Sunday, February 15, 2015

မိမိအသက်အရွယ်အလိုက် အိပ်ချိန်ဘယ်လောက်ရှိသင့်သလဲ



အသက်ရွယ်အလိုက် သူ့ရဲ့ လိုအပ်တဲ့ အိပ်ချိန်ဆိုတာ ရှိကြပါတယ်။ အလုံအလောက်သာ အိပ်မယ်ဆိုရင် ပင်ပန်းနွမ်းနယ်မှု၊ မောပန်းမှုတွေ ကြုံရမှာ မဟုတ်ကြောင်း ကျွမ်းကျင်ပညာရှင်များရဲ့ ပြောဆိုချက်အရ သိရပါတယ်။စိတ်ပြေလက်ပျောက်ဖြစ်ဖို့နဲ့ အားအင်အပြည့်အဝရှိနေဖို့ ကျွန်ုပ်တို့ အိပ်ချိန် အမျိုးမျိုး လိုအပ်ကြတယ်။ တချို့က အိပ်ချိန် (၈) နာရီ လိုအပ်ပြီး အချို့ကျတော့ တစ်နေ့ကို ၉ နာရီလိုအပ်တယ်။

သို့သော် ကျွန်ုပ်တို့ အသက်အရွယ်အလိုက် အိပ်ချိန်ဘယ်လောက်လိုအပ်လဲဆိုတာ ပညာရှင်တွေအတွက် ပြပေးထားပါတယ်။ သိပ္ပံပညာရှင်နဲ့ သုတေသီ အဖွဲ့တစ်ဖွဲ့က သူ့အရွယ်အလိုက် အကောင်းဆုံး အိပ်စက်ချိန်တွေကို အကြိမ်ကြိမ် တွက်ချက်ခဲ့ပြီး အောက်ပါအချက်အလက်အတိုင်း ရရှိလာခဲ့ပါတယ်။
ဝ-၃ လကလေး ၁၄-၁၇ နာရီ
၎-၁၁ လကလေး ၁၂-၁၅ နာရီ
၁-၂ နှစ်အရွယ်ကလေးများ ၁၁-၁၄ နာရီ
၃- ၅ နှစ် (မူလကလေးအရွယ်) ၁၀-၁၃ နာရီ
၆ - ၁၃ နှစ်ကလေး ၉-၁၁ နာရီ
၁၄ - ၁၇ နှစ် ဆယ်ကျော်သက် ၈-၁၀ နာရီ
၁၈-၂၅ နှစ် မြီးကောင်ပေါက်/လူငယ်အရွယ် ၇-၉ နာရီ
၂၆ - ၆၄ နှစ် အရွယ်ရောက်ပြီးသူများ ၇-၉ နာရီ
၆၅ နှစ်နဲ့ အထက်လူကြီးများ ၇-၈ နာရီ

Ref:naturalhealthcareforyou.com

Trend Myanmar

0 comments:

Post a Comment