
ကလေးမွေးပြီးတဲ့အချိန် အမျိုးသမီးတွေရဲ့ဆီးလမ်းကြောင်းဟာ သူ့ခံနိုင်အား အဆုံးစွန်ထိ ဆန့်ထုတ်ဆွဲငင် တွန်းထုတ်ခံခဲ့ရတာဖြစ်ပြီး မတော်ရင် ပြဲထွက် ဒါမှမဟုတ် ကွဲတောင်ကွဲနေနိုင်ပါသေးတယ်။ဒါ့ကြောင့်လဲ ဆရာဝန်အများစုက မိခင်တွေကို ကလေးမွေးပြီး ၆ ပတ်အထိ ဘာမှမလုပ်သေးလဲ နားနားနေနေ နေထိုင်ဖို့ အကြံပြုထားတာပဲဖြစ်ပါတယ်။ ၆ ပတ် (နာရီပေါင်း ၁,၀၀၈ နာရီ) ဆိုတာ အင်မတန်ရှည်ကြာတဲ့ ကာလဆိုပေမယ့် သားအိမ်လမ်းကြောင်းက အရင်လို ပြန်ဖြစ်ဖို့ အလုပ်လုပ်နေရချိန်...