Monday, February 23, 2015

ကိုးကန့်တိုက်ပွဲနှင့် ပတ်သက်ပြီး သတင်းမှားတွေနဲ့ နားလည်မှု မလွဲရန် DKBA ထုတ်ပြန်


ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အစိုးရစစ်တပ်နဲ့ ဦးဖုန်းကျားရှင်ရဲ့ MNDAA ကိုးကန့်တပ်ဖွဲ့တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) က အစိုးရတပ်နဲ့ ပူးပေါင်းပြီး ကိုးကန့်အဖွဲ့ကို တိုက်မည်ဆိုပြီး ထွက်ပေါ်နေတဲ့ သတင်းတွေဟာ သတင်းမှားတွေဖြစ်ကြောင်း ကလို့ထူးဘောစစ်ဌာနချုပ်က ၂၂ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။"အင်တာနက် သတင်းမီဒီယာများတွင် ထွက်ပေါ်နေသော D.K.B.A မှ အစိုးရတပ်နှင့်ပူးပေါင်းပြီး MNDAA ခေါ် ကိုးကန့် တော်လှန်ရေး တပ်ဖွဲ့အား တိုက်ခိုက်မည် ဆိုသည်မှာ လုံးဝ မဟုတ်မှန်ကြောင်းနှင့် MNDAA ခေါ် ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့သည် မိမိတို့နှင့် ဘဝတူ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့နှင့် ၎င်းတို့၏ အမျိုးသားရေးဆိုင်ရာ အခွင့်အရေးအတွက် ခိုင်မာစွာရပ်တည်နေသည်ကို အကြွင်းမဲ့ယုံကြည်ပါသည် -

သို့ဖြစ်ပါ၍ မဟာမိတ်တော်လှန်ရေး၊ နိုင်ငံရေး အဖွဲ့အစည်း အသီးသီးနှင့် မိဘပြည်သူများ မိမိတို့ အပေါ် နားလည်မှု မလွဲကြရန် တောင်းပန်အပ်ပါသည်။ ကိုးကန့်တပ်ဖွဲ့ခေါ် MNDAA သည် မိမိတို့နည်းတူ တိုင်းရင်းသား လူမျိုးစုတခုဖြစ်သည်ကို ပြည်သူ အများ သိရှိရန် ကြေညာအပ်ပါသည်" လို့ လက်ရေးမူနဲ့ ထုတ်ပြန်ထားတဲ့ ကြေညာချက်မှာ ပါရှိပါတယ်။

ဧရာဝတီ

0 comments:

Post a Comment