Saturday, December 28, 2019

နန္ဒဝန်စျေးတွင် လူငယ်နှစ်ဦးအား ဓားထိုးနဲ့ထိုးသွားသူများအား ဖမ်းဆီးရမိ

Image may contain: 2 people, people standingNo photo description available.

မုံရွာမြို့ နန္ဒဝန်ရပ်ကွက် အခွန်လွတ်ဈေးရှိ ဈေးခုံတွင် ထိုင်နေသည့် လူငယ်နှစ်ဦးအား အမည်မသိလူတစ်စုမှ ဓားဖြင့်ဝင်ထိုးသွားခဲ့သည်။

ဒီဇင်ဘာ ၂၇ရက် ည ၁၀ နာရီဝန်းကျင် လူငယ်နှစ်ဦး ဈေးခုံတွင်ထိုင်စကားပြောနေစဉ် ဆိုင်ကယ်များဖြင့် လူတစ်စုရောက်လာပြီး ဓားဖြင့်ဝင်ထိုးသွားခြင်းဖြစ်သည်။
ဓားဖြင့်အထိုးခံရသူများမှာ မင်းကင်းမြို့နယ်အင်းတောင်ရွာမှ မုံရွာနန္ဒဝန်ရပ်ကွက်တွင် ပွဲရုံလုပ်သားအဖြစ်လာ‌‌ရောက်လုပ်ကိုင်နေသည့် အသက် ၂၉ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ၎င်း၏ ရင်ညွန့်နှင့် နောက်ကျောထိုးသွင်းဒဏ်ရာနှင့် တစ်ရွာတည်းနေ အသက် ၂၉ နှစ်အရွယ်အမျိုးသားတွင် ဝမ်းဗိုက်၌ ထိုးသွင်းဒဏ်ရာများရရှိကာ မုံရွာပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေရသည်။
"မင်းတို့ငါတို့ကို စိန်ခေါ်တာလား ဆိုပြီးဓားနဲ့ ဝင်ထိုးသွားတာလို့ ပြောတယ် " ဟု နယ်ထိန်းအရာရှိ ဒုရဲအုပ်တင့်လွင်ဦးကပြောသည်။
ဓားဖြင့်ထိုးသွားသည့် လူတစ်စုနောက်အား စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့ မှုခင်းအကူဌာနမှ ရဲအုပ်မြင့်လွင်နှင့်အဖွဲ့ ၊မုံရွာခရိုင်မှုခင်းနှိုမ်နင်းရေးမှ ရဲအုပ် ညိုသက်ဝင်းနှင့်အဖွဲ့၊ မုံရွာနယ်မြေရဲစခန်းမှ ဒုရဲအုပ်တင့်လွင်ဦးနှင့်အဖွဲ့နှင့် မြို့မရဲစခန်းမှ နယ်ထိန်းအဖွဲ့ဝင်များပူးပေါင်းကာ လိုက်လံစုံစမ်းခဲ့ကြသည်။
ရဲတပ်ဖွဲ့၏ စုံစမ်းချက်အရ ပြစ်မှုကျူးလွန်သူများသည် မုံရွာမြို့ မြို့သစ်ရပ်ကွက်တွင် အုပ်စုဖွဲ့ကာ အိမ်ငှားနေထိုင်သူများဖြစ်ကြောင်း သိရသဖြင့် လိုက်လံဖမ်းဆီးရာ ဒီဇင်ဘာ ၂၈ ရက် နေ့ခင်ပိုင်းက ပြစ်မှုကျူးလွန်သူများ အနက်မှ သုံးဦးအား ဖမ်းဆီးရမိခဲ့သည်။
၎င်းတို့အား ရဲတပ်ဖွဲ့မှ စစ်မေးရာ သမီးရည်းစားကိစ္စ မပြေလည်ရာမှ ယခင်က သိကျွမ်းဘူးခြင်း မရှိသူများနှင့် စကားပြီး ဓားဖြင့်ထိုးမိခြင်းဖြစ်ကြောင်း ဆိုသည်။
ရဲတပ်ဖွဲ့မှ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများအား ဆက်လက်ဖမ်းဆီးနိုင်ရေး စုံစမ်းလျက်ရှိကြောင်း သတင်းရရှိသည်။
Ref : သိမ်းထူးစံ #Myanmar_Online_News
<<Zawgyi>>
နန္ဒဝန်စျေးတွင် လူငယ်နှစ်ဦးအား ဓားထိုးနဲ့ထိုးသွားသူများအား ဖမ်းဆီးရမိ
Saturday ,December 28 ,2019

မုံရွာမြို့ နန္ဒဝန်ရပ်ကွက် အခွန်လွတ်ဈေးရှိ ဈေးခုံတွင် ထိုင်နေသည့် လူငယ်နှစ်ဦးအား အမည်မသိလူတစ်စုမှ ဓားဖြင့်ဝင်ထိုးသွားခဲ့သည်။
ဒီဇင်ဘာ ၂၇ရက် ည ၁၀ နာရီဝန်းကျင် လူငယ်နှစ်ဦး ဈေးခုံတွင်ထိုင်စကားပြောနေစဉ် ဆိုင်ကယ် များဖြင့် လူတစ်စုရောက်လာပြီး ဓားဖြင့်ဝင်ထိုးသွားခြင်းဖြစ်သည်။
ဓားဖြင့်အထိုးခံရသူများမှာ မင်းကင်းမြို့နယ်အင်းတောင်ရွာမှ မုံရွာနန္ဒဝန်ရပ်ကွက်တွင် ပွဲရုံလုပ်သားအဖြစ်လာ‌‌ရောက်လုပ်ကိုင်နေသည့် အသက် ၂၉ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ၎င်း၏ ရင်ညွန့်နှင့် နောက်ကျောထိုးသွင်းဒဏ်ရာနှင့် တစ်ရွာတည်းနေ အသက် ၂၉ နှစ်အရွယ်အမျိုးသားတွင် ဝမ်းဗိုက်၌ ထိုးသွင်းဒဏ်ရာများရရှိကာ မုံရွာပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေရသည်။
"မင်းတို့ငါတို့ကို စိန်ခေါ်တာလား ဆိုပြီးဓားနဲ့ ဝင်ထိုးသွားတာလို့ ပြောတယ် " ဟု နယ်ထိန်းအရာရှိ ဒုရဲအုပ်တင့်လွင်ဦးကပြောသည်။
ဓားဖြင့်ထိုးသွားသည့် လူတစ်စုနောက်အား စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့ မှုခင်းအကူဌာနမှ ရဲအုပ်မြင့်လွင်နှင့်အဖွဲ့ ၊မုံရွာခရိုင်မှုခင်းနှိုမ်နင်းရေးမှ ရဲအုပ် ညိုသက်ဝင်းနှင့်အဖွဲ့၊ မုံရွာနယ်မြေရဲစခန်းမှ ဒုရဲအုပ်တင့်လွင်ဦးနှင့်အဖွဲ့နှင့် မြို့မရဲစခန်းမှ နယ်ထိန်းအဖွဲ့ဝင်များပူးပေါင်းကာ လိုက်လံစုံစမ်းခဲ့ကြသည်။
ရဲတပ်ဖွဲ့၏ စုံစမ်းချက်အရ ပြစ်မှုကျူးလွန်သူများသည် မုံရွာမြို့ မြို့သစ်ရပ်ကွက်တွင် အုပ်စုဖွဲ့ကာ အိမ်ငှားနေထိုင်သူများဖြစ်ကြောင်း သိရသဖြင့် လိုက်လံဖမ်းဆီးရာ ဒီဇင်ဘာ ၂၈ ရက် နေ့ခင်ပိုင်းက ပြစ်မှုကျူးလွန်သူများ အနက်မှ သုံးဦးအား ဖမ်းဆီးရမိခဲ့သည်။
၎င်းတို့အား ရဲတပ်ဖွဲ့မှ စစ်မေးရာ သမီးရည်းစားကိစ္စ မပြေလည်ရာမှ ယခင်က သိကျွမ်းဘူးခြင်း မရှိသူများနှင့် စကားပြီး ဓားဖြင့်ထိုးမိခြင်းဖြစ်ကြောင်း ဆိုသည်။
ရဲတပ်ဖွဲ့မှ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူများအား ဆက်လက်ဖမ်းဆီးနိုင်ရေး စုံစမ်းလျက်ရှိကြောင်း သတင်းရရှိသည်။
Ref : သိမ်းထူးစံ #Myanmar_Online_News

0 comments:

Post a Comment