ယနေ့(ဇန်နဝါရီလ ၂ ရက်)နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော် ဂျကာတာနှင့် အနီးတဝိုက်တွင် ဖြစ်ပွားလျှက်ရှိသော ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၂၁ ဦးအထိရှိလာပြီဖြစ်ကြောင်း လူမှုဖူလုံရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဂျိုကိုဟာရီယန်တိုက ရိုက်တာသတင်းဌာနအား ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၃၁ ရက်နေ့မှသည် ဇန်နဝါရီ ၁ ရက်နေ့ နံနက် စောစောပိုင်းအထိ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ဂျကာတာမြို့တော် အနောက်တောင်ပိုင်းနှင့် အနီးတဝိုက်ရှိမြို့များ ရေကြီးရေလျှံမှုဖြစ်ပွားလျှက်ရှိခြင်းဖြစ်သည်။
ထိုသို့ရေကြီးရေလျှံမှုဖြစ်ပွားခြင်းကြောင့် လူဦးရေ သုံးသောင်းထက်မနည်းကို ယာယီရွှေ့ပြောင်းပေးခဲ့ရပြီး မီးရထားလမ်းအချို့နှင့် လျှပ်စစ်ဓာတ်အားလိုင်းအချို့ ဆက်သွယ်မှုပြတ်တောက်လျှက်ရှိသည်။
Source: Reuters #Myanmar_Online_News
<<Zawgyi>>
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာနှင့် အနီးတဝိုက် ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၂၁ ဦးအထိရှိလာ
Thursday , January 2 , 2020
ယနေ့(ဇန်နဝါရီလ ၂ ရက်)နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော် ဂျကာတာနှင့် အနီးတဝိုက်တွင် ဖြစ်ပွားလျှက်ရှိသော ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၂၁ ဦးအထိရှိလာပြီဖြစ်ကြောင်း လူမှုဖူလုံရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဂျိုကိုဟာရီယန်တိုက ရိုက်တာသတင်းဌာနအား ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၃၁ ရက်နေ့မှသည် ဇန်နဝါရီ ၁ ရက်နေ့ နံနက် စောစောပိုင်းအထိ မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ဂျကာတာမြို့တော် အနောက်တောင်ပိုင်းနှင့် အနီးတဝိုက်ရှိမြို့များ ရေကြီးရေလျှံမှုဖြစ်ပွားလျှက်ရှိခြင်းဖြစ်သည်။
ထိုသို့ရေကြီးရေလျှံမှုဖြစ်ပွားခြင်းကြောင့် လူဦးရေ သုံးသောင်းထက်မနည်းကို ယာယီရွှေ့ပြောင်းပေးခဲ့ရပြီး မီးရထားလမ်းအချို့နှင့် လျှပ်စစ်ဓာတ်အားလိုင်းအချို့ ဆက်သွယ်မှုပြတ်တောက်လျှက်ရှိသည်။
Source: Reuters #Myanmar_Online_News
0 comments:
Post a Comment