Tuesday, September 24, 2013

မူဆယ် - မန္တလေး လမ်းကြောင်းတွင် မှောင်ခို တားဆီးထိန်းချုပ်ရေး အရှိန်မြှင့်ဆောင်ရွက်မည်

တရား မဝင်ကုန်သွယ်မှု အများဆုံးဖြစ် နေသည့် မူဆယ်-မန္တလေးလမ်း ကြောင်းတွင် ယခုအပတ် အတွင်း တရားမဝင်ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေးများအား အရှိန်တိုး မြှင့်ဆောင် ရွက်သွားမည်ဖြစ် ကြောင်း ကူးသန်းရောင်းဝယ်ရေး နှင့် စားသုံးသူကာကွယ်ပေးရေး ဦးစီးဌာနမှ သိရသည်။

မူဆယ်-မန္တလေးလမ်း ကြောင်းတွင် တရားမဝင်ကုန်စည် များ တစ်ဖက်နိုင်ငံမှ ဝင်ရောက် နေမှုမှာ တရားဝင်ကုန်သွယ်မှုပြု သည့်ပမာဏထက် ငါးဆမှ ရှစ်ဆ အထိဖြစ်နေပြီး ရသင့်ရထိုက်သည့် အခွန်အခများဆုံးရှုံးနစ်နာမှုများ ရှိနေသည့်အပြင် စားသုံးသူများအ တွက် ဘေးဥပဒ်ဖြစ်စေနိုင်သော ကြောင့် တိုးမြှင့်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ကူးသန်းရောင်း ဝယ်ရေးနှင့် စားသုံးသူရေးရာဦး စီးဌာနညွှန်ကြားရေးမှူး ဦးတင် ရဲဝင်းက ပြောသည်။

ယင်းက ''ရန်ကုန်မှာလုပ် ဆောင်တဲ့အဆင့်(၁)ကနေ လုပ် ဆောင်ချင်မှ လုပ်ဆောင်မယ်။ တိုက်ရိုက် အဆင့်(၂)၊ (၃)ကိုလဲ ရောက်သွားနိုင် တယ်''ဟု ပြော သည်။

ယင်းသို့ လုပ်ဆောင်နိုင်ရန် အတွက် သက်ဆိုင်ရာမန္တလေးအ ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တရားမဝင်ကုန်သွယ်မှုတားဆီး ထိန်းချုပ်ရေး လုပ်ငန်းကော်မတီ အား ပို့ကုန်၊ သွင်းကုန်လုပ်ထုံးလုပ် နည်းများနှင့် ကုန်ပစ္စည်းစစ်ဆေး မှုဆိုင်ရာများကို သင်တန်းပေးခဲ့ ကြောင်း ဆက်လက်ပြောသည်။

မန္တလေးလမ်းကြောင်းတွင် ရေကြောင်းလမ်း၊ ကုန်းကြောင်း လမ်းများ၊ မီးရထားလမ်းများဖြင့် တရုတ်နိုင်ငံမှ ဝင်ရောက်မှုများရှိ နေပြီး စစ်ဆေးမှုများပြုလုပ်မည် ဆိုပါက ဗန်းမော်၊ မြစ်ကြီးနားလမ်း များအား စတင်စစ်ဆေးမှုများပြု လုပ်သင့်ကြောင်း မူဆယ်-မန္တလေး ကုန်သွယ်ရေးလမ်းကြောင်းမှ ပို့ ကုန်သွင်း ကုန်လုပ်ငန်းရှင်တစ်ဦး က ပြောသည်။

ယင်းက ''ဗန်းမော်ဆိုရင် ရေကြောင်း၊ ကုန်းကြောင်းနှစ်လမ်း ရှိတယ်။ မြစ်ကြီးနားဆိုရင် ရေ ကြောင်း၊ မီးရထားနှစ်လမ်းရှိတယ်။ အဲဒါတွေကနေတစ်ဆင့် တရား ဝင်ရော တရားမဝင်ရော ဝင်ရောက် နေတယ်''ဟုပြောသည်။

အများပြည်သူများ နစ်နာမှု မရှိ ဆောင်ရွက်ပေးနိုင်ရန်နှင့် ရေ ရှည်အောင်မြင်မှုများအား ဟန် ချက်ညီညီဆောင်ရွက်သွားနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့သော်လည်း စ တင်စစ်ဆေးစဉ်တွင် ဟုတ်မလိုလို ရှိခဲ့ပြီး နောက်ပိုင်းတွင်မူရင်းအ တိုင်းသာပြန်ဖြစ်ခဲ့သည့်အတွက် နိုင်ငံတော်အတွက်လည်း နစ်နာမှု များရှိခဲ့ပြီး သက်ဆိုင်ရာအဖွဲ့အ စည်းဌာနများအတွက်လည်း ပုံရိပ် ညှိုးနွမ်းစေသောကြောင့် အရှိန် တိုးမြှင့်သွားမည်ဖြစ်ကြောင်း ဦး တင်ရဲဝင်းကပြောသည်။

Yangon Media Group

0 comments:

Post a Comment