Thursday, January 2, 2020

နတ်ကြီးသည်ဟု နာမည်ကြီးနေသော မုလအိ ဘုရားအကြောင်း တစေ့တစောင်း

Image may contain: text and outdoor

မုလအိ ဘုရားရှိရာတောင်ပေါ်ကအဆင်းမှာကားဘရိတ်ပေါက်ပြီးသေဆုံးတဲ့နာရေးသတင်းကြားရလို့ စိတ်မကောင်းပါဘူး။ သေဆုံးသူအကြောင်းလည်းသေချာ အတိအကျသိပ်မသိပေမယ့် မုလအိဘုရားနဲ့ပါတ်သက်ပြီးသိထားသင့်စရာ သတိထားစရာအချက်တွေရှိပါတယ်။

ဘုရားကိုတည်ထားခဲ့သူရဲ့ အမုန်းတရားနဲ့ ကျိန်စာတွေကြောင့်လို့ ရှေးရှေးက ပြောဆိုခဲ့ရာက အစဉ်အဆက် ဆရာတော်များကနေတဆင့်ပြောပြသတိပေးထားပါတယ်။
ဘုရားရှိရာတောင်နဲ့အနီးပါတ်ဝန်းကျင်နေရာများအားလုံးမှာ
* တောပစ် သားကောင်မပစ်ရ။
ဘုရားရှိရာတောင်အနီးပါတ်ဝန်းကျင်တဝိုက်မှာ
တောအရမ်းနက်ပါတယ်။ DKBA တပ်နဲ့ မြန်မာစစ်တပ်များ ရှိပါတယ်။ တောမပြစ်ရန်သားကောင်တွေ့သမျှမပြစ်ရန် အလှည့်ကျ ကျောင်းထိုင်ပေးသောဆရာတော်များက အမြဲသတိပေးပါတယ်။ သစ်ပင်များလည်း မခုတ်ရပါ။
တောအရမ်းနက်သဖြင့် ရံဖန်ရံခါတောင်ပေါ်တက်စဉ် ကျားကြီးများကျားသစ်များ ဒေါင်းများစသဖြင့်တွေ့ရနိုင်ပါတယ်။ (တောပစ်လာသောမြန်မာစစ်သားတချို့ နယ်ကျော်မိပြီးဝင်လာသဖြင့် အကြောင်းတစုံတရာအတိအကျမသိရဘဲ သေဆုံးနေတာတွေ တွေ့ရသိရှိရဖူးပါတယ်)

* ဘုရားရှိရာတောင်ပေါ်တက်ရင် တောင်အလယ် ယာဉ်ရပ်နားစခန်းခရီးတဝက်မှာ ကိုယ်ခန္ဓာသန့်ရှင်းစင်ကြယ်သွားအောင် ရေချိုးရပါမယ်။အမျိုးသမီးများ လစဉ် ဓမ္မတာလာနေလျှင်တောင်ပေါ်မတက်ရပါ။ အဝတ်အစားအတိုအပြတ်မလုံခြုံတာ မဝတ်ဆင်ရပါ။
* ဘုရား‌ရှိရာတောင်ပေါ်ကို လင်မယား သမီးရည်းစား တူယှဉ်တွဲ မတက်ရပါ။ တောင်ပေါ်စခန်းနားနေရာတွေမှာ အတူမအိပ်ရပါ။
* ဘုရားရှိရာတောင်ပေါ်ကိုတက်နေစဉ်ဘုရားဖူးနေစဉ် စကားကြမ်းကြမ်းမပြောရပါ။ ဆဲတာဆိုတာ နိမိတ်မရှိသောစကားများမပြောဆိုရပါ။
* သစ္စာမရှိ ဖေါက်ပြန်ထားသောသူများ ဘုရားရှိရာတောင်ပေါ်သို့ တက်လာလျှင် ချက်ချင်းမိုးတွေမှောင်လာပြီး မိုးကြိုးတွေပြစ်ချဖူးသောအကြောင်းကိစ္စများလည်းရှိခဲ့ဖူးပါသည်။
* အမျိုးသားများသာ သီးသန့်တက်ဖူးရသော တောင်ပေါ်ကဘုရားသို့ အမျိုးသမီးများ လုံးဝကျူးကျော်ဝင်ဖူး၍မရပါ။
မုလအိဘုရားရှိရာတောင်ပေါ်မှာ အလှည့်ကျ စောင့်ရှောက်ပေးသောဆရာတော်ကြီးများကလည်း
အထူးသတိပေးထားတာမို့
မုလအိဘုရားသည် သာမန်ဘုရားမဟုတ် တောနက်ထဲက နတ်ကြီးသော ကျိန်စာသင့်ဘုရားဖြစ်တာမို့ အလည်အပါတ် အပျော်သဘောမျိုးဖြင့်မသွားသင့်သည်ကို သတိထားရပါမည်နော်။ 🙏

Image may contain: one or more people, mountain, tree, outdoor and nature
Image may contain: car, outdoor and nature
Image may contain: cloud, sky, mountain, outdoor and nature
No photo description available.
Image may contain: one or more people
crd; mya dar #Myanmar_Online_News
<<Zawgyi>>
နတ်ကြီးသည်ဟု နာမည်ကြီးနေသော မုလအိ ဘုရားအကြောင်း တစေ့တစောင်း
Thursday , January 2 , 2020

မုလအိ ဘုရားရှိရာတောင်ပေါ်ကအဆင်းမှာကားဘရိတ်ပေါက်ပြီးသေဆုံးတဲ့နာရေးသတင်းကြားရလို့ စိတ်မကောင်းပါဘူး။ သေဆုံးသူအကြောင်းလည်းသေချာ အတိအကျသိပ်မသိပေမယ့် မုလအိဘုရားနဲ့ပါတ်သက်ပြီးသိထားသင့်စရာ သတိထားစရာအချက်တွေရှိပါတယ်။
ဘုရားကိုတည်ထားခဲ့သူရဲ့ အမုန်းတရားနဲ့ ကျိန်စာတွေကြောင့်လို့ ရှေးရှေးက ပြောဆိုခဲ့ရာက အစဉ်အဆက် ဆရာတော်များကနေတဆင့်ပြောပြသတိပေးထားပါတယ်။
ဘုရားရှိရာတောင်နဲ့အနီးပါတ်ဝန်းကျင်နေရာများအားလုံးမှာ
* တောပစ် သားကောင်မပစ်ရ။
ဘုရားရှိရာတောင်အနီးပါတ်ဝန်းကျင်တဝိုက်မှာ
တောအရမ်းနက်ပါတယ်။ DKBA တပ်နဲ့ မြန်မာစစ်တပ်များ ရှိပါတယ်။ တောမပြစ်ရန်သားကောင်တွေ့သမျှမပြစ်ရန် အလှည့်ကျ ကျောင်းထိုင်ပေးသောဆရာတော်များက အမြဲသတိပေးပါတယ်။ သစ်ပင်များလည်း မခုတ်ရပါ။
တောအရမ်းနက်သဖြင့် ရံဖန်ရံခါတောင်ပေါ်တက်စဉ် ကျားကြီးများကျားသစ်များ ဒေါင်းများစသဖြင့်တွေ့ရနိုင်ပါတယ်။ (တောပစ်လာသောမြန်မာစစ်သားတချို့ နယ်ကျော်မိပြီးဝင်လာသဖြင့် အကြောင်းတစုံတရာအတိအကျမသိရဘဲ သေဆုံးနေတာတွေ တွေ့ရသိရှိရဖူးပါတယ်)

* ဘုရားရှိရာတောင်ပေါ်တက်ရင် တောင်အလယ် ယာဉ်ရပ်နားစခန်းခရီးတဝက်မှာ ကိုယ်ခန္ဓာသန့်ရှင်းစင်ကြယ်သွားအောင် ရေချိုးရပါမယ်။အမျိုးသမီးများ လစဉ် ဓမ္မတာလာနေလျှင်တောင်ပေါ်မတက်ရပါ။ အဝတ်အစားအတိုအပြတ်မလုံခြုံတာ မဝတ်ဆင်ရပါ။
* ဘုရား‌ရှိရာတောင်ပေါ်ကို လင်မယား သမီးရည်းစား တူယှဉ်တွဲ မတက်ရပါ။ တောင်ပေါ်စခန်းနားနေရာတွေမှာ အတူမအိပ်ရပါ။
* ဘုရားရှိရာတောင်ပေါ်ကိုတက်နေစဉ်ဘုရားဖူးနေစဉ် စကားကြမ်းကြမ်းမပြောရပါ။ ဆဲတာဆိုတာ နိမိတ်မရှိသောစကားများမပြောဆိုရပါ။
* သစ္စာမရှိ ဖေါက်ပြန်ထားသောသူများ ဘုရားရှိရာတောင်ပေါ်သို့ တက်လာလျှင် ချက်ချင်းမိုးတွေမှောင်လာပြီး မိုးကြိုးတွေပြစ်ချဖူးသောအကြောင်းကိစ္စများလည်းရှိခဲ့ဖူးပါသည်။
* အမျိုးသားများသာ သီးသန့်တက်ဖူးရသော တောင်ပေါ်ကဘုရားသို့ အမျိုးသမီးများ လုံးဝကျူးကျော်ဝင်ဖူး၍မရပါ။
မုလအိဘုရားရှိရာတောင်ပေါ်မှာ အလှည့်ကျ စောင့်ရှောက်ပေးသောဆရာတော်ကြီးများကလည်း
အထူးသတိပေးထားတာမို့
မုလအိဘုရားသည် သာမန်ဘုရားမဟုတ် တောနက်ထဲက နတ်ကြီးသော ကျိန်စာသင့်ဘုရားဖြစ်တာမို့ အလည်အပါတ် အပျော်သဘောမျိုးဖြင့်မသွားသင့်သည်ကို သတိထားရပါမည်နော်။ 🙏

crd; mya dar #Myanmar_Online_News

0 comments:

Post a Comment