မြန်မာ့ဂီတလောက အပြောင်းအလဲများစွာထဲကမှ  
၂ဝ၁၄ ခုနှစ်အတွင်းက စတင်သန္ဓေတည်ခဲ့တဲ့ မြန်မာ့ဂီတဆုပေးပွဲရဲ့ ၂ဝ၁၄ 
တစ်နှစ်တာ အကောင်းဆုံးဂီ တဆု ချီးမြှင့် ပွဲကိုတော့ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က
 ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ပွဲမတိုင်မီက ဂီတလောကသားတို့ရဲ့ 
ဂီတဆုပေးပွဲအပေါ် ရင်ခုန်သံကိုလည်း တင် ဆက် လိုက် ပါ တယ်။
ဟဲလေး
” သူငယ်ချင်းတွေ၊ ညီအစ်ကို မောင်နှမတွေ 
ဆုတွေရကြတာကို သွားရောက်အားပေးမှာပါ။ ဒီဘက်ခေတ် ညီငယ်၊ ညီမငယ်တွေက 
ကျွန်တော်တို့ထက် ကံကောင်းကြ တယ်။ ကိုယ် ကြိုးစားရင် ကြိုးစားသလောက် 
တိကျရေရာတဲ့ ပရိသတ်ကပေးတဲ့ ဆုမျိုးတွေရလာတဲ့ ခေတ်မျိုးပေါ့။ ပညာရှင်တွေက 
တိတိကျကျသတ်မှတ်တာမျိုး၊ ပရိ သတ် တွေကသေသေချာချာသတ်မှတ် တာမျိုးတွေ 
ဒီလိုမျိုး၊ ဆုမျိုးတွေ ဖြစ်ပေါ်လာပြီဆိုတော့ ဝမ်းသာစရာကောင်းတယ်။ 
နိုင်ငံတကာ နဲ့ယှဉ်တဲ့ဆု မျိုးတွေ ပေါ်ပေါက် လာ မယ်လို့ မျှော်လင့်ပါတယ်”
သားစိုး
” အဓိကကတော့ 
လူငယ်လူသစ်တန်းတွေအနေနဲ့ပိုပြီး ကြိုးစားဖို့လိုပါတယ်။ လူသစ်တန်းတွေ 
အခွေနဲ့လက်ရှိအောင်မြင်နေတဲ့ လူတွေအခွေနဲ့ယှဉ်ပြီး နားထောင်ကြည့်ရင် 
နည်းနည်းကွာဟနေတာတွေ့ရတယ်။ လူသစ်တန်းတွေအနေနဲ့လူကြီးတွေရဲ့အကြံဥာဏ်တွေပို 
ယူသင့်တယ်ဆိုတာ ဒီပွဲအတွက် သီချင်းတွေ နားထောင် ရင်းနဲ့ တွေ့ခဲ့ ရပါ တယ်”
သိန်းလင်းစိုး
” ပြောရရင်တော့ အခုလို ဖြစ်သင့်နေတာ 
ကြာပါပြီ။ ရုပ်ရှင်လောကမှာဆို တစ်နှစ်တစ်ခါ အကယ်ဒမီပေးပွဲဆိုတာရှိတယ်။ 
ဂီတဆိုတာလည်း အနုပညာပဲဆိုတော့ ဒီအနု ပညာ အလုပ်လုပ်နေတဲ့ 
သူအားလုံးကိုထိုက်တန်တဲ့ ချီးမြှင့်ဂုဏ်ပြု အခမ်းအနားတွေ 
လုပ်ပေးသင့်တယ်ထင်ပါတယ်။ ပြီးတော့ ဒါက FM တွေမှာပေးတာဆိုရင် ဒီနေ့ခေတ် 
နာမည်ကြီးနေတဲ့သူတွေနဲ့ ပေါ်ပြူလာဖြစ်တဲ့သူတွေပဲ ရွေးပေးတာများတာပေါ့။ 
အခုဦးရွှေတို့ လုပ်တဲ့ဆုပေးပွဲ ကတော့ Voting စနစ်လည်းပါ တယ်။ ပေးသင့် တဲ့သူ
 ကိုပေးတယ်။ အသစ်ရယ်၊ အဟောင်း ရယ်ခွဲမထားဘူး။ တကယ်တော်တဲ့သူကို 
တကယ်ပေးတဲ့အတွက် တအားသဘောကျဖို့ ကောင်းပါတယ်။ ကလေးတွေနဲ့ ဥပ မာပေး ရင် 
စာသင်ခန်းထဲမှာ စာတော်တဲ့သူကို ဆရာ၊ ဆရာမ တွေက ဆုပေးရင် ကလေးတွေလည်း 
ပိုကြိုးစားကြတယ်။ အနုပညာကတော့ အားလုံးက ဆုလိုချင်လို့မဟုတ်ဘဲ ဝါသနာအရ 
လုပ်ကြတာပါ။ သို့ပေမယ့် ကိုယ့်ရဲ့ကြိုးစားမှုကို အသိအမှတ်ပြုမှုအနေနဲ့ 
ဒီလိုလေး ဂုဏ်ပြုတာကောင်းပါတယ်။ အခုနောက်ပိုင်းမှာ အားလုံးလည်း အနုပ ညာ 
တစ်ခု လုပ်တဲ့အခါ ပိုပြီးဂရုတစိုက်နဲ့ လုပ်လာကြတာလည်းတွေ့ရပါတယ်”
ပိုပို
” ဂီတလောကသားတွေအတွက် 
ခုလိုမျိုးအသိအမှတ်ပြု ချီးမြှင့်ပေးတာ ဝမ်းသာမိပါတယ်။ ပထမတစ်ခေါက်လုပ်တဲ့ 
မိုးရာသီဂီတဆုပေးပွဲမှာ ပိုပို က နယ်ရောက်နေလို့ မတက်ရောက်ဖြစ်ခဲ့ဘူး။ 
အဲဒီတုန်းက ပထမဆုံးဆိုတော့ ဒီဆုပေးပွဲကို သေသေချာချာ မသိခဲ့လို့Voting 
စနစ်နဲ့ မဲပေးတာတောင် မှ ဘယ်လိုပုံစံနဲ့ ပေးရမလဲဆိုတာကို ပိုပို မသိခဲ့ဘူး။
 အခု ဒီတစ်ခေါက်မှာတော့ အရင်ကထက်စာရင် ဂီတလောကသားတွေရော၊ ပရိသတ်တွေပါ ကျယ် 
ကျယ်ပြန့်ပြန့်သိရှိလာတဲ့အတွက် အရင်တစ်ခေါက်ထက် ပိုမို 
ကောင်းမွန်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ပြီးကျတော့ ဒီဆုပေးပွဲက 
တစ်နှစ်စာလုံးအတွက်ပေးတာ ဖြစ်တော့ ပိုမိုကြီးကျယ် ခမ်းနားပါတယ်။ ပိုပို 
ဒီတစ်ခေါက် မှာတော့ ဘာမှမလိုဘူးဆိုတဲ့ သီချင်းကို 
ပါဝင်ဖျော်ဖြေပါမယ်။ဆုအနေနဲ့ကတော့ ရာသီအလိုက်မှာ ပိုပို့အခွေပါဝင်မှာ 
မဟုတ်ပေမယ့် တစ်နှစ်လုံးစာဆိုရင်တော့ ပိုပို့ရဲ့ “ချစ်ဖူးခဲ့သမျှ” 
အခွေပါဝင်ပါတယ်။ ဆုကတော့ ပရိသတ်တွေပေးရင်တော့ အတိုင်းထက်အလွန်ပေါ့။ 
ဒီလိုမျိုး ဂီတဆုပေးပွဲကြီး ကျင်းပ ပြုလုပ်နိုင်ဖို့အတွက် ဂီတလောက 
သားတစ်ယောက် အနေနဲ့ ဝမ်းသာပါတယ်။
ဇေရဲ
” ကျွန်တော်တို့ နိုင်ငံမှာ 
ဒီလိုမျိုးဂီတဆုပေးပွဲကြီး ပေါ်ပေါက်လာတဲ့အတွက်များစွာဂုဏ် ယူမိပါတယ်။ 
ပရိသတ်တွေအနေနဲ့လည်း ကိုယ်ချစ်တဲ့ အဆိုတော်ကို Votingပေး လို့ရသလို 
အနုပညာရှင်တွေအနေနဲ့လည်း ကိုယ့်ကို ပရိသတ်တွေ ဘယ်လောက်ချစ်သလဲဆိုတာကို 
သိခွင့်ရတဲ့အတွက် ဒါဟာ ကောင်းမွန်တဲ့အရာတစ်ခုပါ။ ခုလိုမျိုး 
ဆုပေးပွဲကြီးပေါ်ပေါက်လာတဲ့အတွက် ကျွန်တော်တို့တွေအနေ 
နဲ့လည်းရှေ့ဆက်လျှောက်ရမယ့် ဂီတလမ်းခရီးမှာ ကြိုးစားချင်စိတ်တွေ၊ အားတွေ 
ပိုမိုဖြစ် ထွန်း လာစေ ပါတယ်။ မြန်မာ ဂီတထူးချွန်ဆုပေးပွဲမှာကျွန်တော့် ရဲ့
 I,Me, My , Mine အခွေကို Vote  ပေးထားတယ်ဆိုပြီး ပြောကြတဲ့ ပရိသတ်တွေကို 
ကျွန်တော် ကျေး ဇူး တင်ပါတယ်။ ဘာပဲပြောပြော Myanmar Music Award   
ဂီတဆုပေးပွဲကြီးဟာ ဂီတလောကအတွက် ၊ ဂီတလောကသားတွေအတွက်၊ ဂီတချစ် 
ပရိသတ်တွေအတွက် အ ကျိုး ကျေးဇူးတွေ ၊ ချစ်ခင်ရင်းနှီးမှုတွေများစွာ 
ရရှိနိုင်လိမ့် မယ်လို့ မျှော်လင့်မိပါတယ်။
 






 
 
 
 
 
0 comments:
Post a Comment