Tuesday, September 24, 2013

မြန်မာနိုင်ငံ၌ ရုရှားနိုင်ငံက နယ်ပယ်ကဏ္ဍ အများအပြားတွင် ရင်းနှီးမြှုပ်နှံ မည်

မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံလိုသူများ စိတ်ဝင်စားစွာ လာရောက်လျက်ရှိရာ ရုရှားနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များကလည်း နယ်ပယ်ကဏ္ဍ အများအပြားတွင် ရင်းနှီးမြှုပ်နှံရန်အတွက် မြန်မာနိုင်ငံ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

မြန်မာနိုင်ငံသို့ အာရှနှင့် ဥရောပနိုင်ငံများက လာရောက်ကာ စီးပွားရေးလုပ်ငန်းများ လာရောက်လုပ်ကိုင် လျက်ရှိရာ ရုရှားနိုင်ငံကလည်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေနံနှင့်စွမ်းအင်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရန် ဆန္ဒရှိနေခြင်းဖြစ်သည်။

ထို့အပြင် ရုရှားစီးပွားရေးလုပ်ငန်းရှင်များသည် မြန်မာနိုင်ငံ၏ လေကြောင်းနှင့် စက်မှုကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်လိုသောဆန္ဒများရှိနေသည်။ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်သော ပြည်ပနိုင်ငံ များမှ စီးပွားရေးလုပ်ငန်းရှင်များသည် ရေနံနှင့်စွမ်းအင်ကဏ္ဍ၌ အများဆုံးဖြစ်သည်။

မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်ယူနိုင်သည့်လုပ်ငန်းတွင် ပြည်ပမှကုမ္ပဏီများစိတ်ဝင်စားမှု အများဆုံးဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုလည်း တိုးမြှင့်ပြုလုပ်ရန် စိတ်ဝင်စားလျက်ရှိသည်။

သို့သော် ရုပ်ကြွင်းလောင်စာများဖြစ်သော သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး၊ ဒီဇယ်တို့သည် ထုတ်ယူသုံးစွဲသည့်အခါ အကန့်အသတ်နှင့်ရှိနေသည့်အတွက် အခြားစွမ်းအင်အသစ်များဖြစ်သည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များထုတ်ယူ နိုင်ရေးတွင်လည်း နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှု ပိုမိုရရှိရန် လိုအပ်သည်။

ယခုအခါ နယ်ပယ်ကဏ္ဍအများအပြားတွင် ရုရှားနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များကလည်း မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် စိတ်ဝင်စားလျက်ရှိနေပြီဖြစ်သည်။ 

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

0 comments:

Post a Comment