Saturday, December 28, 2019

အင်းတော်ကြီးဒေသရှိ မုန်ယိုနေသည့်ဆင်အား မေ့ဆေးသေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးမည်ဟုသိရ

Image may contain: 1 person, outdoorImage may contain: 1 person, tree, sky, outdoor and nature

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ညောင်ထောက်ကျေးရွာ အောက်ရွှေမှော်၌ မုန်ယိုကာစိတ်ရိုင်းဝင်နေသည့်ဆင်အား မေ့ဆေးသေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးမည်ဖြစ်ကြောင်း မိုးညှင်းမြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ ညောင်ထောက်ကျေးရွာ၊ အောက်ရွှေမှော်၌ အောင်ဘုအမည်ရှိ အသက်(၄၉ နှစ်)အရွယ် အိမ်မွေး ဆင်ထီးသည် မုန်ယိုကာ စိတ်ရိုင်းဝင်ပြီး ဒေသခံရွှေကျင်လုပ်သားများအား နင်းသတ်ခြင်း၊ ရွှေမှော်ပတ်ဝန်းကျင်တွင် နေထိုင်သူများကို အန္တရာယ် ပေးခြင်းများပြုလုပ်နေခြင်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့မှ ဆင်ဆရာဝန် ဒေါက်တာမျိုးမင်းအောင်ဦးစီးသည့် ဆင်ဖမ်းအဖွဲ့သည် ကွန်ဂျီဆင်သုံးကောင်၊ မေ့ဆေးသေနတ်နှစ်လက်ဖြင့် ဒေသခံတာဝန်ရှိသူများနှင့် ပူးပေါင်းကာ ဒီဇင်ဘာ ၂၉ ရက် မှစ၍ အဆိုပါဆင်အား ဖမ်းဆီးမည်ဖြစ်ကြောင်း သိရသည်။
သတင်း-ဝင်းနိုင်(ကချင်မြေ) Ref: Myanmaalinn #Myanmar_Online_News
<<Zawgyi>>
အင်းတော်ကြီးဒေသရှိ မုန်ယိုနေသည့်ဆင်အား မေ့ဆေးသေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးမည်ဟုသိရ
Saturday ,December 28 ,2019

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ညောင်ထောက်ကျေးရွာ အောက်ရွှေမှော်၌ မုန်ယိုကာစိတ်ရိုင်းဝင်နေသည့်ဆင်အား မေ့ဆေးသေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးမည်ဖြစ်ကြောင်း မိုးညှင်းမြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ ညောင်ထောက်ကျေးရွာ၊ အောက်ရွှေမှော်၌ အောင်ဘုအမည်ရှိ အသက်(၄၉ နှစ်)အရွယ် အိမ်မွေး ဆင်ထီးသည် မုန်ယိုကာ စိတ်ရိုင်းဝင်ပြီး ဒေသခံရွှေကျင်လုပ်သားများအား နင်းသတ်ခြင်း၊ ရွှေမှော်ပတ်ဝန်းကျင်တွင် နေထိုင်သူများကို အန္တရာယ် ပေးခြင်းများပြုလုပ်နေခြင်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့မှ ဆင်ဆရာဝန် ဒေါက်တာမျိုးမင်းအောင်ဦးစီးသည့် ဆင်ဖမ်းအဖွဲ့သည် ကွန်ဂျီဆင်သုံးကောင်၊ မေ့ဆေးသေနတ်နှစ်လက်ဖြင့် ဒေသခံတာဝန်ရှိသူများနှင့် ပူးပေါင်းကာ ဒီဇင်ဘာ ၂၉ ရက် မှစ၍ အဆိုပါဆင်အား ဖမ်းဆီးမည်ဖြစ်ကြောင်း သိရသည်။
သတင်း-ဝင်းနိုင်(ကချင်မြေ) Ref: Myanmaalinn #Myanmar_Online_News

0 comments:

Post a Comment