Thursday, February 12, 2015

ခါးနာခြင်းမှာ အချိန်၊ လှုပ်ရှားမှုများနှင့်ဆက်စပ်နေ



ခါးနာခြင်းဖြစ်ပေါ်စေသော အကြောင်းအရာများတွင် ကိုးရိုးကားရားပုံစံများဖြင့် အလုပ်အလုပ်ခြင်း၊ အာရုံပျံ့လွင့်နေ ခြင်း၊ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေခြင်းစသော အကြောင်းအရာများပါဝင်သည်ဟု လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။‘‘ခါးနာတာဟာ ပြည်သူလူထုကျန်းမာရေး စိုးရိမ်စရာကိစ္စ တစ်ခုဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်း မစွမ်းမသန်ဖြစ်ခြင်းရဲ့ အဓိက အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါတယ်’’ ဟု လေ့လာမှုတွင် သြစ တြေးလျနိုင်ငံ ဆစ်ဒနီတက္ကသိုလ် ဂျော့ခ်ျအင်စတီကျု့ဒ်မှ မယ်နျူ ရယ်လာဖာရီရာက ပြောကြားသည်။

မစ္စစ်ဖာရီရာနှင့် လုပ်ဖော်ကိုင်ဖက်များသည် ၂၀၁၁ နှင့် ၂၀၁၂ အတွင်း ရုတ်တရက် ခါးနာခြင်းဖြစ်ပေါ်လာခဲ့သော လူပေါင်း တစ်ထောင်နီးပါးကို တွေ့ဆုံမေးမြန်းခဲ့ကြသည်။ ခါးနာမှုမစတင်မီ ခါးနာခြင်းဖြစ်နိုင်သော အကြောင်းအရာ ၁၂ ခုအနက် တစ်ခုခုနှင့် တွေ့ကြုံခဲ့သလားဆိုသည်ကိုလည်း ၎င်းတို့က မေးမြန်းခဲ့သည်။

ရုတ်တရက်ခါးနာခြင်းများကို နံနက်ပိုင်းတွင် ပို၍ ကြုံတွေ့ ကြရသည်။

ကိုးရိုးကားရားပုံစံဖြင့် ကာယအလုပ်များ လုပ်ကိုင်ခြင်းမှာ ကျောအောက်ပိုင်းနာကျင်ခြင်းဖြစ်နိုင်ခြေကို ရှစ်ဆပိုများလာစေ ကြောင်းလည်း သုတေသီများက တွေ့ရှိခဲ့သည်။

ခန္ဓာကိုယ်နှင့် ဝေးကွာသော လူများ၊ တိရစ္ဆာန်များ၊ အရာဝတ္ထု များ၊ မတည်ငြိမ်သော ပစ္စည်းများ ပါဝင်ပတ်သက်သော ကာယအ လုပ်များမှာ ခါးနာမှုဖြစ်နိုင်ခြင်း အန္တရာယ်ကို ငါးဆမှ ခြောက်ဆအ ထိ မြင့်တက်စေသည်။ အလုပ်တစ်ခုလုပ်နေစဉ် အာရုံပြောင်းသွား ခြင်းမှာလည်း ခါးနာခြင်း ဖြစ်နိုင်ခြေအန္တရာယ်ကို ၂၅ ဆမြင့်တက် လာစေသည်။ ထို့အပြင် ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်နေချိန်၌ လေးဆပိုများစေသည်။ သို့သော် အရက်သောက်သုံးခြင်းနှင့် လိင် ဆက်ဆံခြင်းများမှာမူ ခါးနာခြင်းနှင့် မဆက်စပ်ပေ။

—Ref: AFP

7Day Daily

0 comments:

Post a Comment