Saturday, December 28, 2019

မြန်မာ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနေရာအတွက် ဝင်ရောက်ရွေးချယ်ခံသူ မရှိ

Image may contain: 2 people, indoor

ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ကျင်းပသော မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ် ကော်မတီတို့ ပူးပေါင်းချီးမြှင့်မည့် ၂၀၁၉ ခုနှစ်အတွက် တစ်နှစ်တာ အကောင်းဆုံး ဆုများ၊ အမှတ်ပေး ပြိုင်ပွဲ ချန်ပီယံဆုများ အပ်နှင်းချီးမြှင့်ခြင်း MFF-MNL Awards Night 2019 အခမ်းအနားတွင် မြန်မာ့ဘောလုံးအဖွဲ့ချုပ် လက်ရှိဥက္ကဋ္ဌ ဦးဇော်ဇော်မှ“ဒီနေရာကို ယူပြီး တခြားလူတွေ လုပ်မယ်ဆိုလည်း ပိုကောင်းတဲ့လူရှိရင် ကျွန်တော် နောက်ဆုတ်ပေးဖို့ ဝန်မလေးပါဘူး။ သို့သော်လည်း ၂၇ ရက်၊ ညနေ ၃နာရီမှာ ရွေးကောက်ပွဲအတွက် ဖောင်ပိတ်ပါတယ်။ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့လူ မရှိပါဘူး။ တခြား Position တွေတော့ မသိဘူး။ ဘောလုံးဥက္ကဋ္ဌနေရာကတော့ ဝင်ရွေးတဲ့လူတစ်ယောက်မှ မရှိဘူး”လို့ ပြောကြားခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌနေရာအတွက် ပြန်လည်ရွေးချယ်ဖို့ရှိကြောင်း လက်ရှိဥက္ကဌ ဦးဇော်ဇော်မှ အောက်တိုဘာလ တွင်ကျင်းပသော မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် သက်ကြီးပူဇော်ပွဲတွင် ပြောကြားခဲ့ပြီးလက်ရှိ ဥက္ကဌဦးဇော်ဇော်အနေဖြင့် ဥက္ကဌ နေရာ မှာ မရှိတော့ရင်လည်း ဘောလုံးအဖွဲ့ချုပ် အတွက် အစွမ်းကုန်ကြိုးစားပေးသွားမှာ ဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သည်။
လက်ရှိ ဥက္ကဌဦးဇော်ဇော်သည် ၂၀၀၅ ခုနှစ်မှာ စတင်ကာ ယနေ့ အချိန်အထိ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး၊ လက်ရှိမှာလည်း အာဆီယံဘောလုံးအဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေတာဖြစ်ကြောင်း သိရှိရသည်။
Image may contain: 12 people, indoor
Image may contain: 2 people, text
Source: Myanmar Football Federation #Myanmar_Online_News
<<Zawgyi>>
မြန်မာ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနေရာအတွက် ဝင်ရောက်ရွေးချယ်ခံသူ မရှိ
Saturday ,December 28, 2019

ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ကျင်းပသော မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ် ကော်မတီတို့ ပူးပေါင်းချီးမြှင့်မည့် ၂၀၁၉ ခုနှစ်အတွက် တစ်နှစ်တာ အကောင်းဆုံး ဆုများ၊ အမှတ်ပေး ပြိုင်ပွဲ ချန်ပီယံဆုများ အပ်နှင်းချီးမြှင့်ခြင်း MFF-MNL Awards Night 2019 အခမ်းအနားတွင် မြန်မာ့ဘောလုံးအဖွဲ့ချုပ် လက်ရှိဥက္ကဋ္ဌ ဦးဇော်ဇော်မှ“ဒီနေရာကို ယူပြီး တခြားလူတွေ လုပ်မယ်ဆိုလည်း ပိုကောင်းတဲ့လူရှိရင် ကျွန်တော် နောက်ဆုတ်ပေးဖို့ ဝန်မလေးပါဘူး။ သို့သော်လည်း ၂၇ ရက်၊ ညနေ ၃နာရီမှာ ရွေးကောက်ပွဲအတွက် ဖောင်ပိတ်ပါတယ်။ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့လူ မရှိပါဘူး။ တခြား Position တွေတော့ မသိဘူး။ ဘောလုံးဥက္ကဋ္ဌနေရာကတော့ ဝင်ရွေးတဲ့လူတစ်ယောက်မှ မရှိဘူး”လို့ ပြောကြားခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌနေရာအတွက် ပြန်လည်ရွေးချယ်ဖို့ရှိကြောင်း လက်ရှိဥက္ကဌ ဦးဇော်ဇော်မှ အောက်တိုဘာလ တွင်ကျင်းပသော မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် သက်ကြီးပူဇော်ပွဲတွင် ပြောကြားခဲ့ပြီးလက်ရှိ ဥက္ကဌဦးဇော်ဇော်အနေဖြင့် ဥက္ကဌ နေရာ မှာ မရှိတော့ရင်လည်း ဘောလုံးအဖွဲ့ချုပ် အတွက် အစွမ်းကုန်ကြိုးစားပေးသွားမှာ ဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သည်။
လက်ရှိ ဥက္ကဌဦးဇော်ဇော်သည် ၂၀၀၅ ခုနှစ်မှာ စတင်ကာ ယနေ့ အချိန်အထိ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး၊ လက်ရှိမှာလည်း အာဆီယံဘောလုံးအဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေတာဖြစ်ကြောင်း သိရှိရသည်။
Source: Myanmar Football Federation #Myanmar_Online_News

0 comments:

Post a Comment