Sunday, January 26, 2020

ဘင်္ဂလားဒေ့ရှ်လေတပ် အမေရိကန်နိုင်ငံထုတ် အပါချီတိုကခိုက်ရေးရဟတ်ယာဥ်များ ဝယ်ယူရန် စိတ်ဝင်စားနေ

Image may contain: one or more people
ဘင်္ဂလားဒေ့ရှ်လေတပ်သည် အမေရိကန်နိုင်ငံထုတ် နာမည်ကျော် အပါချီ တိုက်ခိုက်ရေးရဟတ်ယာဉ်များအားဝယ်ယူနိုင်ရန်အတွက် များစွာစိတ်ဝင်စားနေကြောင်း အင်တာနက်သတင်းများတွင်ဖော်ပြလျှက်ရှိပါသည်။ ဇန်နဝါရီလ ၂၃ ရက်နေ့ သတင်းများတွင် ဘင်္ဂလားဒေ့ရှ်လေတပ်အနေဖြင့် တိုက်ခိုက်ရေးရဟတ်ယာဉ်အတွက် AH-64E Apache အား ဝယ်ယူရန်အတွက် ကနဦးအနေဖြင့် ရွေးချယ်ထားပြီဟုဆိုကြသည်။ AH-64 ရဟတ်ယာဉ်သည် အမေရိကန်နိုင်ငံ Boeing ကုမ္ပဏီမှထုတ်လုပ်သော နာမည်ကျော်တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြစ်လေသည်။ ယခု သတင်းအား သက်ဆိုင်ရာ ကုမ္ပဏီတာဝန်ရှိသူများမှလည်း အတည်ပြုထားပြီးဖြစ်လေသည်။

ဘိုးအင်းကုမ္ပဏီ၏ နိုင်ငံခြားအရောင်းဌာန မန်နေဂျာဖြစ်သူ Terry Jamison မှ ၂၁ ရက်နေ့တွင်ပြုလုပ်သော မီဒီယာအင်တာဗျူးတွင် အဆိုပါကိစ္စအားဖြေကြားခဲ့သည်။ ၎င်း၏အဆိုအရ အမေရိကန်နှင့် တောင်အာရှနိုင်ငံငယ်ဖြစ်သော ဘင်္ဂလားဒေ့ရှ်တို့အကြားတွင် သဘောတူညီချက်များချမှတ်သွားမည်ဖြစ်သည်ဟုအတည်ပြုခဲ့သည်။ ဘင်္ဂလားဒေ့ရှ်သည် တိုက်ခိုက်ရေးရဟတ်ယာဉ်အတွက် Apache ကို ရွေးချယ်ခဲ့ပြီးဝယ်ယူရန်ထပ်ဆင့်အတည်ပြုပါက အရောင်းအဝယ်အထမြောက်မည်ဟုဆိုခဲ့သည်။ ဘင်္ဂလားဒေ့ရှ်သည် စွမ်းဆောင်ရည်ပေါ်တွင်အကဲဖြတ်ကာ ရွေးချယ်ခဲ့ခြင်းဖြစ်ပုံရပြီးဝယ်ယူဖြစ်ပါကဈေးနှုန်းအား ထပ်ဆင့်အတည်ပြုမည်ဟု ဆိုလေသည်။

ဘင်္ဂလားဒေ့ရှ်လေတပ်သည် လက်ရှိအချိန်တွင် တိုက်ခိုက်ရေးရဟတ်ယာဉ် (Attack Helicopter) ဟူ၍ မရှိပေ။ ၎င်းတို့လေတပ်တွင် Mi-171 ရဟတ်ယာဉ်များကိုသာ ပဲ့ထိန်းမဲ့လက်နက်များတပ်ဆင်၍ အသုံးပြုနေခဲ့ရသည်မှ ကာလကြာရှည်နေပြီဖြစ်သည်။ ၎င်းရဟတ်ယာဉ်များသည် အလတ်စားသယ်ပို့ရဟတ်ယာဉ်တာဝန်ကိုပါပူးတွဲထမ်းဆောင်ရပြီး လေးလံသောကြောင့်ရန်သူမှအလွယ်တကူတိုက်ခိုက်နိုင်လေသည်။

AH-64E ရဟတ်ယာဉ်သည် နာမည်ကျော်တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြစ်ပြီး စစ်ပွဲပေါင်းများစွာပါဝင်တိုက်ခိုက်ခဲ့ဖူးလေသည်။ ယနေ့အထိ Apache ရဟတ်ယာဉ်များပါဝင်ခဲ့သော စစ်ပွဲများစွာရှိပြီး ယခုနောက်ဆုံးဖြစ်ပွားနေသော အီရန် - အမေရိကန် တင်းမာမှုများအတွင်းပင် ပါဝင်နေပေသည်။ ကမ္ဘာပေါ်တွင် အမေရိကန်နှင့် ရင်းနှီးသော နိုင်ငံအများမှ သုံးစွဲနေကြပြီး စွမ်းဆောင်ရည်ကောင်းများရရှိထားပေသည်။ သို့သော် နောက်ဆုံးဖြစ်ပွားနေသော ဆော်ဒီ - ယီမင် စစ်ပွဲအတွင်းတွင် ဆော်ဒီ စစ်တပ်၏ အပါချီ ရဟတ်ယာဉ် ၁၁ စီး အထိဆုံးရှုံးထားပြီး အားလုံး ယီမင်သူပုန်များနှင့် ဖြစ်ပွားနေသောတိုက်ပွဲများအတွင်း ဆုံးရှုံးရခြင်းဖြစ်သည်။ ၎င်းတို့ထဲမှ ၉ စီးခန့်သည် လေယာဉ်ပစ်ဒုံးပျံများအသုံးပြုကာ တစ်နည်းနည်းဖြင့်ပစ်ချခံခဲ့ရခြင်းလည်းဖြစ်လေသည်။

စာရေးသူအမြင်ဖြင့်ပြောရလျှင် ဘင်္ဂလားဒေ့ရှ်ကဲ့သို့ ပြည်တွင်းသောင်းကျန်းသူနှိမ်နင်းရေးစစ်ပွဲများမရှိသော နိုင်ငံအတွက် ယခုဝယ်ယူမှုသည် မလိုအပ်သောဝယ်ယူမှုဟူ၍ ပြောနိုင်ပေသည်။ ၎င်းတို့လေတပ်၏ လက်ရှိပိုင်ဆိုင်မှုအရ သက်တမ်းအိုမင်းကာ ခေတ်နှင့်လျှော်ညီခြင်းမရှိတော့သော F-7BG တိုက်လေယာဉ်နှင့် တတိယမျိုးဆက်ကြားဖြတ်တိုက်လယောဉျဖွစျသော F-7BGI တိုကျလယောဉျမြားကိုသာ ကြောရိုးပွုတညျဆောကျထားရသညျကိုတွေ့ရပေသည်။ တိုက်ခိုက်ရေးရဟတ်ယာဉ်များသည် လေကြောင်းအရေးသာမှုရှိနေမှသာလျှင် စစ်ပွဲတွင်သုံးစွဲရန်အဆင်ပြသေော ရဟတယြာဉမြွားဖှစလြသညြေ။ ဆောဒြီတပမြတောကြဲ့သို့သော ခတြမေီတပမြတောသြညြ ယီမငသြူပုနမြွားနှငြ့ တိုကခြိုကရြာတှငြ လကှေောငြးအကဲသာမှုမွားစှာရရှိထားသော်လည်း များပြားလှသော Apache ရဟတ်ယာဉ်များအားဆုံးရှုံးနေရသည်။ ထို့ကြောင့် လေကြောင်းအရေးသာမှုအတွက် တိုက်လေယာဉ်အသစ်များအား ဦးစွာဖြည့်တင်းပြီးမှသာ ယခုကဲ့သို့ တိုက်ခိုက်ရေးရဟတ်ယာဉ်များအားဝယ်ယူသင့်ပေသည်။

ဈေးနှုန်းအားဖြင့်မူ AH-64 ရဟတ်ယာဉ်သည် တိုက်လေယာဉ်တစ်စီးဈေးနှုန်းဝန်းကျင်အထိရှိနေသည်ကိုတွေ့ရပေသည်။ ဈေးနှုန်းအားဖြင့် ကြီးမြင့်သော ရဟတ်ယာဉ်ဖြစ်သောကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် အမှန်တစ်ကယ်ဝယ်ယူမည်လား အစီးရေမည်မျှထိဝယ်ယူသွားမည်နည်းဆိုခြင်းကိုလည်း လက်တလောတွင်မသိရှိရသေးပေ။ ယခင်ကလည်း ရုရှားလုပ် တိုက်လေယာဉ်များ တရုတ်လုပ် တိုက်လေယာဉ်များအားဝယ်ယူရန်ရွေးချယ်ပြီးမှ ဈေးနှုန်းကြီးမြင့်သောအကြောင်းပြချက်ဖြင့် ပါယ်ချခဲ့ဖူးသော ဖြစ်စဉ်အများအပြားရှိသောကြောင့် ယခု AH-64E သတင်းအားလည်း ဆက်လက်စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါသည်။
Source - The Fifth Wave News
<zawgyi>
ဘင်္ဂလားဒေ့ရှ်လေတပ် အမေရိကန်နိုင်ငံထုတ် အပါချီတိုကခိုက်ရေးရဟတ်ယာဥ်များ ဝယ်ယူရန် စိတ်ဝင်စားနေ
Sunday, January 26, 2020

ဘင်္ဂလားဒေ့ရှ်လေတပ်သည် အမေရိကန်နိုင်ငံထုတ် နာမည်ကျော် အပါချီ တိုက်ခိုက်ရေးရဟတ်ယာဉ်များအားဝယ်ယူနိုင်ရန်အတွက် များစွာစိတ်ဝင်စားနေကြောင်း အင်တာနက်သတင်းများတွင်ဖော်ြပလျှက်ရှိပါသည်။ ဇန်နဝါရီလ ၂၃ ရက်နေ့ သတင်းများတွင် ဘင်္ဂလားဒေ့ရှ်လေတပ်အနေဖြင့် တိုက်ခိုက်ရေးရဟတ်ယာဉ်အတွက် AH-64E Apache အား ဝယ်ယူရန်အတွက် ကနဦးအနေဖြင့် ရွေးချယ်ထားပြီဟုဆိုကြသည်။ AH-64 ရဟတ်ယာဉ်သည် အမေရိကန်နိုင်ငံ Boeing ကုမ္ပဏီမှထုတ်လုပ်သော နာမည်ကျော်တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြစ်လေသည်။ ယခု သတင်းအား သက်ဆိုင်ရာ ကုမ္ပဏီတာဝန်ရှိသူများမှလည်း အတည်ပြုထားပြီးဖြစ်လေသည်။

ဘိုးအင်းကုမ္ပဏီ၏ နိုင်ငံခြားအရောင်းဌာန မန်နေဂျာဖြစ်သူ Terry Jamison မှ ၂၁ ရက်နေ့တွင်ပြုလုပ်သော မီဒီယာအင်တာဗျူးတွင် အဆိုပါကိစ္စအားဖြေကြားခဲ့သည်။ ၎င်း၏အဆိုအရ အမေရိကန်နှင့် တောင်အာရှနိုင်ငံငယ်ဖြစ်သော ဘင်္ဂလားဒေ့ရှ်တို့အကြားတွင် သဘောတူညီချက်များချမှတ်သွားမည်ဖြစ်သည်ဟုအတည်ပြုခဲ့သည်။ ဘင်္ဂလားဒေ့ရှ်သည် တိုက်ခိုက်ရေးရဟတ်ယာဉ်အတွက် Apache ကို ရွေးချယ်ခဲ့ပြီးဝယ်ယူရန်ထပ်ဆင့်အတည်ပြုပါက အရောင်းအဝယ်အထမြောက်မည်ဟုဆိုခဲ့သည်။ ဘင်္ဂလားဒေ့ရှ်သည် စွမ်းဆောင်ရည်ပေါ်တွင်အကဲဖြတ်ကာ ရွေးချယ်ခဲ့ခြင်းဖြစ်ပုံရပြီးဝယ်ယူဖြစ်ပါကဈေးနှုန်းအား ထပ်ဆင့်အတည်ပြုမည်ဟု ဆိုလေသည်။

ဘင်္ဂလားဒေ့ရှ်လေတပ်သည် လက်ရှိအချိန်တွင် တိုက်ခိုက်ရေးရဟတ်ယာဉ် (Attack Helicopter) ဟူ၍ မရှိပေ။ ၎င်းတို့လေတပ်တွင် Mi-171 ရဟတ်ယာဉ်များကိုသာ ပဲ့ထိန်းမဲ့လက်နက်များတပ်ဆင်၍ အသုံးပြုနေခဲ့ရသည်မှ ကာလကြာရှည်နေပြီဖြစ်သည်။ ၎င်းရဟတ်ယာဉ်များသည် အလတ်စားသယ်ပို့ရဟတ်ယာဉ်တာဝန်ကိုပါပူးတွဲထမ်းဆောင်ရပြီး လေးလံသောကြောင့်ရန်သူမှအလွယ်တကူတိုက်ခိုက်နိုင်လေသည်။

AH-64E ရဟတ်ယာဉ်သည် နာမည်ကျော်တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြစ်ပြီး စစ်ပွဲပေါင်းများစွာပါဝင်တိုက်ခိုက်ခဲ့ဖူးလေသည်။ ယနေ့အထိ Apache ရဟတ်ယာဉ်များပါဝင်ခဲ့သော စစ်ပွဲများစွာရှိပြီး ယခုနောက်ဆုံးဖြစ်ပွားနေသော အီရန် - အမေရိကန် တင်းမာမှုများအတွင်းပင် ပါဝင်နေပေသည်။ ကမ္ဘာပေါ်တွင် အမေရိကန်နှင့် ရင်းနှီးသော နိုင်ငံအများမှ သုံးစွဲနေကြပြီး စွမ်းဆောင်ရည်ကောင်းများရရှိထားပေသည်။ သို့သော် နောက်ဆုံးဖြစ်ပွားနေသော ဆော်ဒီ - ယီမင် စစ်ပွဲအတွင်းတွင် ဆော်ဒီ စစ်တပ်၏ အပါချီ ရဟတ်ယာဉ် ၁၁ စီး အထိဆုံးရှုံးထားပြီး အားလုံး ယီမင်သူပုန်များနှင့် ဖြစ်ပွားနေသောတိုက်ပွဲများအတွင်း ဆုံးရှုံးရခြင်းဖြစ်သည်။ ၎င်းတို့ထဲမှ ၉ စီးခန့်သည် လေယာဉ်ပစ်ဒုံးပျံများအသုံးြပုကာ တစ်နည်းနည်းဖြင့်ပစ်ချခံခဲ့ရခြင်းလည်းဖြစ်လေသည်။

စာရေးသူအမြင်ဖြင့်ပြောရလျှင် ဘင်္ဂလားဒေ့ရှ်ကဲ့သို့ ပြည်တွင်းသောင်းကျန်းသူနှိမ်နင်းရေးစစ်ပွဲများမရှိသော နိုင်ငံအတွက် ယခုဝယ်ယူမှုသည် မလိုအပ်သောဝယ်ယူမှုဟူ၍ ပြောနိုင်ပေသည်။ ၎င်းတို့လေတပ်၏ လက်ရှိပိုင်ဆိုင်မှုအရ သက်တမ်းအိုမင်းကာ ခေတ်နှင့်လျှော်ညီခြင်းမရှိတော့သော F-7BG တိုက်လေယာဉ်နှင့် တတိယမျိုးဆက်ကြားဖြတ်တိုက်လယောဉျဖွစျသော F-7BGI တိုကျလယောဉျမြားကိုသာ ကြောရိုးပွုတညျဆောကျထားရသညျကိုတွေ့ရပေသည်။ တိုက်ခိုက်ရေးရဟတ်ယာဉ်များသည် လေကြောင်းအရေးသာမှုရှိနေမှသာလျှင် စစ်ပွဲတွင်သုံးစွဲရန်အဆင်ပြသေော ရဟတျယာဉျမြားဖွစျလသေညျ။ ဆောျဒီတပျမတောျကဲ့သို့သော ခတျေမီတပျမတောျသညျ ယီမငျသူပုနျမြားနှငျ့ တိုကျခိုကျရာတှငျ လကွေောငျးအကဲသာမှုမြားစှာရရှိထားသော်လည်း များပြားလှသော Apache ရဟတ်ယာဉ်များအားဆုံးရှုံးနေရသည်။ ထို့ကြောင့် လေကြောင်းအရေးသာမှုအတွက် တိုက်လေယာဉ်အသစ်များအား ဦးစွာဖြည့်တင်းပြီးမှသာ ယခုကဲ့သို့ တိုက်ခိုက်ရေးရဟတ်ယာဉ်များအားဝယ်ယူသင့်ပေသည်။

ဈေးနှုန်းအားဖြင့်မူ AH-64 ရဟတ်ယာဉ်သည် တိုက်လေယာဉ်တစ်စီးဈေးနှုန်းဝန်းကျင်အထိရှိနေသည်ကိုတွေ့ရပေသည်။ ဈေးနှုန်းအားဖြင့် ကြီးမြင့်သော ရဟတ်ယာဉ်ဖြစ်သောကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် အမှန်တစ်ကယ်ဝယ်ယူမည်လား အစီးရေမည်မျှထိဝယ်ယူသွားမည်နည်းဆိုခြင်းကိုလည်း လက်တလောတွင်မသိရှိရသေးပေ။ ယခင်ကလည်း ရုရှားလုပ် တိုက်လေယာဉ်များ တရုတ်လုပ် တိုက်လေယာဉ်များအားဝယ်ယူရန်ရွေးချယ်ပြီးမှ ဈေးနှုန်းကြီးမြင့်သောအကြောင်းပြချက်ဖြင့် ပါယ်ချခဲ့ဖူးသော ဖြစ်စဉ်အများအပြားရှိသောကြောင့် ယခု AH-64E သတင်းအားလည်း ဆက်လက်စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါသည်။
Source - The Fifth Wave News

0 comments:

Post a Comment