Tuesday, September 24, 2013

ရန်ကုန်တွင် တရားဝင် ဆန္ဒပြဖို့ နေရာ တောင်းဆို

 ပြည်သူများအတွက် တရားဝင်ဆန္ဒထုတ် ဖော်မည့်နေရာတစ်ခု သတ်မှတ် ပေးပါက မလိုလားအပ်သော အ ရေးယူမှုများလျော့နည်းကာ တရား ဥပဒေစိုးမိုးရေးကို အထောက်အ ကူပြုရာရောက်ပြီး ဒီမိုကရေစီ အ ခွင့်အရေးများ ပိုမိုရရှိလာနိုင်သည် ဟု နိုင်ငံရေးပါတီခေါင်းဆောင် များနှင့် မြန်မာ့နိုင်ငံရေးလေ့လာ သူများက ရန်ကုန်တိုင်းမ်သတင်း စာသို့ ပြောသည်။

နိုင်ငံတော်သမ္မတ၏ နိုင်ငံ ရေးအကြံပေး ဦးကိုကိုလှိုင်က ''ဒီ လိုနေရာတစ်ခု သတ်မှတ်ပေးထား တာမျိုးကတော့ ဒီမိုကရေစီနိုင်ငံ ကြီးတွေမှာ ရှိတာပဲလေ။ ဒါက လုပ်မယ်ဆိုရင်တော့ စဉ်းစားသင့် တဲ့အကြောင်းအရာတစ်ခုလို့ ထင် ပါတယ်။ ကျွန်တော့် အနေနဲ့က ကန့်ကွက်စရာမရှိပါဘူး။ ဒီကိစ္စကို တော့ လွှတ်တော်ထဲမှာ ဆွေးနွေး မှပဲဖြစ်လာမှာပါ''ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီပါတီ သစ်ဥက္ကဋ္ဌဦးသိန်းညွှန့်က ''ဆန္ဒ ထုတ်ဖော်မယ့်သူတွေအတွက်ကို လိုအပ်တဲ့ ကန့်သတ်ချက်တွေထား ရှိတဲ့ဥပဒေမျိုးတွေရှိသလို အင်္ဂလန် နိုင်ငံမှာဆို တစ်ဦးချင်းဆန္ဒထုတ် ဖော်တဲ့နေရာ ထားပေးတယ်။ အဲ ဒီလိုမျိုး ပဲ မြန်မာနိုင်ငံမှာလဲ ဆန္ဒ ထုတ်ဖော်မယ့်နေရာတစ်ခု ပြန် လည်ဖန်တီးပေးလိုက်နိုင်မယ်ဆို ရင် လမ်းပေါ်ထွက်ဆန္ဒပြတာတွေ လျော့နည်းသွားမှာဖြစ်ပြီး ဖွဲ့စည်း ပုံအခြေခံဥပဒေက ပေးထားတဲ့ အခွင့်အရေးတွေကို ပိုမိုရရှိလာ မှာဖြစ် ပါ တယ်''ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ပါလီမန်ဒီမို ကရေစီအစိုးရ ဦးနုလက်ထက်တွင် မဟာဗန္ဓုလပန်းခြံအတွင်းတွင် တစ်ဦးချင်း ဆန္ဒဖော်ထုတ်မည့်သူ များအတွက် ဆန္ဒဖော်ထုတ်ဟော ပြောရန်စင်မြင့်တစ်ခု သတ်မှတ် ပေးခဲ့ပြီး တစ်ဦးချင်းဆန္ဒများကို လွတ်လပ်စွာ ဟောပြောခဲ့ကြသည် ဟု ဦးသိန်းညွန့်က ပြောသည်။

NDF ပါတီမူဝါဒရေးရာ ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေ က ''ဒီလိုနေရာတစ်ခု သတ်မှတ် ပေးမယ်ဆိုရင်တော့ ကောင်းတာ ပေါ့ဗျာ။ ဒီမိုကရေစီဘိုးအေနိုင်ငံ ကြီးတွေမှာလဲ ဒါမျိုးတွေရှိနေတာ ပဲလေ။ ဒါပေမဲ့ လွတ်လပ်စွာပြော ဆိုခွင့် အတွက် ကတော့ ပုဒ်မ၁၈ ရဲ့ အားနည်းချက်တွေကိုပြင်မှ ရမှာပါ''ဟု ပြောသည်။

ယင်းကဲ့သို့ဆန္ဒဖော်ထုတ် မည့်နေရာတစ်ခု သတ်မှတ်ပေး လျှင် ရဲတပ်ဖွဲ့ဝင်များမှလုံခြုံရေး ယူရာတွင်လည်း အဆင်ပြေမည် ဖြစ်ပြီး ပြည်သူများလမ်းပိတ်ဆို့ မှု၊ အနှောင့်အယှက်ဖြစ်မှုများ လျော့နည်းသွားမည်ဖြစ်သော် လည်း ဆန္ဒဖော်ထုတ် မည့်သူ များ အနေဖြင့် တာဝန်ယူမှု၊ တာဝန်သိ မှုများရှိရန်လိုအပ်ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

''ကျွန်တော် နယူးယောက် မှာရောက်တုန်းက ကုလသမဂ္ဂရှေ့ မှာ ဆန္ဒပြသူတွေအတွက် နေရာ တစ်ခုသတ်မှတ်ထားတာ တွေ့ဖူး တယ်။ သူတို့က အမြဲလိုလို အဲဒီ မှာလာပြီး ဆန္ဒပြကြတယ်။ အဲဒီ နေရာက အများ ပြည်သူတွေကို အနှောင့် အယှက် မဖြစ်ဘူး''ဟု နိုင်ငံတကာအတွေ့အကြုံရှိသူ တစ်ဦးက ပြောသည်။

Yangon Media Group

0 comments:

Post a Comment