Sunday, January 26, 2020

တနိုင်းမြို့နယ်တွင် ကျောင်းသူတစ်ဦးအား ကျောင်းသားအုပ်စုလိုက်က သားမယားပြုကျင့်မှုဖြစ်


Image may contain: sky and outdoor
ကချင်ပြည်နယ်၊ တနိုင်းမြို့၊ လမုန်ကျေးရွာတွင် ဇန်နဝါရီ၂၀ရက်နေ့၊ နေ့လည်ပိုင်းအချိန်က ကျောင်းသူတစ်ဦးကို ကျောင်းသားအုပ်စုလိုက်က သားမယားပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း တနိုင်းမြို့မရဲစခန်းမှသိရသည်။
အဆိုပါဖြစ်စဉ် ဖြစ်ပွားသည့်နေ့တွင် လမုန်းကျေးရွာ စာသင်ကျောင်း၌ ကျောင်းစုံညီပွဲတော် ကျင်းပပြုလုပ်ရန်အတွက် ဆရာ/ဆရာမများက အခမ်းအနားပြင်ဆင်နေကြရာ ကျောင်းသား/ကျောင်းသူများက အဖွဲ့လိုက် လမုန် ရေလယ် ကျွန်းသို့သွားခဲ့ကြပြီး ကိုယ့်အဖွဲ့ သူ့အဖွဲ့လိုက် အရက်သောက်ခဲ့ကြကြောင်းသိရသည်။

"ဖြစ်တာက လမုန်ရေလယ်ကျွန်းမှာ ဖြစ်တာ၊ မိန်းကလေးတွေကတစ်စု၊ ယောက်ျားလေးတွေကတစ်စု အရက်သောက်ကြတာ ဆရာတွေက လိုက်ရှာတော့ ထွက်ပြေးကြတာပေါ့ အဲ့မှာ ကောင်မလေးတစ်ယောက်ကမူးပြီး မပြေးနိုင် လို့ကျန်ထားတာ ကောင်မလေးတွေနဲ့သောက်တဲ့ ကောင်လေးတစ်ယောက်က ခေါ်သွားပေးလိုက်တာ ယောက်ျားလေးတွေအများကြီးရှိတဲ့ဘက်ကိုရောက်သွားတော့ အဲ့လိုတွေဖြစ်သွားတာ''ဟု တနိုင်းမြို့မရဲစခန်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးနောက် သားမယားပြုကျင့်ခံရသူ ဆဋ္ဌမတန်း ကျောင်းသူမှာ တနိုင်းဆေးရုံတွင်ဆေးကုသမှုခံယူခဲ့ရပြီး ယခုအခါကျန်းမာရေး ပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံမှဆင်းသွားပြီဟုသိရသည်။

ကျောင်းဆင်းချိန်၌ ကျောင်းသား/သူများက အရက်ဖြူဝယ်ပြီး လမုံရေလယ်ကျွန်းသို့သွားခဲ့ကြောင်း ကျောင်းသား/သူများမှာ အတန်းငယ်များဖြစ်ပြီး အကြီးဆုံး နဝမတန်း တစ်ဦးသာပါဝင်ကြောင်း လမုန်ကျေးရွာ ရပ်မိရပ်ဖတစ်ဦး ကဆိုသည်။

" ကလေးတွေက ကျောင်းဆင်းတော့ အရက်ဖြူဝယ်သွား အဲ့မှာ ကောင်းမလေးက(၄)ယောက်၊ ကောင်လေးတွေက(၈)ယောက်ဆိုလား တောထဲမှာသွားပြီးသောက်ကြစားကြ မူးပြီး အဲ့လိုတွေဖြစ်သွားတာ၊ ကောင်မလေး၃ယောက်တော့အိမ်ပြန်သွားတယ် တစ်ယောက်ဘဲကျန်ထားတာ '' ဟု၎င်းက ပြောသည်။

လက်ရှိတွင် ကျောင်းသား(၈)ဦးကို ရဲစခန်းဝင်း ၌ထိန်းသိမ်းထားပြီး စစ်ဆေးရာ အမှန်တကယ် ကျူးလွန်သူမှာ ၄ဦးဖြစ်ကြောင်း သိရသည်။

တနိုင်းမြို့ လမုန် ရေလယ်ကျွန်းနေရာတွင် သစ်ပင်များအုပ်ဆိုင်းကာ မာဖီးယားဂိုဏ်သားများကျင်လည်ရာနေရာကဲ့သို့ဖြစ်နေပြီး မူးယစ်ဆေးအသုံးပြုထားသော ဆေးထိုးအပ်အဟောင်းများလည်း ပေါများစွာတွေ့မြင်ရကြောင်း မကောင်းမှုပြုလုပ်ရန် သီးသန့်နေရာကဲ့သို့ဖြစ်နေသည့်အတွက် အဆိုပါနေရာရှိသစ်ပင် ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းရန်လိုအပ်နေကြောင်းဒေသခံများထံမှသိရသည်။
Ref; Myitphyar Irra; #Myanmar_Online_News
>>Zawgyi<<
တနိုင်းမြို့နယ်တွင် ကျောင်းသူတစ်ဦးအား ကျောင်းသားအုပ်စုလိုက်က သားမယားပြုကျင့်မှုဖြစ်
Sunday, January 26, 2020
ကချင်ပြည်နယ်၊ တနိုင်းမြို့၊ လမုန်ကျးရွာတွင် ဇန်နဝါရီ၂၀ရက်နေ့၊ နေ့လည်ပိုင်းအချိန်က ကျောင်းသူတစ်ဦးကို ကျောင်းသားအုပ်စုလိုက်က သားမယားပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း တနိုင်းမြို့မရဲစခန်းမှသိရသည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားသည့်နေ့တွင် လမုန်ေ ကျး ရွာ စာသင်ကျောင်း၌ ကျောင်းစုံညီပွဲတော် ကျင်းပပြုလုပ်ရန်အတွက် ဆရာ/ဆရာမများက အခမ်းအနားပြင်ဆင်နေကြရာ ကျောင်းသား/ကျောင်းသူများက အဖွဲ့လိုက် လမုန် ရေလယ် ကျွန်းသို့သွားခဲ့ကြပြီး ကိုယ့်အဖွဲ့ သူ့အဖွဲ့လိုက် အရက်သောက်ခဲ့ကြကြောင်းသိရသည်။

"ဖြစ်တာက လမုန်ရေလယ်ကျွန်းမှာ ဖြစ်တာ၊ မိန်းကလေးတွေကတစ်စု၊ ယောက်ျားလေးတွေကတစ်စု အရက်သောက်ကြတာ ဆရာတွေက လိုက်ရှာတော့ ထွက်ပြေးကြတာပေါ့ အဲ့မှာ ကောင်မလေးတစ်ယောက်ကမူးပြီး မပြေးနိုင် လို့ကျန်ထားတာ ကောင်မလေးတွေနဲ့သောက်တဲ့ ကောင်လေးတစ်ယောက်က ခေါ်သွားပေးလိုက်တာ ယောက်ျားလေးတွေအများကြီးရှိတဲ့ဘက်ကိုရောက်သွားတော့ အဲ့လိုတွေဖြစ်သွားတာ''ဟု တနိုင်းမြို့မရဲစခန်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးေနာက် သားမယားပြုကျင့်ခံရသူ ဆဋ္ဌမတန်း ကျောင်းသူမှာ တနိုင်းဆေးရုံတွင်ဆေးကုသမှုခံယူခဲ့ရပြီး ယခုအခါကျန်းမာရေး ပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံမှဆင်းသွားပြီဟုသိရသည္။

ကျောင်းဆင်းချိန်၌ ကျောင်းသား/သူများက အရက်ဖြူဝယ်ပြီး လမုံရေလယ်ကျွန်းသို့သွားခဲ့ကြောင်း ကျောင်းသား/သူများမှာ အတန်းငယ်များဖြစ်ပြီး အကြီးဆုံး နဝမတန်း တစ်ဦးသာပါဝင်ကြောင်း လမုန်ကျေးရွာ ရပ်မိရပ်ဖတစ်ဦး ကဆိုသည်။

" ကလေးတွေက ကျောင်းဆင်းတော့ အရက်ဖြူဝယ်သွား အဲ့မှာ ကောင်းမလေးက(၄)ယောက်၊ ကောင်လေးတွေက(၈)ယောက်ဆိုလား တောထဲမှာသွားပြီးသောက်ကြစားကြ မူးပြီး အဲ့လိုတွေဖြစ်သွားတာ၊ ကောင်မလေး၃ယောက်တော့အိမ်ပြန်သွားတယ် တစ်ယောက်ဘဲကျန်ထားတာ '' ဟု၎င်းက ပြောသည်။

လက်ရှိတွင် ကျောင်းသား(၈)ဦးကို ရဲစခန်းဝင်း ၌ထိန်းသိမ်းထားပြီး စစ်ဆေးရာ အမှန်တကယ် ကျူးလွန်သူမှာ ၄ဦးဖြစ်ကြောင်း သိရသည်။

တနိုင်းမြို့ လမုန် ရေလယ်ကျွန်းနေရာတွင် သစ်ပင်များအုပ်ဆိုင်းကာ မာဖီးယားဂိုဏ်သားများကျင်လည်ရာနေရာကဲ့သို့ဖြစ်နေပြီး မူးယစ်ဆေးအသုံးပြုထားသော ဆေးထိုးအပ်အဟောင်းများလည်း ပေါများစွာတွေ့မြင်ရကြောင်း မကောင်းမှုပြုလုပ်ရန် သီးသန့်နေရာကဲ့သို့ဖြစ်နေသည့်အတွက် အဆိုပါနေရာရှိသစ်ပင် ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းရန်လိုအပ်နေကြောင်းဒေသခံများထံမှသိရသည်။
Ref; Myitphyar Irra; #Myanmar_Online_News

0 comments:

Post a Comment