Thursday, January 2, 2020

ငွေကြေးလိမ်လည်မှု ပုဒ်မ ၄၂၀ ဖြင့် သရုပ်ဆောင် မေသန်းနု ထောင်ဒဏ် (၁) နှစ် ချမှတ်ခံရ

Image may contain: 6 people, people standingImage may contain: 2 people, people standing and outdoor
ထပ်ဆင့်အကယ်ဒမီ မေသန်းနု အား ငွေကြေးလိမ်လည်မှုဖြင့် ရန်ကင်းတရားရုံးမှ ယနေ့ နေ့လယ်ပိုင်းတွင် ထောင်ဒဏ် (၁) နှစ်ချမှတ်လိုက်ကြောင်း သတင်းများထွက်ပေါ်နေပြီး ယင်းသတင်းအား အတည်ပြုနိုင်ရန် စုံစမ်းမှုများပြုလုပ်လျက်ရှိပါသည်။

အကယ်ဒမီ မေသန်းနုကို တရားလိုဖြစ်သူ ဒေါ်စန်းစန်းမြင့်က ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်ရန် ကျပ်သိန်း ၁၂၀၀ လိမ်လည်မှုဖြင့် ပြီးခဲ့သည့် ၂၀၁၆ ဒီဇင်ဘာက တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ခင်ပွန်းဖြစ်သူ ဇင်ယော်မောင်မောင်မှ သူ၏လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဇနီးဖြစ်သူ အကယ်ဒမီ မေသန်းနု အမှုနှင့်ပတ်သက်၍ "ကျွန်တော် ဧ။် သားဖြစ်သူအတွက် သား၏မိခင်နှင့် ပတ်သက်၍ ရင်နှင့်အမျှ သားရော ကျွန်တော်ရော ခံစားမိပါတယ်။ သို့ဖြစ်ပါ၍ လိုအပ်သောအချိန်ကျမှသာလျှင် မီဒီယာများနှင့် ကျွန်တော် တို့ သားအဖနှစ်ယောက် တွေ့ဆုံမည် ဖြစ်ပါသည်။ ယခုအချိန်အခါတွင် သားဖြစ်သူဧ။် မိခင်အတွက် ကျွန်တော် အကောင်းဆုံးကြိုးစား ဆောင်ရွက်လျှက်ရှိပါကြောင်း အသိပေးမေတ္တာရပ်ခံအပ်ပါသည်။"စင်ရော်မောင်မောင် နှင့် သား မင်းသန့်မောင်မောင် ဆိုပြီးရေးသားဖော်ပြပေးထားပါသည်။
photo: moe kyaw lwin
Ref: AKonThi #Myanmar_Online_News

0 comments:

Post a Comment