Tuesday, September 24, 2013

မထသ(မြို့တွင်း) ရုံးချုပ်တည်နေရာ မြေပိုင်ရှင်မှန်ပေါ်ပေါက်ရန် သမ္မတထံ တင်ပြမည်

ရန်ကုန် ၊ စက်တင်ဘာ ၂၄။ ။ မော် တော်ယာဉ်လုပ်ငန်းပေါင်းစုံထိန်း သိမ်းရေးကော်မတီ (မြို့တွင်း) ရုံး ချုပ်တည်ရှိရာ မြေနှင့်ပတ်သက် ၍ ပိုင်ရှင်အမှန်ပေါ်ပေါက်ရေး အတွက် သမ္မတထံတင်ပြသွား မည်ဖြစ်ကြောင်း သိရသည်။

သုည ဒသမ ဝ၆၀ ဧကရှိ သော ရန်ကုန်မြို့ မင်္ဂလာတောင် ညွန့်မြို့နယ်ရှိ ယခုမထသဌာနခွဲ (၆)ရုံးတည်ရှိသည့်နေရာကို ရန် ကုန်တိုင်းဒေသကြီး အတွင်း ယခင် ၁၉၅၀ ဝန်းကျင်ခန့်ကဖွဲ့စည်းခဲ့ သည့် တာမွေမော်တော်ယာဉ် အ ဖွဲ့ချုပ်က ၁၉၅၅ ခုနှစ် ဩဂုတ် ၁၈ရက်တွင် မူလပိုင်ရှင် ဦးချစ် ထွန်းထံမှ တာမွေမော်တော်ယာဉ် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစိန်ဘန်းက အ သင်းကိုယ်စား တရားဝင်ဝယ်ယူ ခဲ့ကြောင်း တာမွေမော်တော်ယာဉ် အဖွဲ့ချုပ်မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးသိန်းထွန်း၏ ပြောကြားချက် အရ သိရသည်။

အလားတူ ၂ ဒသမ ၁၄၂ ဧကရှိသော ရန်ကုန်မြို့ တာမွေ မြို့နယ် မြေတိုင်းရပ်ကွက်ရှိ ယခု မထသ (မြို့တွင်း) ရုံးချုပ်နှင့် ကစနမ-၁ ဈေးဝယ်စင်တာတည် ရှိရာကိုလည်း တာမွေမော်တော် ယာဉ်အဖွဲ့ချုပ်၏ အတွင်းရေးမှူး ဦးဘသာက ၁၉၅၆ ခုနှစ် ဧပြီ ၃၀ ရက်တွင် အသင်း၏ရေရှည် အကျိုးအတွက်ဝယ်ယူခဲ့ခြင်းဖြစ် ကြောင်း ဦးသိန်းထွန်းက ဆိုသည်။

ယင်းသို့ ဝယ်ယူထားစဉ် ၁၉၅၉ ခုနှစ် အိမ်စောင့်အစိုးရ လက်ထက်တွင် ပုဂ္ဂလိကအသင်း အဖွဲ့ဖျက်သိမ်းအမိန့်ကြောင့် တာ မွေမော်တော်ယာဉ် အဖွဲ့ချုပ်ကို လည်း ဖျက်သိမ်းခဲ့ရပြီး အသင်း ၏ မရွှေ့ပြောင်းနိုင်သော အသင်း ပိုင်ပစ္စည်းများအဖြစ် ထိုမြေကွက် နှစ်ကွက်သာကျန်ရှိနေခဲ့ကြောင်း ဦးသိန်းထွန်း၏ ပြောပြချက်အရ သိရသည်။

''ပွင့်လင်းမြင်သာမှုရှိလာ တဲ့ဒီမိုကရေစီခေတ်မှာ ဒီမြေနေ ရာတွေရဲ့ပိုင်ရှင်အမှန်ပေါ်ပေါက် ဖို့ ကျွန်တော်တို့အနေနဲ့ သမ္မတ ကြီးဆီကိုတင်ပြတောင်းဆိုသွား ဖို့အစီအစဉ်ရှိတယ်။ ဘယ်အချိန် တောင်းဆိုမယ်ဆိုတာတော့ အ သေအချာပြောလို့ မရသေးဘူး။ လိုအပ်တာတွေကို အသေးစိတ် ကျွန်တော်တို့ ပြုစုနေတယ်''ဟု ဖျက်သိမ်းခြင်းခံထားရသည့် တာ မွေမော်တော်ယာဉ်အဖွဲ့ချုပ်မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးသိန်း ထွန်းက ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာသို့ပြောသည်။

အဆိုပါမြေကွက်နှစ်ခုအ နက် တာမွေမြို့နယ်မှမြေကွက် ကို ၁၉၉၁ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်မှစ၍ မထသကော်မတီရုံး ချုပ် အတွက် မြေ အသုံးပြုခွင့်အ မိန့်နှင့် အလားတူ မင်္ဂလာတောင် ညွန့်မြို့နယ်မှ မြေကွက် ကိုလည်း ၁၉၉၂ ခုနှစ် စက်တင်ဘာ ၁ရ ရက်မှစတင်၍ မထသကော်မတီ သို့ မြေအသုံးပြုခွင့်အမိန့်တို့ကို တိုင်းငြိမ်ဝပ်ပိပြားမှု တည်ဆောက် ရေး အဖွဲ့(ရန်ကုန်)၏ညွှန်ကြား မှုဖြင့် မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။

ဖျက်သိမ်းခြင်းခံထားရသည့် တာမွေမော်တော်ယာဉ်အဖွဲ့ချုပ် မှ အဆိုပါမြေနေရာများကို ပြန် လည်ရရှိရန် သမ္မတထံ တောင်း ဆိုရန်စီစဉ်နေမှုနှင့်ပတ်သက်၍ မထသ(မြို့တွင်း) ရုံးချုပ်မှတာ ဝန်ရှိသူတစ်ဦးက ''သမ္မတထံတင်ပြ မယ်ဆိုတဲ့ကိစ္စက သူတို့အပိုင်း ပါ။ ဒီနေရာတွေကို နှစ် ၆ဝဂရန် မြေအမည်ပေါက်နဲ့ မထသကိုချ ပေးထားတာဖြစ်တယ်''ဟု ရန် ကုန်တိုင်းမ်နေ့စဉ်သတင်းစာသို့ ပြောသည်။

Yangon Media Group

0 comments:

Post a Comment