Tuesday, May 5, 2015

ရွေးကောက်ပွဲမတိုင်မီ အခြေခံဥပဒေပြင်ဆင်နိုင်ရန် ကြိုးပမ်းနေကြောင်း သူရဦးရွှေမန်း ပြောကြား


ရန်ကုန်မြို့တွင် အခြေခံဥပဒေပြင်ဆင်ရေး တောင်းဆိုခဲ့ကြစဉ်က (ဓာတ်ပုံ − ကျော်ဇင်သန်း)

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ၂၀၁၅ ရွေး ကောက်ပွဲမကျင်းပမီ ပြင်ဆင်နိုင် ရန် ကြိုးပမ်းနေကြောင်း ပြည် ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။

‘‘၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ (သို့မဟုတ်) ရွေးကောက်ပွဲ နောက်ဆုံးကာလအထိ ရွေး ကောက်ပွဲရက်အတွင်းပေါ့။ ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကိစ္စများကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်မှာ ဖြစ်ပါတယ်’’ဟု သူရဦးရွှေမန်းက ပြောသည်။အဆိုပါ အခြေခံဥပဒေပြင် ဆင်ရေးကိစ္စရပ်နှင့် ပတ်သက်၍ လက်ရှိကျင်းပဆဲဖြစ်သော (၁၂) ကြိမ်မြောက် ပုံမှန်လွှတ်တော်အ စည်းအဝေးတွင် ဆက်လက် ဆောင်ရွက်မည်ဖြစ်ကာ ပြည်သူ့ ဆန္ဒခံယူပွဲပြုလုပ်ရမည့် အချက် များ ပြင်ဆင်ဖြစ်ပါက ရွေးကောက်ပွဲကာလမတိုင်မီ ပြုလုပ်နိုင်မှသာ ရည်မှန်းချက်အတိုင်း ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယကက ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စု တွင် ရောက်ရှိနေသော ပြည် ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းအား အမေရိကန်အခြေ စိုက် ဗီအိုအေအသံလွှင့်ဌာနက တွေ့ဆုံမေးမြန်းခဲ့ရာတွင် သူရဦးရွှေမန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

အခြေခံဥပဒေပြင်ဆင်ရေး နှင့် ပတ်သက်၍ အားလုံးသိရှိသည့်အတိုင်း အခက်အခဲများရှိသော် လည်း ယင်းအခက်အခဲများကို ကျော်လွှားနိုင်ရန် မိမိတို့ အားလုံး ကြိုးစားဆောင်ရွက်နေကြောင်း လည်း ၎င်းက ပြောကြားသည်။

ယင်းကိစ္စရပ်ကို ကျင်းပဆဲဖြစ်သည့် (၁၂) ကြိမ်မြောက် လွှတ်တော်များ စတင်ကျင်းပသည့် ကာလကပင် တင်သွင်းရန်ဖြစ်သော်လည်း တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်သားလွှတ်တော်ကိုယ်စားလှယ်များအကြား သဘောထားကွဲလွဲနေသည့် အချက်အလက်များ ညှိနှိုင်းနိုင်ရန် ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲရလဒ် စောင့်ဆိုင်းနေ၍ ကြန့်ကြာနေခြင်းဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က ပြောသည်။

‘‘ဒါပေမဲ့ ကျွန်တော့်တစ်ဦး တည်းသဘောကတော့ ခြောက် ပွင့်ဆိုင်ကို စောင့်နေတယ်ထင် တယ်။ အဲဒီက ရလာမယ့် ရလဒ် တွေကို ထည့်သွင်းနိုင်ဖို့လားတော့ မသိဘူး’’ဟု အခြေခံဥပဒေပြင် ဆင်နိုင်မှု လေ့လာသုံးသပ်ရေး ကော်မတီ အတွင်းရေးမှူး၊ လွှတ် တော်ကိုယ်စားလှယ် ဦးအေးမောက်က ပြောသည်။

ယခုလ ၁၁ ရက်တွင် ပြန် လည်ကျင်းပမည့် လွှတ်တော်အ စည်းအဝေးများ၌ အခြေခံဥပ ဒေပြင်ဆင်ခြင်းကို အဓိကထား ဆောင်ရွက်မည်ဖြစ်ပြီး အခြားဥပ ဒေများမှာ အပြီးသတ်ရန်သာ ကျန်ရှိတော့ကြောင်း ဥပဒေကြမ်းပူး ပေါင်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောကြားထား သည်။

7Day Daily

0 comments:

Post a Comment