Sunday, February 15, 2015

‘သမ္မတကြီးခင်ဗျား’ဆိုရင် ပိုပြီးအဓိပ္ပာယ်ပြည့်စုံမယ်ဆိုတဲ့ ပြေတီဦး



သမ္မတကြီးခင်ဗျားမှ လူကြီးမင်းခင်ဗျားဟု အမည်ပြောင်းလဲခဲ့ရသည့် ရုပ်ရှင်ဇာတ်ကားကိုမကြာမီရုံတင်ပြသတော့မည်ဖြစ်ပြီး ယင်းရုပ်ရှင်သည် ပရိသတ် များအတွက် အကျိုးရှိစေမည့် ဇာတ်ကားတစ်ကားဖြစ်သည်ဟု ပြေတီဦးကပြောသည်။‘‘ဒီကားက တခြားကားတွေနဲ့ တင်ပြပုံလုံးဝမတူဘူး။ ပြည်သူလူထုရဲ့ ရင်ထဲမှာ ဖြစ်နေတဲ့ ခံစားချက်အကြောင်းအရာတွေပါ တယ်။ မိဘတွေက သားသမီးတွေ ပစ်ပယ်တဲ့အခါ ဘယ်လိုခံစားသွားရတယ်ဆိုတဲ့ အကြောင်းအ ရာတွေပါတယ်။ နောက်ပြီး အခုအချိန်မှာ အခြေခံလူတန်းစားတွေ ဘယ်လိုခံစားနေရတယ်ဆိုတာ တွေပါတယ်ဆိုတော့ ပရိသတ်တွေအတွက် မက်ဆေ့ခ်ျတွေရော၊ ဦးတည်ချက်တွေရော ကောင်းလွန်း၊များပြားလွန်းတယ်’’ဟု ပြေတီဦး က ပြောသည်။

ဇာတ်ကားတွင်ပြေတီဦးက ဘိုးဘွားရိပ်သာတစ်ခု၌ ငယ်စဉ် ကတည်းကနေထိုင်သူ၊ အဘိုးအဘွားများအတွက် ဘဝကို ပေးဆပ်ထားသူတစ်ဦးအဖြစ် သရုပ်ဆောင်ထားပြီး အဆိုပါဘိုးဘွား ရိပ်သာနယ်မြေကို ခရိုနီများ လက်သို့မရောက်စေရန် ကာကွယ်သူတစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။

အဆိုပါရုပ်ရှင်ကို ယခင်ကသမ္မတကြီးခင်ဗျားဟု အမည်ပေးခဲ့သော်လည်း ဆင်ဆာခွင့်ပြုချက်မရရှိသောကြောင့် လူကြီးမင်းခင်ဗျားဟုသာ အမည်ပေးခဲ့ရပြီး သမ္မတကြီးခင်ဗျားဟု အမည်ပေးခွင့်ရပါက ယခုထက်ပို၍ အဓိ ပ္ပာယ်ပြည့်စုံမည်ဟု ထင်ကြောင်း ပြေတီဦးကပြောသည်။

‘‘နိုင်ငံ့ခေါင်းဆောင်ဆိုတာ ကျွန်တော်တို့ရဲ့ အားကိုးအားထားရာပါ။ သမ္မတကြီးခင်ဗျား ဆိုတာကလည်း ကိုယ့်ရဲ့ ခံစားချက်ကိုအားကိုးပြီးတိုင်တည်တဲ့အနေနဲ့သွားထားတာ။ အပြုသဘော ဆောင်တာတွေပါပဲ။ အပျက်သဘောဆောင်တာ တစ်ခုမှမပါပါဘူး။ ဒါပေမဲ့ သမ္မတကြီးခင်ဗျားဆိုတဲ့ ခေါင်းစဉ်ကဘာ ကြောင့်လဲတော့မသိဘူး။ ဆင် ဆာမရဘူး။ အဲဒါကြောင့် ပြောင်း လိုက်ရတာ ’’ဟု ပြေတီဦးကဆို သည်။

လတ်တလော အနုပညာ လှုပ်ရှားမှုအနေဖြင့် ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)နှင့်ရုပ်ရှင်တစ်ကား ရိုက်ကူးနေပြီး မတ်လဆန်းတွင်လည်း ထိုင်းနိုင်ငံသို့သွား၍ ရုပ်ရှင်တစ်ကားရိုက် ကူးရန်ရှိသည်ဟု သိရ သည်


7Day Daily

0 comments:

Post a Comment