Tuesday, September 24, 2013

အမေရိကန်ဈေးကွက်သီးသန့်ထုတ်ခဲ့သည့် နစ်ဆန်း Xterra ထုတ်လုပ်မှု ရပ်နားရဖွယ်ရှိ


အက်ဒ်မွန်း ကားဝက်ဘ်ဆိုက် ရဲ့ သတင်းအရဆိုရင်တော့ အမေရိကန် ဈေးကွက်ထဲမှာကာလရှည်ကြာ ရပ်တည်ခဲ့တဲ့ နစ်ဆန်းXterra ဟာ မကြာခင် ပျောက်ကွယ်သွားတော့မယ့် အလားအလာ ရှိနေပါတယ်။

ရုပ်ထွက်က ခပ်ကြမ်းကြမ်းနဲ့ တခြားသော နစ်ဆန်း SUV တွေလို မဟုတ်ဘဲ အသုံးတည့်ဖို့ အဓိကထား တာမို့ သူ့ရဲ့ အမာခံ ပရိသတ်တွေရှိခဲ့ တယ်ဆိုပေမယ့်လည်း  ရောင်းအားက တဖြည်းဖြည်း ကျဆင်းလာနေတဲ့ အ ပြင် ဆီစားကလည်း  ကြီးသေးတာ ကြောင့် ထုတ်လုပ်မှုစာရင်းကနေပယ် ဖျက်ဖို့ သူ့ရဲ့ ပိုင်ရှင်တွေက စဉ်းစား သုံးသပ်နေကြတယ်လို့ သိရပါတယ်။

]]ဒီကားမော်ဒယ်လ် မရှိတော့ ရင် ဘာနဲ့ အစားထိုးမလဲ။ အစားထိုး ဖို့ အစီအစဉ်တွေဆိုတာ အမြဲတမ်း ရှိ ပါတယ်။ ဒါပေမယ့် Xterra  ကို ဖယ် ထုတ်၊ မထုတ်ဆိုတာ မသေချာသေးပါ ဘူး။ နောင် ၆ လ ဒါမှမဟုတ် ၁ နှစ် မှာတော့ အတည်ပြုပြောကြားနိုင်မယ် ထင်ပါတယ်}}လို့ နစ်ဆန်း အမေရိက ရဲ့ ဒုတိယဥက္ကဌ ပီရေးလိုအင်က ရှင်း ပြပါတယ်။

Xterra  ရဲ့  အဓိကပြဿနာ ထဲမှာ အမေရိကန် ဈေးကွက်အတွက်ပဲ ရည်ရွယ်ထုတ်လုပ်တယ် ဆိုတာက လည်း အကြောင်းရင်းတစ်ခု ဖြစ်နေ တယ်။ အမေရိကန်ဈေးကွက်အကြိုက် ဆိုတော့ ကျန်တဲ့ ကမ္ဘာ့ဈေးကွက်တွေ မှာ ရောင်းရခက်သွားပါတယ်တဲ့။ အ ထူးသဖြင့် ကားထုတ်လုပ်သူတွေက နိုင်ငံတကာ ကားရောင်းအားကိုအကြီး အကျယ် အားထားလာရချိန်မှာပေါ့။

ငွေရေးကြေးရေးအရ  Xterra  ကို လက်လွှတ်လိုက်ရတယ် ဆိုပေ မယ့် Xterra  ရဲ့ ရွှေရောင်ကာလတွေ ထွန်းတောက်နေဆဲပါတဲ့။ ဆီတစ် ဂါလန် ၁၆ မိုင်နှုန်းသာရတဲ့ အချက် က Xterra

 ရဲ့  ရောင်းအားကို အဓိ က  ထိုးနှက်နေတာဖြစ်ပြီး  ယမန် နှစ်ကဆိုရင်အစီးရေ ၁၇ç၀၀၀ ပြည့်ဖို့ တောင်အနိုင်နိုင်ဖြစ်ခဲ့တယ်လို့ ကား အ၀ယ်တော်တွေက  တွက်ချက်ပြပါ တယ်။

Auto World Journal 

0 comments:

Post a Comment