေါ်ငြားနတ် မောက် မြို့မှာ ဗိုလ်ချုပ်အမည်နဲ့ တက္ကသိုလ် တစ်ခုလောက် ဖွင့်လှစ်ပေးဖို့ ကောင်း ပေတယ်။ ဗိုလ်ချုပ်ကို ဂုဏ်ပြုတာ လည်း ရောက်တာပေါ့။ သို့ပေမယ့် ၁၉၈၈ခုနှစ် ၈၈၈၈ကြီး ပေါ်ပေါက် လာခြင်းဟာတက္ကသိုလ်ကျောင်း သားတွေစု လို့ ဒါမျိုးဖြစ်ရတာပဲလို့ ကောက်ချက်စွဲပြီး ကျောင်းသားတွေ လည်း လူစုကွဲသွားအောင် သင် ထောက်ပစ္စည်းတွေနဲ့ သင်ကြားတဲ့ ဆရာတွေ အလုံအလောက်မရှိဘဲနဲ့ နေရာ အနှံ့ တက္ကသိုလ်တွေ ဖွင့်စေ ခဲ့တဲ့ ဗိုလ်ချုပ်ကြီးများရဲ့ စိတ်အာရုံ ထဲမှာတော့ နတ်မောက်အကြောင်း တစ်စိုးတစ်စိမျှ ရှိပုံမပေါ်ပါ။ အဲဒါ အပြင် နတ်မောက်ဟာ ပုံမတော် စနက်တန်ဖြုတ်တော့မယ့် မိုင်းဗုံးလို တွေးပြီး လက်ရှောင်ထားကြပုံရတယ် ဗျ။ မည်သို့ပင်ဖြစ်စေကာမူပေါ့။ အချိန်အခါတွေ ပြောင်းလဲလာခြင်း နဲ့အတူ နတ်မောက်လည်း အခုမှပဲ ဇာတာစန်းလဂ်တွေ တက်လာပြီး အရောင် တောက်လာနိုင်ပါတော့ တယ်။ ဝမ်းသာစရာကောင်းပါပေ့။

ဗေတိုးပုံ
Popular Journal

0 comments:

Post a Comment