Monday, February 16, 2015

စီရော်နယ်ဒို၏ လာလီဂါဟက်ထရစ် စံချိန်ကို မက်ဆီ လိုက်မီ

ဘာစီလိုနာအသင်းက လီဗန်တေးအသင်းကို ၅-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် မက်ဆီသည် သုံးဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် စီရော်နယ်ဒို၏ လာလီဂါဟက်ထရစ် သွင်းဂိုးစံချိန်ကို လိုက်မီသွားပြီ ဖြစ်သည်။ ထိုပွဲစဉ်တွင် နေမာက အဖွင့်ဂိုးကို သွင်းယူခဲ့ပြီးနောက် မက်ဆီက သုံးဂိုးသွင်းယူကာ နောက်ဆုံးအပိတ်ဂိုးကို ဆွာရက်ဇ်က သွင်းယူခဲ့သည်။



လီဗန်တေးနှင့် ပွဲသည် မက်ဆီ၏ ဘာစီလိုနာအတွက် ပွဲ ၃၀၀ ပြည့်မြောက်သည့် ပွဲလည်းဖြစ်သည်။ ယခုပွဲတွင် သုံးဂိုး သွင်းယူနိုင်ခဲ့သည့်အတွက် မက်ဆီသည် ယခုနှစ်ရာသီ ပြိုင်ပွဲစုံသွင်းဂိုး ၃၇ ဂိုးအထိရှိလာခဲ့ပြီး စီရော်နယ်ဒို၏ ၃၆ ဂိုးသွင်းယူမှုကို ကျော်ဖြတ်နိုင်ခဲ့သည်။ သို့သော် လာလီဂါတွင်မှု စီရော်နယ်ဒိုမှာ ၂၈ ဂိုးအထိ သွင်းယူထားပြီး မက်ဆီမှာ ၂၆ ဂိုး သာ ရှိသေးသည်။လီဗန်တေးနှင့် ပွဲတွင် ဟက်ထရစ် သွင်းယူနိုင်ခြင်းသည် ယခုရာသီတွင် မက်ဆီ၏ သုံးပွဲမြောက် လာလီဂါ ဟက်ထရစ်ဖြစ်သည်။ မက်ဆီသည် အက်စ်ပန်ညို၊ ဒီပို့တီဗိုတို့နှင့် ယှဉ်ပြိုင်ခဲ့သော ပွဲစဉ်များတွင်လည်း ဟက်ထရစ် သွင်းယူနိုင်ခဲ့သည်။

ဘာစီလိုနာအသင်းနည်းပြ အင်းနရစ်က 'ကျွန်တော်တို့အားလုံး ပျော်ရွှင်မှုတွေ ရရှိအောင် မက်ဆီက ပြုလုပ်ပေးပါတယ်။ သူဟာ တကယ်ကို ကြီးကျယ်ခမ်းနားတဲ့ ကစားသမားပါ' ဟု ပြောသည်။

မက်ဆီနှင့် စီရော်နယ်ဒိုတို့သည် လာလီဂါတွင် ဟက်ထရစ်ပေါင်း ၂၃ ကြိမ်စီ သွင်းယူထားကြသည်။ မက်ဆီသည် ဘာစီလိုနာ အသင်းအတွက် ပြိုင်ပွဲပေါင်းစုံတွင် ဟက်ထရစ် ၃၁ ကြိမ်အထိ သွင်းယူထားနိုင်ပြီ ဖြစ်သည်။

ရည်ညွှန်း - မာကာ

Mizzima

0 comments:

Post a Comment