Saturday, February 14, 2015

လောက်ကိုင်တိုက်ပွဲဝင်တပ်မတော်သားများထံ စာရေးသားအားပေးခဲ့တဲ့အနုပညာရှင်များ



လောက်ကိုင်မြို့တွင် ဖြစ်ပွားနေသောတိုက်ပွဲများ ကြောင့် ကျဆုံးသွားသော တပ် မတော်သားများနှင့်တိုက်ပွဲဝင် စစ်သားများအတွက် အနုပညာရှင်များကအားပေးစာများရေး သားကာ လေကြောင်းမှတစ်ဆင့်ပေးပို့ ခဲ့ကြောင်း ခိုင်သင်းကြည်က ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။‘‘မခိုင်လေးတို့ အနုပညာရှင် များက တိုက်ပွဲဝင်စစ်သည်များ အတွက် ရန်ကုန်တိုင်းစစ်ဌာနချုပ် က ရိက္ခာပို့မယ့်ရဟတ်ယာဉ်နဲ့ ဒီနေ့ည စာလေးတွေရေးပြီးပို့ပေး လိုက်ပါတယ်ရှင်’’ဟု သရုပ် ဆောင်ခိုင်သင်းကြည်က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖေ ဖော်ဝါရီ ၁၃ ရက်ညကရေးသား ထားသည်။

ခိုင်သင်းကြည်နှင့်အတူ မေသန်းနု၊ ရဲအောင်၊ ကျော်ကျော် ဗို၊ စည်သူမောင်တို့ကလည်း အဆိုပါတိုက်ပွဲများတွင် ကျဆုံး သွားသောတပ်မတော်သားများ အတွက် ဂုဏ်ပြုဝမ်းနည်းရပြီး စစ်ပွဲများအမြန်ဆုံးပြီးဆုံးစေလို ကြောင်း အားပေးဆုတောင်း စကားများ ရေးသားထားကြ သည်။

ယင်းအစီအစဉ်တွင် ဒါရိုက် တာမောင်မျိုးမင်း၊ ပိုင်ဇေရဲထွန်း၊ ဇာနည်၊ ဇင်ဇင်ဇော်မြင့်တို့က လည်း တပ်မတော်သားများ အတွက် ဆုတောင်းစကားများ၊ အားပေးစကားများ ရေးသားခဲ့ ကြသည်။

အဆိုပါအစီအစဉ်ကို ပိုင် ဇေရဲထွန်း၏ဇနီးဖြစ်သူက စီစဉ် ခြင်းဖြစ်ပြီး အထက်ပါကဲ့သို့ စာပို့ သည့်အစီအစဉ်ကို ဒုတိယအကြိမ်ပြုလုပ်ရန်ရှိကြောင်းသတင်းရရှိ သည်။


7Day Daily

0 comments:

Post a Comment