Saturday, December 28, 2019

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား၊ (၅၈)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) ဘောလုံး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

Image may contain: one or more people, stadium, crowd and outdoor

ဒီဇင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား၊(၅၈)ကြိမ်မြောက် တပ်မတော်(ကြည်း၊ရေ၊ လေ) ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို နေပြည်တော်ဇေယျာသီရိ တပ်မတော်အားကစားကွင်း၌ ပြုလုပ်ရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ကွပ်ကွဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဖိတ်ကြားထားသူများနှင့် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ (၅၈)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား နေပြည်တော်တိုင်းမှူးက အဖွင့်အမှာစကားပြောကြား ဖွင့်လှစ်ပေးသည်။
ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက (၅၈)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲ (က)အဆင့် ဒုတိယအဆင့် အုပ်စုပတ်လည်ပထမနေ့ပွဲစဉ်အဖြစ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကိုယ်စားပြုဘောလုံးအသင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စခန်းမှူးရုံးကိုယ်စားပြု ဘောလုံးအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှု များကို ကြည့်ရှုအားပေးကြသည်။
အဆိုပါ (၅၈)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) ဘောလုံးပြိုင်ပွဲတွင် (ကအဆင့်)အသင်း ၁၇ သင်း၊ (ခ-အဆင့်) အသင်း ၂၀ သင်း၊ စုစုပေါင်း ၃၇ သင်းတို့သည်၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်မှစ၍ သက်ဆိုင်ရာ နယ်မြေ ဇုန်လေးဇုန်တွင် ပထမအဆင့် အုပ်စုပတ်လည်ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားခဲ့ကြပြီး အဆိုပါ ပြိုင်ပွဲများမှ (ကအဆင့်)ရှစ်သင်းနှင့် (ခ-အဆင့်) ရှစ်သင်းစုစုပေါင်း ၁၆ သင်း ဒုတိယအဆင့်သို့တက် ရောက်ခဲ့ကာ ဒုတိယအဆင့်အုပ်စုပတ်လည်ပြိုင်ပွဲများ၊ အကြိုဗိုလ်လုပွဲများ၊ တတိယနေရာလုပွဲ၊ ဗိုလ်လုပွဲကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ၁၃ ရက်အထိ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Source:တပ်မမတော်ကာကွယ်ရေးဦးစီးချုပ်ရုံး #Myanmar_Online_News
<<Zawgyi>>
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား၊ (၅၈)ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) ဘောလုံး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Saturday,December 28 , 2019

0 comments:

Post a Comment