Saturday, December 28, 2019

ရေးမြို့ ရှိ (မြတ်သူရကုမ္ပဏီ)ပိုင် လျှပ်စစ်ဓါတ်အားပေးစက်ရုံ မီးလောင်မှုဖြစ်ပွား

Image may contain: 1 person, standing and outdoor

ယနေ့ ၂၈-၁၂-၂၀၁၉ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ရေးမြို့နယ် အစင်ကျေးရွာအုပ်စု မြို့ဟောင်းကုန်းမှာရှိတဲ့ ဦးကုလားကြီးပိုင် မြတ်သူရကုမ္ပဏီ လျှပ်စစ်ဓါတ်အားပေးစက်ရုံ မီးလောင်မှုဖြစ်ခဲ့ပြီး နေ့ ၁ နာရီအချိန်မှာ မီးကို ငြိမ်းသတ် ထိန်းနိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မီးလောင်ကျွမ်းမှုဟာ ဆီဖြည့်စဉ် ဆီသိုလှောင်ကန်မှတဆင့် စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရပြီး စက်ရုံတစ်ရုံလုံးကိုပါ ကူးဆက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်ကျွမ်းချိန် ၂ နာရီဝန်းကျက်ရှိခဲ့ပြီး ဒီဇယ်မီးစက်ကြီး ၁၀ လုံးခန့်နဲ့ မီးစက်ရုံ ဆီလှောင်ကန်တွေအားလုံး လောင်ကျွမ်းပျက်စီးခဲ့ရပြီး မီးလောင်ကျွမ်းမှုကြောင့် လူထိခိုက်/သေဆုံးမှု မရှိခဲ့ကြောင်းနှင့် လူနေအိမ်များကိုလည်း ကူးဆက်မှုမရှိခဲ့ကြောင်း သိ၇သည်။
မီးလောင်ကျွမ်းမှုကို ရေးမြို့နယ်မီးသတ်တပ်ဖွဲ့နဲ့ အရံမီးသတ်တပ်ဖွဲ့များက မီးသတ်ယာဉ် ၇ စီးနဲ့ ဦးဆောင်ငြိမ်းသတ်ခဲ့ပြီး၊ဒေသခံပြည်သူများ၊ရေကားများနှင့် စကခ(၁၉) နဲ့ ကွပ်ကဲမှုအောက် တပ်မတော်သားများ၊ရဲတပ်ဖွဲ့ဝင်များက ပူပေါင်းငြိမ်းသတ်ခဲ့ကြကြောင်း သိရှိရပါသည်။
Image may contain: 1 person, standing, crowd and outdoor
Image may contain: one or more people, people standing, sky, cloud, outdoor and nature
Image may contain: one or more people, cloud, sky and outdoor

Image may contain: one or more people, people standing and outdoor
Image may contain: one or more people, people standing, sky, cloud, outdoor and nature
Image may contain: one or more people, people standing and outdoor
Image may contain: 1 person, standing, sky and outdoor
Source:Kyaikmayaw #Myanmar_Online_News
<<Zawgyi>>
ရေးမြို့ ရှိ (မြတ်သူရကုမ္ပဏီ)ပိုင် လျှပ်စစ်ဓါတ်အားပေးစက်ရုံ မီးလောင်မှုဖြစ်ပွား
Saturday,December 28 , 2019

ယနေ့ ၂၈-၁၂-၂၀၁၉ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ရေးမြို့နယ် အစင်ကျေးရွာအုပ်စု မြို့ဟောင်းကုန်းမှာရှိတဲ့ ဦးကုလားကြီးပိုင် မြတ်သူရကုမ္ပဏီ လျှပ်စစ်ဓါတ်အားပေးစက်ရုံ မီးလောင်မှုဖြစ်ခဲ့ပြီး နေ့ ၁ နာရီအချိန်မှာ မီးကို ငြိမ်းသတ် ထိန်းနိုင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မီးလောင်ကျွမ်းမှုဟာ ဆီဖြည့်စဉ် ဆီသိုလှောင်ကန်မှတဆင့် စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရပြီး စက်ရုံတစ်ရုံလုံးကိုပါ ကူးဆက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်ကျွမ်းချိန် ၂ နာရီဝန်းကျက်ရှိခဲ့ပြီး ဒီဇယ်မီးစက်ကြီး ၁၀ လုံးခန့်နဲ့ မီးစက်ရုံ ဆီလှောင်ကန်တွေအားလုံး လောင်ကျွမ်းပျက်စီးခဲ့ရပြီး မီးလောင်ကျွမ်းမှုကြောင့် လူထိခိုက်/သေဆုံးမှု မရှိခဲ့ကြောင်းနှင့် လူနေအိမ်များကိုလည်း ကူးဆက်မှုမရှိခဲ့ကြောင်း သိ၇သည်။
မီးလောင်ကျွမ်းမှုကို ရေးမြို့နယ်မီးသတ်တပ်ဖွဲ့နဲ့ အရံမီးသတ်တပ်ဖွဲ့များက မီးသတ်ယာဉ် ၇ စီးနဲ့ ဦးဆောင်ငြိမ်းသတ်ခဲ့ပြီး၊ဒေသခံပြည်သူများ၊ရေကားများနှင့် စကခ(၁၉) နဲ့ ကွပ်ကဲမှုအောက် တပ်မတော်သားများ၊ရဲတပ်ဖွဲ့ဝင်များက ပူပေါင်းငြိမ်းသတ်ခဲ့ကြကြောင်း သိရှိရပါသည်။
Source:Kyaikmayaw #Myanmar_Online_News

0 comments:

Post a Comment