Tuesday, May 5, 2015

ဘိုင်ယန်နည်းပြ ဂွာဒီယိုလာ အသင်းဟောင်းနှင့် ပြန်လည်ရင်ဆိုင်မည်


ယနေ့ည ချန်ပီယံ လိဂ် အကြိုဗိုလ်လုပွဲတွင် ဘိုင် ယန်မြူးနစ်အသင်း နည်းပြ ဂွာဒီ ယိုလာမှာ အသင်းဟောင်း ဘာစီ လိုနာ၏ နျူးကမ့်ကွင်းသို့ ပြန်သွား မည်ဖြစ်သည်။

အသင်း၏ အကြီးကျယ်ဆုံး နည်းပြဟု ၎င်းတို့ ကြွေးကြော်ခဲ့ သော ဂွာဒီယိုလာက ပြိုင်ဘက် အသင်းဘက်မှ ဘာကာ၏ ဖလားသုံးလုံး ကြိုးပမ်းမှုကို လမ်းလွှဲအောင်လုပ်မည်ဖြစ်၍ ဘာကာပရိသတ်များ ခံစားချက် များ ရောထွေးနေနိုင်သည်။ဂွာဒီယိုလာသည် ဘာစီလို နာတွင် နည်းပြခဲ့စဉ်က ဥရောပ ဖလား နှစ်ကြိမ်အပါအ၀င် ဆု ဖလား ၁၄ လုံး ရရှိခဲ့သည်။

ဂွာဒီယိုလာနှင့် ဘာကာ၏ လက်ရှိနည်းပြ လူးဝစ်အန်ရစ်မှာ ဘာစီလိုနာအသင်းဖော်များ ဖြစ် ခဲ့ပြီး ကစားသမားဘ၀ ကုန်ဆုံး ချိန်၌ ဘာစီလိုနာ အသင်းကို နည်းပြခဲ့သူများဖြစ်သည်။

၂၀၁၃ ချန်ပီယံလိဂ် အကြို ဗိုလ်လုပွဲတွင် ဘိုင်ယန်က ဘာစီ လိုနာကို နှစ်ပွဲပေါင်း ခုနစ်ဂိုးပြတ် ဖြင့် ချေမှုန်းခဲ့သည်။

ဘိုင်ယန်ဂိုးသမား မယ်နျူ ရယ်နျူအာက ဘာကာတိုက်စစ် မှူးမက်ဆီနှင့် တွေ့ဆုံချိန်တွင် မည်သူက သြဇာကြီးသည်ကို ပြသမည်ဟု ပြောကြားထား သည်။

ကမ္ဘာ့ဖလားတွင် ဂျာမနီက အာဂျင်တီးနားကို အနိုင်ရရှိပြီး နောက် ၎င်းတို့နှစ်ဦး ပထမအ ကြိမ် ပြန်လည် ရင်ဆိုင်တွေ့ကြ ခြင်းဖြစ်သည်။

ကမ္ဘာ့ဖလားမှာကဲ့သို့ မက် ဆီ တိတ်ဆိတ်ငြိမ်သက်နေ အောင်လုပ်နိုင်မည်ဟု မျှော်လင့် ကြောင်း ဘိုင်ယန်ဂိုးသမားက ပြောသည်။

ဘာစီလိုနာကွင်းလယ်လူ မာရှေယာနိုကမူ အင်အားချင်းညီ မျှနေသော အသင်းနှစ်သင်းတွင် အသေးစိတ်ပြင်ဆင်မှုများက အ သာစီးရနိုင်သည်ဟု ပြောသည်။

ဘိုင်ယန်မှာ ပြည်တွင်းပွဲများ တွင် လတ်တလောရှုံးပွဲ နှစ်ပွဲ တွေ့ထားပြီး ဘာကာမှာမူ ခြေ စွမ်း ဆက်လက်ပြနေသည်။

—Ref: Goal/AP
7Day Daily

0 comments:

Post a Comment