Wednesday, December 4, 2019

အိုးလ်ထရက်ဖို့ဒ်အပြန်ခရီးမှာ ရှုံးပွဲစတွေ့ခဲ့တဲ့ မော်ရင်ဟိုနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၁၅)ရလဒ်များ

Image may contain: 2 people, people playing sports, stadium and outdoor

ဒီဇင်ဘာလ (၄)ရက်က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၁၅)မှာတော့ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ် နိုင်ပွဲဆက်ခဲ့ပြီး မော်ရင်ဟိုရဲ့ စပါးကတော့ အိုးလ်ထရက်ဖို့ဒ်မှာ ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီဇင်ဘာလ (၄)ရက်က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၁၅)မှာတော့ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ် နိုင်ပွဲဆက်ခဲ့ပြီး မော်ရင်ဟိုရဲ့ စပါးကတော့ အိုးလ်ထရက်ဖို့ဒ်မှာ ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

မာဆေးဆိုက်ဒါဘီဖြစ်ပေမယ့် ဆာလ်ဇ်ဘာ့ဂ်နဲ့ ချန်ပီယံလိဂ်ပွဲကစားဖို့ရှိလို့ လီဗာပူးလ်အသင်းအနေနဲ့ ဖေမီနို၊ ဆာလာ၊ ဟန်ဒါဆင်တို့ကို အနားပေးခဲ့ပေမယ့် အဲဗာတန်ကို (၅-၂)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ အဲဗာတန်ကို ပွဲစကတည်းက ဒုက္ခပေးနိုင်ခဲ့ပြီး ပွဲအစ (၆)မိနစ်မှာ အိုရီဂီက အဖွင့်ဂိုးသွင်းယူခဲ့ပါတယ်။ အိုရီဂီအနေနဲ့ အန်ဖီးလ်မှာ အဲဗာတန်နဲ့ တွေ့ဆုံတဲ့ (၄)ပွဲမှာ (၄)ဂိုး မြောက်သွင်းဂိုးလည်း ဖြစ်ပါတယ်။ ပွဲချိန် (၁၇)မိနစ်မှာတော့ ရှာကီရီက မာနေးရဲ့ပေးပို့မှုက ဒုတိယဂိုးသွင်းယူခဲ့ပေမယ့် နောက် (၂)မိနစ်အကြာဖြစ်တဲ့ ပွဲချိန် (၂၁)မိနစ်မှာ မိုက်ကယ်ကိန်းက အဲဗာတန်အတွက် ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။
ဒါပေမဲ့ အဲဗာတန်ဟာ လီဗာပူးလ်တိုက်စစ်ကို ထိန်းနိုင်ခြင်းမရှိဘဲ ပွဲချိန် (၃၁)မိနစ်မှာ အိုရီဂီ၊ ပွဲချိန် (၄၅)မိနစ်မှာ မာနေတို့ရဲ့ ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး ပထမပိုင်းနာကျင်အချိန်ပိုမှာတော့ ရစ်ချာလီဆန်က အဲဗာတန်အတွက် ဒုတိယချေပဂိုး သွင်းယူခဲ့လို့ လီဗာပူးလ်တို့ ပထမပိုင်းမှာတင် (၄-၂)ဂိုးနဲ့ နိုင်နေခဲ့တာပါ။
ဒုတိယပိုင်းမှာလည်း လီဗာပူးလ်ကပဲ ဖိကစားခဲ့ပြီး ဂိုးသွင်းခွင့်ရခဲ့ပေမယ့် အသုံးချနိုင်ခဲ့ခြင်းမရှိသလို၊ အဲဗာတန်ရဲ့ တန်ပြန်တိုက်စစ်တွေကလည်း လီဗာပူးလ်ကို ထိထိရောက်ရောက် ခြိမ်းခြောက်နိုင်ခဲ့ခြင်းမရှိပါဘူး။ လီဗာပူးလ်အတွက် နောက်ဆုံးအနိုင်ဂိုးကိုတော့ ပွဲပြီးခါနီးမှာ ဖေမီနိုရဲ့ ဖန်တီးမှုကနေ ဝိုင်နယ်လ်ဒမ်းက သွင်းယူလို့ ပွဲအပြီးမှာ လီဗာပူးလ်က (၅-၂)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
ဒီနိုင်ပွဲဟာ လီဗာပူးလ်နည်းပြ ကလော့ပ်အတွက် ပရီးမီးယားလိဂ် (၁၅၉)ပွဲမှာ ပွဲ (၁၀၀)မြောက် နိုင်ပွဲဖြစ်ခဲ့ပြီး အသင်းသမိုင်းမှာ ပွဲအနည်းဆုံးနဲ့ နိုင်ပွဲ(၁၀၀)ပြည့်မြောက်တဲ့ နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
မော်ရင်ဟိုရဲ့ အိုးလ်ထရက်ဖို့ဒ်အပြန်ခရီးကတော့ စိတ်ဝင်စားစရာကောင်းခဲ့ပြီး မန်ယူအသင်းက နည်းပြဟောင်း မော်ရင်ဟိုရဲ့ စပါးကို ရက်ရှ်ဖို့ဒ်ရဲ့ သွင်းဂိုးတွေနဲ့အတူ (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။နှစ်သင်းစလုံး အဓိက ကစားသမားအစုံအလင်နဲ့ ပွဲထွက်ခဲ့ကြပြီး အနိုင်ရလဒ်အတွက် နှစ်သင်းစလုံး အားထုတ်ခဲ့တာကြောင့် ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပါတယ်။
မန်ယူအသင်းဟာ အိမ်ကွင်းမှာ ပွဲစပြီး သိပ်မကြာခင်မှာပဲ အဖွင့်ဂိုးရခဲ့ပါတယ်။ အဲဒီဂိုးကို ရပ်ရှ်ဖို့ဒ်က ပွဲချိန် (၆)မိနစ်မှာ ကန်သွင်းယူခဲ့တာဖြစ်ပြီး ပွဲအစပိုင်းမှာတင် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဂိုးပေးလိုက်ရပြီးနောက် စပါးအသင်း ဖိကစားခဲ့ပေမယ့် မန်ယူအသင်းက အခွင့်အရေး ပိုရခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ချေပဂိုးရဖို့ ကြိုးစားနေတဲ့ စပါးအသင်းအတွက် ပွဲချိန် (၃၉)မိနစ်မှာတော့ ဒယ်လီအယ်လီက ချေပဂိုး သွင်းယူပေးခဲ့လို့ ပထမပိုင်းမှာ (၁-၁)ဂိုး ဖြစ်နေခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ မန်ယူအသင်း အနိုင်ဂိုးရဖို့ ကြိုးစားခဲ့ပြီး ပွဲချိန် (၄၉)မိနစ်မှာ ရပ်ရှ်ဖို့ဒ်ကြောင့် ပယ်နယ်တီ ရခဲ့ပါတယ်။ ပယ်နယ်တီဧရိယာထဲ ဝင်လာတဲ့ ရပ်ရှ်ဖို့ဒ်ကို စပါးကစားသမား တားဆီးရာမှာ ကြမ်းတမ်းခဲ့တာကြောင့် မန်ယူအသင်း ပယ်နယ်တီရခဲ့တာဖြစ်ပြီး အဲဒီပယ်နယ်တီကို ရပ်ရှ်ဖို့ဒ်ပဲ ကန်သွင်းယူခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ မန်ယူအသင်းအတွက် နောက်ဆုံး (၁၀)ပွဲမှာ ဂိုးပါဝင်သက်မှု (၁၁)ကြိမ် (၉ ဂိုးသွင်း၊ ၂ ဂိုးဖန်တီး)အထိ ရှိခဲ့ပါတယ်။
ကျန်ပွဲချိန်တွေမှာ တစ်ဖက်နဲ့ တစ်ဖက် ထိုးဖောက်တိုက်စစ်ဆင်မှုတွေ ပြုလုပ်ခဲ့ပြီး အခွင့်အရေးကိုယ်စီ ရခဲ့ကြပေမယ့် အသုံးချနိုင်ခဲ့ခြင်းမရှိလို့ ပွဲအပြီးမှာ မန်ယူအသင်းက (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
စပါးအသင်းကတော့ နည်းပြသစ် မော်ရင်ဟိုရဲ့ ပြိုင်ပွဲစုံ (၄)ပွဲမြောက်မှာ ရှုံးပွဲကြုံတွေ့ခဲ့ရတာဖြစ်ပြီး မော်ရင်ဟိုအနေနဲ့ မန်ယူနဲ့ တွေ့ဆုံတဲ့ နောက်ဆုံး (၅)ပွဲဆက် နိုင်ပွဲပျောက်ဆုံး(၃ ပွဲသရေ၊ ၂ ပွဲရှုံး)ခဲ့တာလည်း ဖြစ်ပါတယ်။
အမှတ်ပေးဇယား ဒုတိယနေရာမှာ ရှိနေတဲ့ လက်စတာကတော့ အိမ်ကွင်းမှာ ဝက်ဖို့ဒ်အသင်းကို ဗာဒီ၊ မတ်ဒီဆန်တို့ရဲ့ ဂိုးတွေကြောင့် (၂-၀)ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ချယ်လ်ဆီးအသင်းကလည်း အိမ်ကွင်းမှာ အေဘရာဟမ်၊ မေဆန်မောင့်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အိမ်ကွင်းမှာ အက်စတွန်ဗီလာအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
■ ပရီးမီးယားလိဂ် ပွဲစဉ်(၁၅)ရလဒ်များ
လက်စတာ ၂-၀ ဝက်ဖို့ဒ်
မန်ယူ ၂-၁ စပါး
ဝုလ်ဗ် ၂-၀ ဝက်စ်ဟမ်း
ချယ်လ်ဆီး ၂-၁ အက်စတွန်ဗီလာ
ဆောက်သမ်တန် ၂-၁ နောဝစ်ချ်
လီဗာပူးလ် ၅-၂ အဲဗာတန်
Image may contain: 2 people, people playing sports, stadium and outdoor
Image may contain: 10 people, outdoor
Image may contain: 3 people, people playing sports, stadium and outdoor
Image may contain: 1 person, playing a sport, stadium and outdoor
Image may contain: 2 people, people smiling, people playing sports, stadium and outdoor

<<Zawgyi>>
အိုးလ်ထရက်ဖို့ဒ်အပြန်ခရီးမှာ ရှုံးပွဲစတွေ့ခဲ့တဲ့ မော်ရင်ဟိုနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၁၅)ရလဒ်များ
Thursday, December 5 , 2019

ဒီဇင်ဘာလ (၄)ရက်က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၁၅)မှာတော့ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ် နိုင်ပွဲဆက်ခဲ့ပြီး မော်ရင်ဟိုရဲ့ စပါးကတော့ အိုးလ်ထရက်ဖို့ဒ်မှာ ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီဇင်ဘာလ (၄)ရက်က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၁၅)မှာတော့ အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ် နိုင်ပွဲဆက်ခဲ့ပြီး မော်ရင်ဟိုရဲ့ စပါးကတော့ အိုးလ်ထရက်ဖို့ဒ်မှာ ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
မာဆေးဆိုက်ဒါဘီဖြစ်ပေမယ့် ဆာလ်ဇ်ဘာ့ဂ်နဲ့ ချန်ပီယံလိဂ်ပွဲကစားဖို့ရှိလို့ လီဗာပူးလ်အသင်းအနေနဲ့ ဖေမီနို၊ ဆာလာ၊ ဟန်ဒါဆင်တို့ကို အနားပေးခဲ့ပေမယ့် အဲဗာတန်ကို (၅-၂)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ အဲဗာတန်ကို ပွဲစကတည်းက ဒုက္ခပေးနိုင်ခဲ့ပြီး ပွဲအစ (၆)မိနစ်မှာ အိုရီဂီက အဖွင့်ဂိုးသွင်းယူခဲ့ပါတယ်။ အိုရီဂီအနေနဲ့ အန်ဖီးလ်မှာ အဲဗာတန်နဲ့ တွေ့ဆုံတဲ့ (၄)ပွဲမှာ (၄)ဂိုး မြောက်သွင်းဂိုးလည်း ဖြစ်ပါတယ်။ ပွဲချိန် (၁၇)မိနစ်မှာတော့ ရှာကီရီက မာနေးရဲ့ပေးပို့မှုက ဒုတိယဂိုးသွင်းယူခဲ့ပေမယ့် နောက် (၂)မိနစ်အကြာဖြစ်တဲ့ ပွဲချိန် (၂၁)မိနစ်မှာ မိုက်ကယ်ကိန်းက အဲဗာတန်အတွက် ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။
ဒါပေမဲ့ အဲဗာတန်ဟာ လီဗာပူးလ်တိုက်စစ်ကို ထိန်းနိုင်ခြင်းမရှိဘဲ ပွဲချိန် (၃၁)မိနစ်မှာ အိုရီဂီ၊ ပွဲချိန် (၄၅)မိနစ်မှာ မာနေတို့ရဲ့ ဂိုးတွေကို ခွင့်ပြုခဲ့ရပြီး ပထမပိုင်းနာကျင်အချိန်ပိုမှာတော့ ရစ်ချာလီဆန်က အဲဗာတန်အတွက် ဒုတိယချေပဂိုး သွင်းယူခဲ့လို့ လီဗာပူးလ်တို့ ပထမပိုင်းမှာတင် (၄-၂)ဂိုးနဲ့ နိုင်နေခဲ့တာပါ။
ဒုတိယပိုင်းမှာလည်း လီဗာပူးလ်ကပဲ ဖိကစားခဲ့ပြီး ဂိုးသွင်းခွင့်ရခဲ့ပေမယ့် အသုံးချနိုင်ခဲ့ခြင်းမရှိသလို၊ အဲဗာတန်ရဲ့ တန်ပြန်တိုက်စစ်တွေကလည်း လီဗာပူးလ်ကို ထိထိရောက်ရောက် ခြိမ်းခြောက်နိုင်ခဲ့ခြင်းမရှိပါဘူး။ လီဗာပူးလ်အတွက် နောက်ဆုံးအနိုင်ဂိုးကိုတော့ ပွဲပြီးခါနီးမှာ ဖေမီနိုရဲ့ ဖန်တီးမှုကနေ ဝိုင်နယ်လ်ဒမ်းက သွင်းယူလို့ ပွဲအပြီးမှာ လီဗာပူးလ်က (၅-၂)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
ဒီနိုင်ပွဲဟာ လီဗာပူးလ်နည်းပြ ကလော့ပ်အတွက် ပရီးမီးယားလိဂ် (၁၅၉)ပွဲမှာ ပွဲ (၁၀၀)မြောက် နိုင်ပွဲဖြစ်ခဲ့ပြီး အသင်းသမိုင်းမှာ ပွဲအနည်းဆုံးနဲ့ နိုင်ပွဲ(၁၀၀)ပြည့်မြောက်တဲ့ နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
မော်ရင်ဟိုရဲ့ အိုးလ်ထရက်ဖို့ဒ်အပြန်ခရီးကတော့ စိတ်ဝင်စားစရာကောင်းခဲ့ပြီး မန်ယူအသင်းက နည်းပြဟောင်း မော်ရင်ဟိုရဲ့ စပါးကို ရက်ရှ်ဖို့ဒ်ရဲ့ သွင်းဂိုးတွေနဲ့အတူ (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။နှစ်သင်းစလုံး အဓိက ကစားသမားအစုံအလင်နဲ့ ပွဲထွက်ခဲ့ကြပြီး အနိုင်ရလဒ်အတွက် နှစ်သင်းစလုံး အားထုတ်ခဲ့တာကြောင့် ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပါတယ်။
မန်ယူအသင်းဟာ အိမ်ကွင်းမှာ ပွဲစပြီး သိပ်မကြာခင်မှာပဲ အဖွင့်ဂိုးရခဲ့ပါတယ်။ အဲဒီဂိုးကို ရပ်ရှ်ဖို့ဒ်က ပွဲချိန် (၆)မိနစ်မှာ ကန်သွင်းယူခဲ့တာဖြစ်ပြီး ပွဲအစပိုင်းမှာတင် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဂိုးပေးလိုက်ရပြီးနောက် စပါးအသင်း ဖိကစားခဲ့ပေမယ့် မန်ယူအသင်းက အခွင့်အရေး ပိုရခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ချေပဂိုးရဖို့ ကြိုးစားနေတဲ့ စပါးအသင်းအတွက် ပွဲချိန် (၃၉)မိနစ်မှာတော့ ဒယ်လီအယ်လီက ချေပဂိုး သွင်းယူပေးခဲ့လို့ ပထမပိုင်းမှာ (၁-၁)ဂိုး ဖြစ်နေခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ မန်ယူအသင်း အနိုင်ဂိုးရဖို့ ကြိုးစားခဲ့ပြီး ပွဲချိန် (၄၉)မိနစ်မှာ ရပ်ရှ်ဖို့ဒ်ကြောင့် ပယ်နယ်တီ ရခဲ့ပါတယ်။ ပယ်နယ်တီဧရိယာထဲ ဝင်လာတဲ့ ရပ်ရှ်ဖို့ဒ်ကို စပါးကစားသမား တားဆီးရာမှာ ကြမ်းတမ်းခဲ့တာကြောင့် မန်ယူအသင်း ပယ်နယ်တီရခဲ့တာဖြစ်ပြီး အဲဒီပယ်နယ်တီကို ရပ်ရှ်ဖို့ဒ်ပဲ ကန်သွင်းယူခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ မန်ယူအသင်းအတွက် နောက်ဆုံး (၁၀)ပွဲမှာ ဂိုးပါဝင်သက်မှု (၁၁)ကြိမ် (၉ ဂိုးသွင်း၊ ၂ ဂိုးဖန်တီး)အထိ ရှိခဲ့ပါတယ်။
ကျန်ပွဲချိန်တွေမှာ တစ်ဖက်နဲ့ တစ်ဖက် ထိုးဖောက်တိုက်စစ်ဆင်မှုတွေ ပြုလုပ်ခဲ့ပြီး အခွင့်အရေးကိုယ်စီ ရခဲ့ကြပေမယ့် အသုံးချနိုင်ခဲ့ခြင်းမရှိလို့ ပွဲအပြီးမှာ မန်ယူအသင်းက (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
စပါးအသင်းကတော့ နည်းပြသစ် မော်ရင်ဟိုရဲ့ ပြိုင်ပွဲစုံ (၄)ပွဲမြောက်မှာ ရှုံးပွဲကြုံတွေ့ခဲ့ရတာဖြစ်ပြီး မော်ရင်ဟိုအနေနဲ့ မန်ယူနဲ့ တွေ့ဆုံတဲ့ နောက်ဆုံး (၅)ပွဲဆက် နိုင်ပွဲပျောက်ဆုံး(၃ ပွဲသရေ၊ ၂ ပွဲရှုံး)ခဲ့တာလည်း ဖြစ်ပါတယ်။
အမှတ်ပေးဇယား ဒုတိယနေရာမှာ ရှိနေတဲ့ လက်စတာကတော့ အိမ်ကွင်းမှာ ဝက်ဖို့ဒ်အသင်းကို ဗာဒီ၊ မတ်ဒီဆန်တို့ရဲ့ ဂိုးတွေကြောင့် (၂-၀)ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ချယ်လ်ဆီးအသင်းကလည်း အိမ်ကွင်းမှာ အေဘရာဟမ်၊ မေဆန်မောင့်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အိမ်ကွင်းမှာ အက်စတွန်ဗီလာအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
■ ပရီးမီးယားလိဂ် ပွဲစဉ်(၁၅)ရလဒ်များ
လက်စတာ ၂-၀ ဝက်ဖို့ဒ်
မန်ယူ ၂-၁ စပါး
ဝုလ်ဗ် ၂-၀ ဝက်စ်ဟမ်း
ခ်ယ္လ္ဆီး ၂-၁ အက္စတြန္ဗီလာ
ဆောက်သမ်တန် ၂-၁ နောဝစ်ချ်
လီဗာပူးလ် ၅-၂ အဲဗာတန်

0 comments:

Post a Comment