Tuesday, May 5, 2015

မျိုးစောင့်ဥပဒေကြမ်းများပြဋ္ဌာန်းရန် ကြိုးပမ်းခြင်းကို စိုးရိမ်ကြောင်း သူရဦးရွှေမန်းကို ကန်အစိုးရ ပြောကြား


ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းဦးဆောင်သောအဖွဲ့နှင့် အမေရိကန်အစိုးရကိုယ်စားလှယ်အဖွဲ့တို့ ဝါရှင်တန်မြို့တွင် တွေ့ဆုံဆွေးနွေးစဉ် (H.E. Thura U Shwe Mann's Facebook)

လွတ်လပ်စွာကိုးကွယ် ခွင့်ကို ထိခိုက်နိုင်ကြောင်း ဝေဖန် မှုများကြုံနေရသည့် မျိုးစောင့် ဥပဒေကြမ်းများ ပြဋ္ဌာန်းနိုင်ရန် ကြိုးပမ်းနေခြင်းကို စိုးရိမ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထား ချက်အရ သိရသည်။

အမေရိကန်ပြည်ထောင်စု သို့ ချစ်ကြည်ရေးခရီးရောက်ရှိစဉ် ပြည်ထောင်စုလွှတ်တော် နာယ က သူရဦးရွှေမန်းကို အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင့်ကန်က မျိုးစောင့် ဥပဒေကြမ်းများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုအား ထုတ်ဖော်ပြော ကြားခဲ့ခြင်းဖြစ်သည်။ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် အမေရိ ကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင့်ကန်တို့သည် မေ လ ၄ ရက်တွင် ဝါရှင်တန်မြို့တော် ၌ တွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံမှုတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ပေးရန်၊ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် သင့်မြတ်ရေးနှင့် လူ့အခွင့်အရေးကိစ္စများကို အလေးအနက်ထားပြီး ဆောင်ရွက်ရန် လိုအပ်ကြောင်း သူရဦးရွှေမန်းကို တိုက်တွန်းဆွေးနွေးခဲ့သည်။

ကိုးကွယ်ရာ ဘာသာကူး ပြောင်းခြင်းနှင့် သက်ဆိုင်သည့် ဥပဒေကြမ်းနှင့် မြန်မာအမျိုးသမီး များ လက်ထပ်ထိမ်းမြားခြင်းဆိုင် ရာနှင့် သက်ဆိုင်သည့် ဥပဒေ ကြမ်းများအပါအဝင် မျိုးစောင့်ဥ ပဒေများဟု မြန်မာနိုင်ငံတွင် လူ သိများသည့် ဥပဒေကြမ်းလေးခု ကို နေပြည်တော်ရှိ လွှတ်တော် တွင် စတင်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

သူရဦးရွှေမန်း၏ အမေရိ ကန် ပြည်ထောင်စုခရီးစဉ်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေး၊ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လာ မည့် ရွေးကောက်ပွဲတွင် သမ္မတ နေရာ ဝင်ရောက်ယှဉ်ပြိုင်ရရေး အတွက် ဆောင်ရွက်ပေးရန်နှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကို လွတ်လပ်ပြီး တရားမျှတစွာ ကျင်းပပေးရေးတို့ကို တိုက်တွန်း ပြောဆိုမှုများရှိခဲ့သည်။

အမေရိကန်လွှတ်တော်ဥက္က ဌ၏ဖိတ်ကြားချက်အရ ပြည် ထောင်စုလွှတ်တော်နာယက သူရ ဦးရွှေမန်းသည် အမေရိကန်ပြည် ထောင်စုသို့ ဧပြီ ၂၉ ရက်တွင် သွားရောက်ခဲ့ကာ ခရီးစဉ်မှာ လေး ရက်ခန့်ကြာမြင့်မည်ဖြစ်ပြီးမြန်မာ့အရေးဆောင်ရွက်နေသော အမေရိကန်ပြည်ထောင်စု အထက် လွှတ်တော်အမတ်များနှင့်လည်း တွေ့ဆုံခဲ့သည်။

7Day Daily

0 comments:

Post a Comment