Saturday, December 28, 2019

ကိုရီးယား-မြန်မာချစ်ကြည်ရေး (ဒလ)တံတား တည်ဆောက်နေမှု ဘိုးလ်ပိုင်တူးဖော်ခြင်းလုပ်ငန်းများ ၆၀ ရာခိုင်နှုန်း ပြီးစီး

Image may contain: sky, cloud, ocean, bridge, outdoor and water

ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင်အတွင်းရှိ ကွမ်းခြံကုန်း၊ ကော့မူး၊ တွံတေးနှင့် ဒလမြို့နယ်များမှ ပြည်သူများ ရန်ကုန်မြို့တွင်းသို့ ကားလမ်းခရီးဖြင့် အချိန်အတွင်း သွားလာရောက်ရှိနိုင်ရေးနှင့် အဆိုပါဒေသများမှ ကုန်စည်များ သယ်ယူပို့ဆောင်မှု မြန်ဆန်စေရေး၊ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားရရှိစေရေး၊ မြို့ပြဒေသများ ဖွံ့ဖြိုးတိုးတတ်စေရေး ရည်ရွယ်ကာ တည်ဆောက်ပေးလျက်ရှိသည့် ကိုရီးယား-မြန်မာ ချစ်ကြည်ရေး (ဒလ) တံတား တည်ဆောက်နေမှု၏ ဘိုးလ်ပိုင်တူးဖော်ခြင်း လုပ်ငန်းများမှာ ၆၀ ရာခိုင်နှုန်း ပြီးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါတံတားသည် ရန်ကုန်မြစ်အားဖြတ်ကျော်ကာ ရန်ကုန်မြို့ ဆိပ်ကမ်းမြို့နယ် (ဘုန်းကြီးလမ်း) နှင့် ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းမကြီးအား ဆက်သွယ်တည်ဆောက်နေခြင်း ဖြစ်ပြီး ဒလမြို့ဘက်ခြမ်းရှိ တံတားတည်ဆောက်ရေး လုပ်ငန်းများအား မြတ်နိုးသူကုမ္ပဏီမှ တာဝန်ယူတည်ဆောက်နေခြင်းဖြစ်သည်။

တံတားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ရပ်ကွက်နေပြည်သူများ အဆင်ပြေလွယ်ကူစွာ သွားလာနိုင်ရန် ကမာကဆစ်ရပ်ကွက် ဗိုလ်ဥတ္တမလမ်းမှ ကမ်းနားဘက်ခြမ်းအထိ ဘယ်/ညာအား ကွန်ကရစ်ခင်းကျင်းပေးထားကြောင်း၊ ထို့အပြင် စီမံကိန်းဧရိယာအတွင်းပါရှိသည့် ဇုန်-၁ (နာရီစင်မှ ဗိုလ်ဥတ္တမလမ်းအထိ) အပိုင်းရှိ ဒေသခံများသွားလာမှု အဆင်ပြေစေရန် ကွန်ကရစ်ခင်းရန် စီမံထားရှိကြောင်း၊ ဇုန်-၁ ဧရိယာသည် ကမာကဆစ်ဈေး တည်ရှိပြီး ဈေးဝယ်သူများ၊ ဈေးသည်များ ရှိသည့်အတွက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အနည်းငယ် အခက်အခဲရှိပါကြောင်း၊ လူရှင်းသည့်အချိန်တွင် အားစိုက်ဆောင်ရွက်လျက်ရှိကြောင်း တည်ဆောက်ရေးတာဝန်ရှိသူ ဦးမောင်မောင်ချိုက ပြောသည်။
ကိုရီးယား-မြန်မာ ချစ်ကြည်ရေး (ဒလ) တံတား တည်ဆောက်ရေးအတွက် စီမံကိန်းဧရိယာဖြစ်သော ဗိုလ်မင်းရောင်လမ်းမကြီး နာရီစင်မှ ကမ်းနားအထိ A-1 အပါအဝင် P1 မှ P14 ဘိုးလ်ပိုင်များ တူးဖော်ရမည်ဖြစ်ကြောင်း၊ ဘိုးလ်ပိုင်အမှတ်တစ်ခုလျှင် မြေကြီးအတွင်း၌ ပိုင် ၉ လုံး တူးဖော်ရကြောင်း၊ A1 ဆိုလျှင် ပိုင် ၈ လုံး၊ P12 ဆိုလျှင် ပိုင် ၁၂ လုံး တူးဖော်ရကြောင်း၊ ဘိုးလ်ပိုင်ပေါင်း ၁၄၁ လုံး တူးဖော်ရမည်ဖြစ်ပြီး ၈၁ လုံး တူးဖော်ပြီးစီးနေပြီဖြစ်ကြောင်း၊ လက်ရှိဘိုးလ်ပိုင် တူးဖော်ပြီးစီးမှုမှာ မြေကြီးအောက်တွင် တူးဖော်ပြီးစီးနေပြီး လာမည့်လတွင် မြေပြင်အထက် ဘိုးလ်ပိုင်တူးဖော်ခြင်း လုပ်ငန်းများအား ပြည်သူများ တွေ့မြင်လာရတော့မည်ဖြစ်ကြောင်း၊ တံတားတည်ဆောက်မှုအတွက် ဘိုးလ်ပိုင်များ တူးဖော်ခြင်းလုပ်ငန်းအား မိုးမကျခင်ကာလ၊ လာမည့်မတ်လအတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီမံကိန်းမန်နေဂျာ ဦးမောင်မောင်ချိုက ပြောသည်။
တံတားတည်ဆောက်ရေး ဘိုးလ်ပိုင်တူးဖော်ခြင်းလုပ်ငန်းတွင် လုပ်ကိုင်လျက်ရှိသည့် လုပ်သားများ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းစေရေးအတွက်လည်း အခြေပြုမန်နေဂျာ၊ လက်ထောက်မန်နေဂျာ၊ တွဲဘက်မန်နေဂျာ အပါအဝင် မန်နေဂျာ (၄)ဦးမှ လုပ်ငန်းခွင်အတွင်း အမြဲမပြတ် လိုက်လံကြည့်ရှု စစ်ဆေးလျက်ရှိကြောင်း၊ လုပ်သားများ သက်ဆိုင်ရာလုပ်ငန်းခွင်သို့ မဝင်မီ လုပ်ငန်းခွင် ဘေးအန္တရာယ်ဂရုပြုရန် တစ်နေ့နှစ်ကြိမ် မှာကြားခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ မိန်းကန်ထရိုက်တာမှ မန်နေဂျာများမှလည်း လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းစေရန် ဂရုတစိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တံတားကြီးအား သတ်မှတ်ချိန်အတွင်း တည်ဆောက်ပြီးစီးနိုင်ရေးအတွက် မြတ်နိုးသူကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဘိုးလ်ပိုင်တူးဖော်ခြင်းလုပ်ငန်းအား လုပ်သားအင်အား ၁၂၀ ဦးဖြင့် နေ့/ည လုပ်နေကြောင်းလည်း သိရသည်။
"တံတားတည်ဆောက်ရေးကြောင့် ဒေသခံတွေ အလုပ်အကိုင်အခွင့်အလမ်း တိုးလာတယ်ဆိုတာ ခုလက်တွေ့ပါပဲ။ လုပ်သားပေါင်း ၁၀ဝ ကျော် ဝင်ရောက်လုပ်ကိုင်နေကြတယ်။ နေ့ရောညပါ အဆိုင်းခွဲပြီး ဆောင်ရွက်နေပါတယ်" ဟု စီမံကိန်းမန်နေဂျာမှ ဘိုးလ်ပိုင်တူးဖော်ခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်ရှင်းပြသည်။
ဘိုလ်းပိုင်တူးဖော်ခြင်း လုပ်ငန်းများအား လုပ်သားအင်အားများ၊ စက်ယန္တရားကြီးများ အသုံးပြုကာ နေ့/ည ဆောင်ရွက်လျက်ရှိခြင်းကြောင့် ဘိုလ်းပိုင်တူးဖော်ခြင်းလုပ်ငန်း ၆၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။
၂၀၂၂ ခုနှစ်တွင် ပြီးစီးမည့် အဆိုပါတံတားစီမံကိန်းအပြင် ၂၀၂၃ ခုနှစ်တွင်ပြီးစီးမည့် ဒလမြို့ ရေပေးဝေရေး ရေသန့်စက်ရုံစီမံကိန်းများကြောင့် ဒလမြို့နယ်သည် မကြာမီကာလအတွင်း ဖွံဖြိုးတိုးတက်လာတော့မည် ဖြစ်သည်။
Image may contain: sky and outdoor
သတင်း-မောင်ယဉ်ဦး (ဒလ) Ref:MDN #Myanmar_Online_News
<<Zawgyi>>
ကိုရီးယား-မြန်မာချစ်ကြည်ရေး (ဒလ)တံတား တည်ဆောက်နေမှု ဘိုးလ်ပိုင်တူးဖော်ခြင်းလုပ်ငန်းများ ၆၀ ရာခိုင်နှုန်း ပြီးစီး
Saturday ,December 28 ,2019

0 comments:

Post a Comment