Tuesday, May 5, 2015

ကားလည်း ဆန္ဒပြပြီ


မန္တလေး နာမည်ပေါက်မဟုတ်သော ကားများကို မြို့ဝင်ကြေးအဖြစ် ကားတန်ချိန်အလိုက် ၂၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်အထိ မေလ တစ်ရက်နေ့မှလေးရက်နေ့ထိ မန်းစည်ပင်မှ ကောက်ခံခြင်းအား ကန့်ကွက်သောအားဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမရှေ့တွင် ယနေ့ ၅. ၅. ၂၀၁၅ မွန်းလွဲ တနာရီက မြို့ဝင်ကြေး ကောက်ခံသည့်စာရွက်ကို ကြက်ခြေခတ်ကာ ကားနံဘေးတွင် ကပ်ပြီး ကားသုံးစီးဖြင့် ဆန္ဒဖော်ထုတ်မှုပြုလုပ်ခဲ့သည်။ မြို့ဝင်ကြေး ကောက်ခံမှု လျှော့ချ မပေးမချင်း တပတ်တကြိမ် စည်ပင်ရုံးအား ကားများဖြင့် စီတန်းဆန္ဒပြသွားမည်ဖြစ်ကြောင်း ဆန္ဒပြသူတဦးဖြစ်သည့် ဦးနေဝင်းအောင်ကပြောသည်။ ရန်ကုန်နာမည်ပေါက်ကားများကို မန္တလေးနာမည်ပေါက်ကားအဖြစ် ပြောင်းလဲသက်မှတ်ရန်အတွက် အချိန်တလပေးမည်ဖြစ်ပြီး ယခုလကုန်တွင် မြို့ဝင်ကြေးများ ပြန်လည်ကောက်ခံသွားမည်ဖြစ်ကြောင်း မန်းစည်ပင်မှ ကြေညာချက် ထုတ်ထားသည်။
ဖိုးစမ်းချောင်း (GG)
ဧရာဝတီ

0 comments:

Post a Comment