Sunday, January 26, 2020

ဝူဟန်ဆေးရုံတွင် ဆရာဝန်တစ်ဦးသေဆုံးခြင်းသည် Corona Virus ပိုးကူးစက်ခြင်းနှင့်မသက်ဆိုင်ဟု Chaina Daily သတင်းကထုတ်ပြန်

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၆ ရက်နေ့ကတရုတ်နိုင်ငံ ဟူပွေပြည်နယ် ဝူဟန်မြို့မှအသက် ၆၂ အရွယ် နားနှာခေါင်း လည်ချောင်းအထူးကု ( အငြိမ်းစား ) Dr. Liang Wodong သည် ဇန် ၁၆ ရက်နေ့မှစ၍ နေမကောင်းဖြစ်သဖြင့် ဇန် ၁၈ ရက်နေ့တွင် ဝူဟန်မြို့ Jinyintan ဆေးရုံသို့ပို့ဆောင်ကုသမှုခံယူနေရာမှ ဇန်နဝါရီလ ၂၅ ရက်နေ့ မနက် ဝ၇:၀၀ ချိန်တွင်ကွယ်လွန်သွားခဲ့သည့်သတင်းကြောင့် တစ်ချို့သတင်းဌာနများက " အဆုပ်နာဗိုင်းရပ်စ်ပိုးကြောင့် ဆရာဝန်တစ်ဦး ပထမဆုံးသေဆုံး " ဟုသတင်းများထွက်ပေါ်ခဲ့သည်။

ဒေါက်တာလိယန်ဝူးတုန် မှာပင်စင်စားအငြိမ်းစားဆရာဝန်တစ်ဦးဖြစ်ပြီး၎င်းသေဆုံးသွားရသည့်ရောဂါအရင်းအမြစ်မှာ ဗိုင်းရပ်စ်ပိုးကူးစက်ခြင်းနှင့်မသက်ဆိုင်ကြောင်းဆေးရုံမှတာဝန်ရှိသူများက Chaina Daily News ကိုပြောကြာဒခဲ့ပေမယ့်လည်းတာဝန်ရှိသူများကတော့ အတည်ပြုနိုင်ရေးအတွက် ဆက်လက်၍ ဓါတ်ခွဲစစ်ဆေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
Source-SiThu Maung #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment