Tuesday, February 17, 2015

လောက်ကိုင်နှင့် ချင်ရွှေဟော်ကြားတွင် ကြက်ခြေနီအလံ လွှင့်ထားသည့် စစ်ရှောင်ဒုက္ခသည်ယာဉ်အား ကိုးကန့်လက်နက်ကိုင် အဖွဲ့မှ သေနတ်ဖြင့်ပစ်ခတ်၊ နှစ်ဦး ထိမှန်


လောက်ကိုင်နှင့် ချင်ရွှေဟော်ကြားတွင် ကြက်ခြေနီဒုက္ခသည်အလံ လွှင့်ထားသည့် စစ်ရှောင်ဒုက္ခသည် ၄၀ ကျော် တင်ဆောင်လာသည့် ယာဉ်အား ကိုးကန့်လက်နက်ကိုင် အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး နှစ်ဦး ထိမှန်ခဲ့သည်။ဖေဖော်ဝါရီလ ၁၇ ရက် နေ့လည် ၁ နာရီကျော်ခန့်တွင် လောက်ကိုင်မှ စစ်ရှောင်ဒုက္ခသည်များ တင်ဆောင်လာသည့် ကားကြီး၊ ကားငယ် ခုနှစ်စီး ပါဝင်သော ယာဉ်တန်းမှာ ပါစင်ကျော်-လုံထန်အရောက် နှစ်ဖက်ပစ်ခတ်မှုအတွင်း ပိတ်မိခဲ့သည်။

ယင်းနောက် ပစ်ခတ်မှုမှာ ငြိမ်သက်သွားသည်ဟု ယူဆကာ ပထမဆုံး ထွက်ရှိခဲ့သော စစ်ရှောင်ဒုက္ခသည်ယာဉ်အား တောင်ထိပ်ပေါ်တွင် ရှိနေသသည့် ကိုးကန့်လက်နက်ကိုင်အဖွဲ့ဟု ဆိုသူများမှ ငါးမိနစ်ခန့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။

ယင်းပစ်ခတ်မှုကြောင့် ယာဉ်မောင်းနှင့် စစ်ရှောင်သူများအား အကူအညီပေးနေသူ တစ်ဦးတို့ သေနတ်ထိမှန်ခဲ့သည်။

ပစ်ခတ်ခံရသည့် စစ်ရှောင်ဒုက္ခသည် ယာဉ်တန်းအတွင်း လိုက်ပါလာသူ ၁၀၀ ကျော်ခန့်ရှိပြီး မီဒီယာသမားများလည်း လိုက်ပါလာခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲများ နေ့လည် တစ်နာရီမှ သုံးနာရီအထိ ကြာမြင့်ခဲ့ပြီး လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့မှုများလည်း ရှိခဲ့သည်။

ထိခိုက်ဒဏ်ရာ ရရှိသည့် အမျိုးသားနှစ်ဦးအား ကွမ်လုံဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသနေကြောင်း ယာဉ်မောင်းမှာ မျက်စိတွင် ထိခိုက်ခဲ့ပြီး အခြားတစ်ဦးမှာ ၀မ်းဗိုက်တွင် သေနတ်ကျည် ထိမှန်ခဲ့ရသည်။

Eleven Media Group

0 comments:

Post a Comment