Sunday, February 22, 2015

ကျင်ငယ်ကို မျက်နှာပေါ် အသုံးပြုသင့်လား



မျက်နှာအသားအရေ လှပဖို့ဆိုရင် လူတိုင်း နည်းလမ်းအသစ်သစ်တွေ စမ်းသပ်ကြည့်ချင်ကြပေမယ့် ကျင်ငယ်ကို မျက်နှာပေါ်တင်မယ်ဆိုတဲ့ အခါမှာတော့ အထူးဆန်းဆုံး ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။

ကျင်ငယ်ရေမှာ အသားဓာတ်၊ သတ္တုဓာတ်၊ အင်တီဘော်ဒီနဲ့ ဗီတာမင်စတဲ့ အာဟာရတွေ ပါဝင်တာကြောင့် နှင်းခူနာ၊ ဝက်ခြံနဲ့ တခြား အသားအရေပြဿနာတွေ လျော့ကျစေနိုင်တယ်လို့ ဆိုပါတယ်။ဒီနည်းတကယ် အလုပ်ဖြစ်တယ်ဆိုရင် ဘာမှ စိတ်ပူနေစရာ လိုမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဒါက သဘာဝလည်း ဖြစ်ပြီး ငွေကုန်ကြေးကျလည်း လုံးဝ မရှိတာကြောင့်ပဲ ဖြစ်တယ်။ အဲဒီအပြင် အမည်းစက် အစွန်းအထင်း တစ်ခုမှ မရှိတော့ဘဲ နူးညံ့တဲ့ အသားအရေ ပိုင်ဆိုင်မယ့် အကြောင်းလည်း ဖြစ်တယ်။

ဒါပေမယ့် တစ်ခုဆိုးတာက ကျင်ငယ်ရဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြတဲ့ သုတေသနမရှိသေးဘူးလို့ ကျွမ်းကျင်ပညာရှင်တွေက ဆိုပါတယ်။ ကျင်ငယ်မှာ အများစုက ရေဖြစ်ပြီး အသားအရေ စိုပြည်တဲ့ ဂုဏ်သတ္တိရှိ ယူရီးယား ဓာတ်ပမာဏ အနည်းငယ်သာ ပါရှိပါတယ်လို့ ဆိုပါတယ်။

တကယ်လို့ ကျင်ငယ်ကို မျက်နှာမှာ စမ်းသုံးခဲ့မယ်ဆိုရင် အကျိုးဆက် သို့မဟုတ် ထိခိုက်မှု လုံးဝ ဖြစ်စေလိမ့်မှာတော့ မဟုတ်ပါဘူး။

Ref:wellnessbin.com

ပေါ်ထွန်း 
Trend Myanmar

0 comments:

Post a Comment