ခရီးသည် ၃ ဦးကို ခြိမ်းခြောက်၍ ငွေကျပ် ၁၀ သိန်း ခန့်တောင်းရမ်းခဲ့သည့် မန္တလေးမှ ကယ်ရီသမား ၇ ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။
ယမန်နေ့ညနေပိုင်းက အိုက်လူထွန်း ဆိုသူအပါအဝင် လူ ၃ဦးသည် ပြည်ကြီးမျက်ရှင်ကားကြီးဝင်းမှ ဆိုင်ကယ် ကယ်ရီ ၂ စီးကို ငှားရမ်းကာ တည်းခိုခန်းသို့ သွားရောက်ကြောင်း၊ သို့သော် တည်းခိုခန်းတွင်အိပ်ခန်းများမကျန်တော့သဖြင့် ကားဂိတ်သို့ ပြန်လည်ပို့ဆောင်ခိုင်းခဲ့ကြောင်း ၊ ယင်းနောက် ဆိုင်ကယ်ကယ်ရီမောင်းသူ ၂ ဦးသည် ၎င်းတို့ ၃ ဦးအား ချမ်းအေး သာစံမြို့နယ် ၇၇ လမ်း၊ ၃၂x၃၃ လမ်းကြားသို့ ပို့ဆောင်၍ ခွေးဘီလူးယာဉ် ၁ စီးပေါ်သို့ တင်ပေးခဲ့ပြီး ဆိုင်ကယ်ကယ်ရီခအဖြစ် ၁ ဦးလျှင် ငွေ ၃၆,၀၀၀ ကျပ်နှုန်းဖြင့် ၁၀၈,၀၀၀ ကျပ် တောင်းခံခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။
ယင်းနောက် အဆိုပါ ခွေးဘီလူးယာဉ်ပေါ်တွင်ရှိနေသော အမျိုးသား ၅ ဦးတို့မှလည်း ဝိုင်းဝန်းခြိမ်းခြောက်ပြောဆိုပြီး ၎င်းတို့ထံမှ ၆၃၀,၀၀၀ ကျပ်နှင့် တရုတ်ငွေ ၁,၂၀၀ ယွမ် တို့ကို ခြိမ်းခြောက်လုယက်သွားခဲ့သည်ဟု သိရသည်။
ဆိုင်ကယ်ကယ်ရီသမား ၂ဦး နှင့် ခွေးဘီလူးယာဉ်ပေါ်မှ လူ ၅ ဦးတို့ကို စုံစမ်းရာ ဝင်းအောင် (ခ)နွားကြီးဆိုသူနှင့်အပေါင်းအပါ ၇ ဦးတို့ဖြစ်ကြောင်း သိရသည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။
လက်ရှိတွင် ၎င်းတို့ ၇ဦးကို မဟာအောင်မြေမြို့မရဲစခန်းတွင် (ပ)၃/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆/၁၁၄(ခြောက်လှန့် တောင်းယူမှု၊ အားပေးကူညီမှု)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
Source:သတင်းတမန် #Myanmar_Online_News
<<Zawgyi>>
မန္တလေးတွင် ခရီးသည် ၃ ဦးကို ခြိမ်းခြောက်၍ ငွေ ၁၀ သိန်းခန့် တောင်းရမ်းသည့် ကယ်ရီသမားအုပ်စုကို ဖမ်းဆီး
Thursday , January 2 , 2020
ခရီးသည် ၃ ဦးကို ခြိမ်းခြောက်၍ ငွေကျပ် ၁၀ သိန်း ခန့်တောင်းရမ်းခဲ့သည့် မန္တလေးမှ ကယ်ရီသမား ၇ ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။
ယမန်နေ့ညနေပိုင်းက အိုက်လူထွန်း ဆိုသူအပါအဝင် လူ ၃ဦးသည် ပြည်ကြီးမျက်ရှင်ကားကြီးဝင်းမှ ဆိုင်ကယ် ကယ်ရီ ၂ စီးကို ငှားရမ်းကာ တည်းခိုခန်းသို့ သွားရောက်ကြောင်း၊ သို့သော် တည်းခိုခန်းတွင်အိပ်ခန်းများမကျန်တော့သဖြင့် ကားဂိတ်သို့ ပြန်လည်ပို့ဆောင်ခိုင်းခဲ့ကြောင်း ၊ ယင်းနောက် ဆိုင်ကယ်ကယ်ရီမောင်းသူ ၂ ဦးသည် ၎င်းတို့ ၃ ဦးအား ချမ်းအေး သာစံမြို့နယ် ၇၇ လမ်း၊ ၃၂x၃၃ လမ်းကြားသို့ ပို့ဆောင်၍ ခွေးဘီလူးယာဉ် ၁ စီးပေါ်သို့ တင်ပေးခဲ့ပြီး ဆိုင်ကယ်ကယ်ရီခအဖြစ် ၁ ဦးလျှင် ငွေ ၃၆,၀၀၀ ကျပ်နှုန်းဖြင့် ၁၀၈,၀၀၀ ကျပ် တောင်းခံခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။
ယင်းနောက် အဆိုပါ ခွေးဘီလူးယာဉ်ပေါ်တွင်ရှိနေသော အမျိုးသား ၅ ဦးတို့မှလည်း ဝိုင်းဝန်းခြိမ်းခြောက်ပြောဆိုပြီး ၎င်းတို့ထံမှ ၆၃၀,၀၀၀ ကျပ်နှင့် တရုတ်ငွေ ၁,၂၀၀ ယွမ် တို့ကို ခြိမ်းခြောက်လုယက်သွားခဲ့သည်ဟု သိရသည်။
ဆိုင်ကယ်ကယ်ရီသမား ၂ဦး နှင့် ခွေးဘီလူးယာဉ်ပေါ်မှ လူ ၅ ဦးတို့ကို စုံစမ်းရာ ဝင်းအောင် (ခ)နွားကြီးဆိုသူနှင့်အပေါင်းအပါ ၇ ဦးတို့ဖြစ်ကြောင်း သိရသည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။
လက်ရှိတွင် ၎င်းတို့ ၇ဦးကို မဟာအောင်မြေမြို့မရဲစခန်းတွင် (ပ)၃/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆/၁၁၄(ခြောက်လှန့် တောင်းယူမှု၊ အားပေးကူညီမှု)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
Source:သတင်းတမန် #Myanmar_Online_News
0 comments:
Post a Comment