Saturday, December 28, 2019

ရခိုင်အရေးကိစ္စကို လွဲမှားစွာ ပုံဖော်ထားသည့် တတိယကော်မတီ အဆိုမူကြမ်းကို အထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးတွင် မြန်မာနိုင်ငံမှ ပြတ်သားစွာ ထပ်မံကန့်ကွက်

No photo description available.Image may contain: 1 person, sitting and suit

၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပသော (၇၄)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ (၅၂)ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့က နိုင်ငံရေးဖိအားပေးရန်အတွက် ရည်ရွယ်ချက်ရှိရှိ တင်သွင်းသည့် တတိယကော်မတီ၏ အဆိုမူကြမ်းကို မဲခွဲဆုံးဖြတ်ရန် ထပ်မံတောင်းဆိုခဲ့ပြီး အဆိုမူကြမ်းအပေါ် ကန့်ကွက်မဲပေး ရပ်တည်ခဲ့သည်။

အဆိုမူကြမ်း အရေးယူဆောင်ရွက်ခြင်းမပြုမီ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်က အဆိုမူကြမ်းနှင့် ပတ်သက်သည့် မြန်မာနိုင်ငံ၏ရပ်တည်ချက်ကို ပြောကြားခဲ့သည်။
ယင်းသို့ပြောကြားရာတွင် အမြဲတမ်းကိုယ်စားလှယ်က တတိယကော်မတီ၌ မိမိပြောကြားခဲ့သည့်အတိုင်း အဆိုမူကြမ်းသည် ရှုတ်ထွေးသော ရခိုင်အရေးကိစ္စကို လွဲမှားစွာ ပုံဖော်ထားပြီး ပြဿနာကို ဖြေရှင်းနိုင်မည့် လက်တွေ့ကျသည့် နည်းလမ်းမဟုတ်ကြောင်း၊ မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများက ကြိုးစားဆောင်ရွက်နေသည်များကို အသိအမှတ်မပြုဘဲ မြေပြင်အခြေအနေကို မသိကျိုးကျွံပြုထားကြောင်း၊ ဒေသတွင်း မတူညီသည့် အသိုက်အဝန်းများအကြား နိုင်လွန်မင်းထက်ပြုမှုနှင့် ယုံကြည်မှုပျက်ပြားမှုကိုသာ အားပေးအားမြှောက်ပြုမည့် အဆိုမူကြမ်းဖြစ်ကြောင်း၊ ရခိုင်ဒေသ၏ ထိရှလွယ်သည့် ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်ရေးအပြင် နေရပ်ပြန်ရေးလုပ်ငန်းစဉ်ကိုလည်း ဆုတ်ယုတ်ပျက်ပြားစေမည့်အပြင် နိုင်ငံတကာအသိုက်အဝန်းနှင့် မြန်မာနိုင်ငံပြည်သူများအကြား သဘောထားပိုမိုကွဲလွဲစေမည့် အဆိုမူကြမ်း ဖြစ်ကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ အမြဲတမ်းကိုယ်စားလှယ်က အဆိုမူကြမ်းတွင် ပါရှိသော Independent Investigative Mechanism for Myanmar - IIMM အတွက် ကုလသမဂ္ဂ၏ (၂)နှစ်စာ ဘဏ္ဍာငွေ ခွဲဝေမှုပမာဏသည် အမေရိကန်ဒေါ်လာ ၂၇ သန်းနီးပါးရှိကြောင်း၊ ကုလသမဂ္ဂ၏ အရင်းအမြစ်များကို ဘေးအန္တရာယ်ကယ်ဆယ်ရေး၊ လူသားချင်းစာနာမှုအထောက်အပံ့များနှင့် ကမ္ဘာတစ်လွှားမှ ဆာလောင်မွတ်သိပ်နေသည့်ကလေးသူငယ်များကို ကူညီထောက်ပံ့ခြင်းကဲ့သို့ အဓိပ္ပာယ်ရှိသည့် နေရာများတွင် သုံးစွဲသင့်ကြောင်း၊ သို့ရာတွင် ဒီမိုကရေစီ သက်တမ်းနုနယ်ပြီး စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနေရသည့် နိုင်ငံတစ်နိုင်ငံအပေါ် အင်အားကြီးနိုင်ငံအချို့က ၎င်းတို့၏ နိုင်ငံရေးလိုအင်အတွက် လက်နက်သဖွယ် အသုံးချ၍ သန်းနှင့်ချီသော ဒေါ်လာများကို ဖြုန်းတီးခြင်းမှာ သူတော်ကောင်းယောင်ဆောင်နေခြင်း သက်သက်သာဖြစ်ကြောင်း၊ ယခုကဲ့သို့ အခြေအနေမျိုးတွင် ဆောင်ရွက်လျက်ရှိသည့် တရားမျှတမှုရှိရေးဆိုင်ရာ ပြည်တွင်းလုပ်ငန်းစဉ်များအပေါ် ထိခိုက်နိုင်မည့် လုပ်ရပ်မှန်သမျှကို ရှောင်ရှားရန်အရေးကြီးကြောင်း၊ ရခိုင်ဒေသရှိ အသိုက်အဝန်းများအကြား ဆင်းရဲမွဲတေမှုနှင့် မလုံခြုံမှု၊ မလိုမုန်းတီးမှု၊ ယုံကြည်မှု ကင်းမဲ့မှုနှင့် အကြောက်တရားလွှမ်းမိုးနေမှုတို့ကို ကုစားဖြေရှင်းနိုင်ရန် အစိုးရအနေဖြင့် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စုဆီသို့ လှမ်းတက်ရန် ကြိုးစားနေသည့် အားလျော်စွာ ပြည်သူများအားလုံးအတွက် အဓွန့်ရှည်သော ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခိုင်မာမြဲမြန်စွာ ကတိကဝတ်ပြု ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ အဆိုမူကြမ်းကို ကန့်ကွက်ခြင်းဖြင့် လူ့အခွင့်အရေးကို နိုင်ငံရေးလိုအင်အတွက် အသုံးချနေခြင်းအား ဆန့်ကျင်ကြောင်း ပြသနိုင်ရန်အတွက် မိမိတို့နှင့်အတူတကွ ရပ်တည်ကြပါရန် တိုက်တွန်းကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သိရှိရသည်။
Source: Ministry of Foreign Affairs Myanmar #Myanmar_Online_News
<<Zawgyi>>
ရခိုင်အရေးကိစ္စကို လွဲမှားစွာ ပုံဖော်ထားသည့် တတိယကော်မတီ အဆိုမူကြမ်းကို အထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးတွင် မြန်မာနိုင်ငံမှ ပြတ်သားစွာ ထပ်မံကန့်ကွက်
Sunday , December 29 , 2019

0 comments:

Post a Comment