Thursday, February 12, 2015

လောက်ကိုင်မြေအား သွေးစွန်းစေခဲ့တဲ့ ဖုန်ကြားရှင်ရဲ့ ကိုးကန့်အဖွဲ့ကို ပြည်သူတို့အလိုမရှိ


တိုက်ပွဲတွေဖြစ်ခဲ့တဲ့ လောက်ကိုင်မြေကို အရုပ်ဆိုးအကျည်းတန်အောင်လုပ်ခဲ့တာ ဖုန်ကြားရှင်ဆိုတာ ဒေသခံ အားလုံး လက်ခံလိုက်ကြတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ကိုးကန့်လူမျိုးတွေရဲ့ လူနေမှုဘ၀ မြင့်မား တိုးတက်အောင် အားယူပြင်ဆင်နေချိန်မှာ မထင်မှတ်တဲ့ဂြိုလ်ဆိုးဝင်လာတယ်လို့ပဲပြောချင်ပါတယ်။ ပြီးတော့ ဖုန်ကြားရှင်ကို ကျွန်တော်တို့ဒေသခံတွေက အသိအမှတ်မပြုတော့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ ဖုန်ကြားရှင်ဟာ တစ်ကိုယ်ကောင်းသမားပီပီ ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့တာ ၅ နှစ်ကျော် ကာလရောက်ခဲ့ပြီလေ။ ကိုးကန့်ဒေသအတွက် သူဘာမှလုပ်မပေးခဲ့ဘူး။ သူပေးခဲ့တဲ့ မူးယစ်ဆေးဝါးအမွေဆိုးကို ကိုးကန့်လူငယ်တွေ ခါးစီးခံခဲ့ကြရတယ်။

တကယ်တော့ ဖုန်ကြားရှင်ဟာ ဘိန်းဘုရင်တစ်ဦးပါ။ ဘိန်းစိုက်၊ မူးယစ်ဆေးဝါးရောင်းပြီး ချမ်းသာလာတဲ့အတ္တသမားပါ။ ပြီးရင် ယူထားလိုက်တဲ့မိန်းမတွေကလည်း မရေမတွက် နိုင်အောင်ပါပဲ။ သူ့လိုလူမျိုးက အခုမှ ကိုးကန့်ဒေသကို ဘာပြန်လုပ်ချင်ရတာလဲ။

သူ့ကြောင့် တည်ငြိမ်အေးချမ်းနေတဲ့ လောက်ကိုင်နယ်မြေမှာ တိုက်ပွဲတွေပြန်ဖြစ်နေပြီ။ တိုက်ပွဲဖြစ်ပြီဆိုတာနဲ့ အဓိကဒုက္ခရောက်သူတွေက ပြည်သူတွေပါ။ ကံမကောင်းလို့ တိုက်ပွဲကြားထဲညပ်ရင် အသက်ပါပျောက်ရဦး မယ်။ အခု အိုးအိမ်စွန့်ပြီး ဘေးလွတ်ရာမှာ ပုန်းနေရတယ်။ တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရမှုတွေကလည်း တောက်လျှောက်ကြားနေရတယ်။ တိုက်ပွဲမှာကျဆုံးသွားတဲ့ စစ်သည်မိသားစုတွေကို တကယ်ပဲကိုယ်ချင်းစာမိ ပါတယ်။

ဒါဟာ ဖုန်ကြားရှင်ရဲ့ သွေးရူးသွေးတန်းလုပ်ရပ်ကြောင့်ဖြစ်ပါတယ်။ ကိုးကန့်အဖွဲ့ရဲ့နောက်မှာ သူ့သမက် စိုင်းလင်း ကလဲ ကူညီတယ်။ “၀” အဖွဲ့ကလည်း မသိမသာဝင်ပါနေတယ်လို့ သိရတယ်။ KIA နဲ့ TNLA အဖွဲ့ တွေတောင်ပါလာတယ်။ လောက်ကိုင်နယ်မြေကို မငြိမ်းချမ်းအောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေတာဖြစ်ပါတယ်။ အဲဒီတိုက်ပွဲတွေ ဘယ်တော့အဆုံးသတ်မလဲ ဖုန်ကြားရှင်လို သက်ကြားအိုကို ဖြစ်နိုင်ရင် ကိုးကန့်နယ်မြေထဲ ခြေကို အချမခံနိုင်ဘူး။ သူ့ကြောင့် လောက်ကိုင်မြေမှာ သွေးစွန်းခဲ့ရပြီလေ။

ဖုန်ကြားရှင် အခုလို ပြန်တိုက်နိုင်အောင် တရုတ်က ကူညီတာပဲဖြစ်မယ်။ တရုတ်အားကိုးနဲ့ သူတို့တိုက်ပေမဲ့ ကိုးကန့်ပြည်သူတွေက လက်မခံနိုင်ဘူး။ အရင်ကလို မငြိမ်းချမ်းတဲ့ဘ၀ကို ပြန်မရောက်ချင်တော့ဘူး။ မူးယစ် ဆေးဝါးရဲ့သားကောင်ဘ၀ကို လူငယ်တွေပြန်မရောက်စေချင်ဘူး။ အခြားပြည်နယ်ဒေသတွေနဲ့ယှဉ်ရင် ကိုးကန့် ဒေသဟာ နောက်ကျနေတုန်းပဲ။ အမီလိုက်ဖို့ အားယူနေဆဲအချိန်မှာ ခုလိုတိုက်ပွဲတွေပြန်ဖြစ်တော့ အားယုတ် သွားရပြန်ပါပြီ။ ကိုးကန့်ဒေသအတွက်ကောင်းကျိုးမပေတဲ့ ဖုန်ကြားရှင်ကို လုံးဝလက်မခံနိုင်ဘူးလို့ပဲ ပြောချင် တယ်။

အချုပ်ပြောရရင် လောက်ကိုင်နယ်မြေက တိုက်ပွဲတွေကို အဆုံးသတ်စေချင်ပြီ။ ငြိမ်းချမ်းစေချင်ပြီ။ ဖွံ့ဖြိုး တိုးတက်စေချင်ပြီ။ လက်ရှိတည်ငြိမ်အေးချမ်းမှုတွေကို ဖုန်ကြားရှင်ကြောင့် အပျက်စီးမခံနိုင်ဘူး။ ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်အဖွဲ့အပါအ၀င် အပေါင်းအပါတွေကိုပါ ထိထိရောက်ရောက်တိုက်ခိုက်ပေးပါလို့ တောင်းဆို ချင်ပါတယ်။ တစ်ဆက်တည်းပြောချင်တာက လောက်ကိုင်မြေအား သွေးစွန်းစေခဲ့တဲ့ ဖုန်ကြားရှင်ရဲ့ ကိုးကန့် အဖွဲ့ကို ဒေသခံပြည်သူတို့က အလိုမရှိပါကြောင်း ရေးသားလိုက်ရပါတယ်။


ကောင်းသွင်ခန့်
Today Myanmar

0 comments:

Post a Comment