Saturday, February 14, 2015

စုံတွဲများ အတွက် ချစ်သူများနေ့ အထိမ်းအမှတ် ကျင်းပမည်

ချစ်သူ များနေ့ အထိမ်းအမှတ် V'Day Party & Essential Wedding Fair ကိုဖေဖော်ဝါရီ ၁၄ ရက် ညနေ ၄ နာရီမှ ည ၉ နာရီ အချိန်ထိ MCC ခန်းမတွင် ကျင်းပသွား မည်ဟု ပွဲစီစဉ်သူJupiter Waves Media & Entertainment မှ မန်နေဂျာ မဆုမွန်ဦး ကပြောသည်။



''ဒီပွဲကJupiter Waves Media & Entertainment ကစီစဉ်ပြီး ပန်းအလှဆင် မာမီကျော်(မလေးရှား)၊ ကိုအောင်(Flash Memo) ၊ မိတ်ကပ်ဦးစိုးတို့ ဦးဆောင် မှုနဲ့ဖေဖော်ဝါရီ ၁၄ရက်မှာ V'Day Party & Essential Wedding Fair အဖြစ်ကျင်းပသွားမှာပါ။ ရည်ရွယ်ချက်ကတော့ ချစ်သူစုံတွဲများနဲ့ မင်္ဂလာအခမ်း အနား ကျင်းပတော့မယ့် လက်ထပ်ခါနီး ဇနီးမောင်နှံတွေ အတွက် ချစ်သူ များနေ့မှာ ကျင်းပခြင်းဖြစ် ပါတယ်'' ဟု၎င်း ကပြောသည်။ချစ်သူများနေ့တွင် ကျင်းပခြင်းဖြစ်ကြောင့် ထူးထူးခြားခြား အမှတ်တရဖြစ်စေရန် ရည်ရွယ်ချက်ဖြင့်Mr & Ms Valentine 2015 ပြိုင်ပွဲကိုလည်းJupiter Waves Media & Entertainment ကထည့်သွင်း ကျင်းပမည်ဖြစ်ပြီး ယင်းပြိုင်ပွဲကို ကိုအောင်(Flash Memo)နှင့် Royal 9 Model Agency တို့က ပူးပေါင်းပြီး အဆင့် ဆင့်ကျင်းပ မည်ဟု မဆုမွန်ဦး ကပြောသည်။

ကိုအောင် (Flash Memo)က '' Mr & Ms Valentine 2015 ပြိုင်ပွဲကို အပိုင်းသုံး ပိုင်းခွဲပြီး ကျင်းပပေးသွား မှာပါ။ ပထမ ဦးဆုံး ပြိုင်ပွဲ ဝင်ယောက်ျားလေး ၁ဝ ဦး၊ မိန်းကလေး ၁ဝ ဦးတို့က သူတို့ရဲ့ စိတ်ကြိုက်ဝတ်စုံနဲ့ တစ်ဦးချင်းစီ ယှဉ်ပြိုင်ရမယ်။နောက်တစ်ပိုင်း ကဒီပြိုင်ပွဲဝင် ၂ဝ ဦးဟာ ကျွန်တော်တို့ သတ်မှတ်ထား တဲ့ ဝတ်စုံနဲ့ ယှဉ်ပြိုင် ရမယ်။ အဲဒီအဆင့်မှာ ဆန်ခါတင်ငါးယောက် စီရွေးချယ်ပြီး စုံတွဲငါး တွဲရွေးထုတ် သွားမှာ ပါ။နောက်ဆုံး အဆင့်မှာတော့ အရွေးခံ ရတဲ့စုံ တွဲတွေက သူတို့ရဲ့ ကိုယ်ရည် ကိုယ်သွေးတွေ ကိုပြသ ယှဉ်ပြိုင် ရမှာပါ''ဟု ၄င်းကဆိုသည်။

Mr Valentine 2015 နှင့် Ms Valentine 2015 ဆု အတွက်ငွေကျပ်သုံး သိန်းအပြင် အခြား ဆုများကို လည်းပေးအပ်ချီးမြှင့် မည်ဖြစ် ပြီးနောက် ထပ်ခေါင်းစဉ် အမျိုးမျိုး ရှိသည့် ဆု ၁၃ ဆုကိုလည်း ချီးမြှင့်သွား မည်ဖြစ်သည်။

မဇ္ဈိမ

0 comments:

Post a Comment