Saturday, December 28, 2019

ကုလသမဂ္ဂအထွေထွေညီလာခံက မြန်မာနိုင်ငံကို ပြစ်တင်ရှုတ်ချကြောင်း ဆုံးဖြတ်

Image may contain: one or more people and people sittingImage may contain: text

ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ကျင်းပနေသော ကုလသမဂ္ဂအထွေထွေညီလာခံက မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာမွတ်စလင်တွေနဲ့ အခြားလူနည်းစုတိုင်းရင်းသားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်တာ၊ ဖမ်းဆီးတာ၊ နှိပ်စက်တာ၊ အဓမ္မပြုကျင့်တာ၊ ဖမ်းဆီးထိန်းသိမ်းထားစဉ် သေဆုံးခဲ့တာတွေအပေါ် ပြစ်တင်ရှုတ်ချကြောင်း ဆုံးဖြတ်လိုက်သည်။

မြန်မာအစိုးရအနေနဲ့ ဘင်္ဂါလီများ အပါအဝင် ရခိုင်၊ ကချင် နဲ့ ရှမ်းပြည်နယ်က လူနည်းစုတွေအပေါ် မုန်းတီးမှုတွေကို တိုက်ဖျက်ဖို့ အရေးပေါ်ဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့လိုတယ်လို့လည်း ညီလာခံက တိုက်တွန်းလိုက်ကြောင်း သိရသည်။
အထွေထွေညီလာခံရဲ့ ဒီဆုံးဖြတ်ချက်အတွက် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံထဲက ၁၃၄ နိုင်ငံက ထောက်ခံခဲ့ပြီး ကန့်ကွက်မဲ ၉ မဲ၊ ကြားနေမဲ ၂၈ မဲ ရခဲ့သည်။
အဲဒီဆုံးဖြတ်ချက်တွေဟာ ဥပဒေအကြောင်းအရ အရေးယူနိုင်ဖွယ်မရှိပေမယ့်လည်း နိုင်ငံတကာ ဆက်ဆံရေးမှာ မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဟောက်ဒိုစွမ်းကတော့ ဒီဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံအပေါ် မလိုလားအပ်တဲ့ နိုင်ငံရေးဖိအားပေးဖို့ ဆောင်ရွက်တာသာဖြစ်တယ်လို့ ပြောခဲ့ကြောင်း The Guardian သတင်းဌာန က ရေးသားပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ ရခိုင်ပြည်နယ်က ရှုတ်ထွေးတဲ့ အခြေအနေတွေကို အဖြေရှာဖို့ ကြိုးပမ်းရာမရောက်ဘဲ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ အားထုတ်ကြိုးပမ်းနေတဲ့ မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေကို အသိအမှတ်မပြုတဲ့ သဘောဖြစ်တယ်လို့လည်း သံအမတ်ကြီးက ပြောကြားခဲ့တယ်လို့ The Guardian က ရေးသားထားပါတယ်။
ကုလသမဂ္ဂအဖွဲ့ရဲ့ လာမယ့် ၂၀၂၀ ပြည့်နှစ် အသုံးစာရိတ် လျာထားမှုမှာလည်း မြန်မာနိုင်ငံနဲ့ ဆီးရီးယားနိုင်ငံတွေ အပါအဝင် စစ်ရာဇဝတ်မှုကျူးလွန်တဲ့ ကိစ္စတွေကို စုံစမ်းစစ်ဆေးဖို့အတွက်ပါ ထည့်သွင်းရေးဆွဲထားပြီး အမေရိကန်ဒေါ်လာ ၃.၇ ဘီလီယံအထိ လျာထားကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။
ဒါဟာ မြန်မာနိုင်ငံရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ ပထမဆုံးအကြိမ် အသုံးစားရိတ် ထည့်သွင်းရေးဆွဲထားတာဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ ၂၀၁၉ ခုနှစ်အတွက် လျာထားချက်ဟာ ၂.၉ ဘီလီယံသာရှိခဲ့ကြောင်း သိရသည်။
  1. Image may contain: one or more people
  2. Image may contain: 5 people, people sitting

<<Zawgyi>>
ကုလသမဂ်ဂအထွေထွေညီလာခံက မြန်မာနိုငျငံကို ပြစ်တငျရှုတ်ချကွောငျး ဆုံးဖြတျ
Saturday,December 28 , 2019

အထွေထွေညီလာခံရဲ့ ဒီဆုံးဖြတ်ချကျအတွကျ ကုလသမဂ်ဂ အဖွဲ့ဝင်နိုငျငံ ၁၉၃ နိုငျငံထဲက ၁၃၄ နိုငျငံက ထောက်ခံခဲ့ပွီး ကန့်ကက်မွဲ ၉ မဲ၊ ကွားနမေဲ ၂၈ မဲ ရခဲ့သညျ။
အဲဒီဆုံးဖြတ်ချကျတွဟော ဥပဒေအကွောငျးအရ အရေးယူနိုင်ဖွယ်မရှိပမေယ့်လညျး နိုငျငံတကာ ဆက်ဆံရေးမှာ မြန်မာနိုငျငံအပေါျ အကိုးသကျရောက်မှုတွေ ရှိလာနိုင်ပါတယျ။
မြန်မာနိုငျငံဆိုငျရာ ကုလသမဂ်ဂသံအမတျကွီး ဟောက်ဒိုစွမျးကတော့ ဒီဆုံးဖြတ်ချကျဟာ မြန်မာနိုငျငံအပေါျ မလိုလားအပ်တဲ့ နိုငျငံရေးဖိအားပေးဖို့ ဆောငျရက်တွာသာဖြစ်တယ်လို့ ပြောခဲ့ကွောငျး The Guardian သတငျးဌာန က ရေးသားပါတယျ။
ဒီဆုံးဖြတ်ချကျဟာ ရခိုငျပြည်နယ်က ရှုတျထွေးတဲ့ အြခေအနေတွေကို အြဖေရှာဖို့ ကွိုးပမျးရာမရောက်ဘဲ စိနျခေါျမှုတွကေို ဖြေရှငျးဖို့ အားထုတျကွိုးပမျးနတေဲ့ မြန်မာအစိုးရရဲ့ ဆောငျရက်ချွကျတွကေို အသိအမှတ်မပြုတဲ့ သဘောဖြစ်တယ်လို့လညျး သံအမတျကွီးက ပြောကွားခဲ့တယ်လို့ The Guardian က ရေးသားထားပါတယျ။
Ref:RFA #Myanmar_Online_News

0 comments:

Post a Comment