Wednesday, December 4, 2019

KIA (ကချင်) လက်နက်ကိုင်အဖွဲ့ထံမှ လက်နက်/ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

No photo description available.

နိုဝင်ဘာလ ၂၉ ရက် နေ့လည် ၁၂ နာရီအချိန်ခန့်တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းတစ်ကြောင်းသည် နန်ဆန်ယန်ကျေးရွာ၏ အနောက်မြောက်ဘက် ၃ မိုင်ခန့်အကွာ သို့ အရောက် KIA အဖွဲ့များက စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သောင်းကျန်းသူများ အနောက်တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ၎င်းတို့အခြေပြုထားသည့် စခန်း ၁ ခုအား သိမ်းပိုက်ရရှိခဲ့သည်။

၎င်းဖြစ်စဉ်နေရာတစ်ဝိုက်အား ဆက်လက်ရှာဖွေရာ KIA ယူနီဖောင်းဝတ် အလောင်း ၁ လောင်း၊ KIA အဖွဲ့မှ ထုတ်လုပ်သော ၁၀၇ မမ ရှော့တိုက်ဒုံးပစ်စင် ၁ ခုနှင့် ၎င်း ဒုံးသီး ၁ လုံး၊ ၆၀ မမ စိန်ပြောင်း ၁ လက်၊ ၆၀ မမ ဗုံးသီး ၄ လုံး၊ အမ်- ၂၂ သေနတ် ၄ လက်၊အမ်-၂၂ ကျည်အိမ် ၂၄ ခု၊ အမ်-၂၂ ကျည် ၂၁၆ တောင့်၊ လလက်ပစ်ဗုံး ၂ လုံး၊ ရီမုခလုတ် ၁၉ ခု၊ ဆားကစ်ပြား(ဓာတ်ခဲအပါ) ၂၂ ခု၊ မှန်ပြောင်း ၁ လက်၊ အိုင်ကွန် ၂ လုံး၊ လူနေတဲ ၁၂ လုံလုံး၊ ပစ်ကျင်း ၂၀ ကျင်းနှင့် ဆက်စပ်ပစ္စည်းတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အဆိုပါနယ် မြေတစ်ဝိုက်အား တပ်မတော်စစ် ကြောင်းများက နယ်မြေစိုးမိုးရေးနှင့် နယ် မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
<<Zawgyi>>
KIA (ကချင်) လက်နက်ကိုင်အဖွဲ့ထံမှ လက်နက်/ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ
Thursday, December 5 , 2019

နိုဝင်ဘာလ ၂၉ ရက် နေ့လည် ၁၂ နာရီအချိန်ခန့်တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းတစ်ကြောင်းသည် နန်ဆန်ယန်ကျေးရွာ၏ အနောက်မြောက်ဘက် ၃ မိုင်ခန့်အကွာ သို့ အရောက် KIA အဖွဲ့များက စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သောင်းကျန်းသူများ အနောက်တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ၎င်းတို့အခြေပြုထားသည့် စခန်း ၁ ခုအား သိမ်းပိုက်ရရှိခဲ့သည်။
၎င်းဖြစ်စဉ်နေရာတစ်ဝိုက်အား ဆက်လက်ရှာဖွေရာ KIA ယူနီဖောင်းဝတ် အလောင်း ၁ လောင်း၊ KIA အဖွဲ့မှ ထုတ်လုပ်သော ၁၀၇ မမ ရှော့တိုက်ဒုံးပစ်စင် ၁ ခုနှင့် ၎င်း ဒုံးသီး ၁ လုံး၊ ၆၀ မမ စိန်ပြောင်း ၁ လက်၊ ၆၀ မမ ဗုံးသီး ၄ လုံး၊ အမ်- ၂၂ သေနတ် ၄ လက်၊အမ်-၂၂ ကျည်အိမ် ၂၄ ခု၊ အမ်-၂၂ ကျည် ၂၁၆ တောင့်၊ လလက်ပစ်ဗုံး ၂ လုံး၊ ရီမုခလုတ် ၁၉ ခု၊ ဆားကစ်ပြား(ဓာတ်ခဲအပါ) ၂၂ ခု၊ မှန်ပြောင်း ၁ လက်၊ အိုင်ကွန် ၂ လုံး၊ လူနေတဲ ၁၂ လုံလုံး၊ ပစ်ကျင်း ၂၀ ကျင်းနှင့် ဆက်စပ်ပစ္စည်းတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အဆိုပါနယ် မြေတစ်ဝိုက်အား တပ်မတော်စစ် ကြောင်းများက နယ်မြေစိုးမိုးရေးနှင့် နယ် မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment