Wednesday, January 1, 2020

မန္တလေးမြို့၌ လွတ်လပ်ရေးနေ့တွင် မန္တလေးသံစဉ်ဂန္ထဝင်ပုံရိပ်နှင့် မငြိမ်းချမ်းလို့မဖြစ်ဘူးဂီတပွဲတော် ခမ်းနားစွာကျင်းပမည်

No photo description available.

ဇန်နဝါရီ(၄)ရက်နေ့တွင် မန္တလေးဒေသခံမြို့မိမြိုဖများနှင့် မန္တလေးအခြေစိုက် တိုင်းရင်းသားလူမျိုးစုများအဖွဲ့တို့ပူးပေါင်းစီစဉ်ကျင်းပမည့် မန္တလေးသံစဉ်ဂန္ထဝင်ပုံရိပ်နှင့် မငြိမ်းချမ်းလို့မဖြစ်ဘူး ဂီတပွဲတော်ကို မန္တလေးမြို့ အမျိုးသားကဇာတ်ရုံ၌ ခမ်းနားစွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးသံစဉ်ဂန္ထဝင်ပုံရိပ်နှင့် မငြိမ်းချမ်းလို့မဖြစ်ဘူးဂီတပွဲတော်တွင် သီချင်းစာသား၏ အနှစ်သာရကိုပေါ်လွင်စေရန်နှင့် ကြည့်ရှုနားဆင်ခံစားနိုင်စေရေးအတွက် နောက်ခံစကားပြောများ၊ သမိုင်းမှတ်တမ်းများ၊ ငြိမ်းချမ်းခြင်းနှင့် မငြိမ်းချမ်းသည့်ကာလများတွင် နေထိုင်ရသည့် ဘဝဖြစ်စဉ်များအား ဇာတ်ညွှန်းများ ရေးဖွဲ့ကာ ယဉ်ကျေးမှုတက္ကသိုလ်(မန္တလေး) မှ အနုပညာရှင်များနှင့် ကယန်းတိုင်းရင်းသားလူမျိုးစုများစုပေါင်း၍ အင်အား ၇၀၀ ကျော်နှင့်အတူ ဂီတမိတ်ဝိုင်းတော်သားများဖြင့် သရုပ်ဖော်တင်ဆက်သွားမည်ဖြစ်သည်။
မငြိမ်းချမ်းလို့မဖြစ်ဘူး ဂီတသံစဉ်သီချင်းသည် ငြိမ်းချမ်းမှုမရှိသည့်ဖြစ်စဉ်များကို လက်တွေ့ခံစားခဲ့ရသည့် ကယား ပြည်နယ်မှ စတင်ပေါက်ဖွားလာခဲ့ကြောင်း၊ တနိုင်ငံလုံးငြိမ်းချမ်းမှုရရှိစေရန်အတွက် မငြိမ်းချမ်းသည့် ဖြစ်စဉ်များတွင် ပါဝင်သူအားလုံး၏ နှလုံးသားတွင် အတ္တ၊ မာနနှင့် မတူကွဲပြားမှုများကို လျှော့ချနိုင်စေရန်ရည်ရွယ်၍ တေးရေးဆရာ သစ်လွင်အောင်ကခံစားရေးဖွဲ့ပြီး ကယန်းတိုင်းရင်းသူ နော်ဂူးဂူးက ဒေသခံတီးဝိုင်းငယ်လေးဖြင့် စတင်သီဆိုတီးခတ်ရာမှ အဆိုပါသီချင်းစတင်ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သိရသည်။
Crd: ဦးရာဇ #Myanmar_Online_News
<<Zawgyi>>
မန္တလေးမြို့၌ လွတ်လပ်ရေးနေ့တွင် မန္တလေးသံစဉ်ဂန္ထဝင်ပုံရိပ်နှင့် မငြိမ်းချမ်းလို့မဖြစ်ဘူးဂီတပွဲတော် ခမ်းနားစွာကျင်းပမည်
Thursday , January 2 , 2020

ဇန်နဝါရီ(၄)ရက်နေ့တွင် မန္တလေးဒေသခံမြို့မိမြိုဖများနှင့် မန္တလေးအခြေစိုက် တိုင်းရင်းသားလူမျိုးစုများအဖွဲ့တို့ပူးပေါင်းစီစဉ်ကျင်းပမည့် မန္တလေးသံစဉ်ဂန္ထဝင်ပုံရိပ်နှင့် မငြိမ်းချမ်းလို့မဖြစ်ဘူး ဂီတပွဲတော်ကို မန္တလေးမြို့ အမျိုးသားကဇာတ်ရုံ၌ ခမ်းနားစွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးသံစဉ်ဂန္ထဝင်ပုံရိပ်နှင့် မငြိမ်းချမ်းလို့မဖြစ်ဘူးဂီတပွဲတော်တွင် သီချင်းစာသား၏ အနှစ်သာရကိုပေါ်လွင်စေရန်နှင့် ကြည့်ရှုနားဆင်ခံစားနိုင်စေရေးအတွက် နောက်ခံစကားပြောများ၊ သမိုင်းမှတ်တမ်းများ၊ ငြိမ်းချမ်းခြင်းနှင့် မငြိမ်းချမ်းသည့်ကာလများတွင် နေထိုင်ရသည့် ဘဝဖြစ်စဉ်များအား ဇာတ်ညွှန်းများ ရေးဖွဲ့ကာ ယဉ်ကျေးမှုတက္ကသိုလ်(မန္တလေး) မှ အနုပညာရှင်များနှင့် ကယန်းတိုင်းရင်းသားလူမျိုးစုများစုပေါင်း၍ အင်အား ၇၀၀ ကျော်နှင့်အတူ ဂီတမိတ်ဝိုင်းတော်သားများဖြင့် သရုပ်ဖော်တင်ဆက်သွားမည်ဖြစ်သည်။
မငြိမ်းချမ်းလို့မဖြစ်ဘူး ဂီတသံစဉ်သီချင်းသည် ငြိမ်းချမ်းမှုမရှိသည့်ဖြစ်စဉ်များကို လက်တွေ့ခံစားခဲ့ရသည့် ကယား ပြည်နယ်မှ စတင်ပေါက်ဖွားလာခဲ့ကြောင်း၊ တနိုင်ငံလုံးငြိမ်းချမ်းမှုရရှိစေရန်အတွက် မငြိမ်းချမ်းသည့် ဖြစ်စဉ်များတွင် ပါဝင်သူအားလုံး၏ နှလုံးသားတွင် အတ္တ၊ မာနနှင့် မတူကွဲပြားမှုများကို လျှော့ချနိုင်စေရန်ရည်ရွယ်၍ တေးရေးဆရာ သစ်လွင်အောင်ကခံစားရေးဖွဲ့ပြီး ကယန်းတိုင်းရင်းသူ နော်ဂူးဂူးက ဒေသခံတီးဝိုင်းငယ်လေးဖြင့် စတင်သီဆိုတီးခတ်ရာမှ အဆိုပါသီချင်းစတင်ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း သိရသည်။
Crd: ဦးရာဇ #Myanmar_Online_News

0 comments:

Post a Comment