သူတို့တွေ ပြန်သွားပြီးနောက် ကျွန်တော်တို့လည်း အိပ်ကြတယ်ဆိုပါတော့။
အားလုံးကလည်း ၀မ်းသာနေကြတယ်။ ဒီလိုကောင်တွေ ဒီလိုထိပေးမှ ဟေးဟေး ဆိုပြီးလေ။
ကျွန်တော်ကတော့ ဘာပြောရမှန်းတောင် မသိပါဘူး။ ၀မ်းလည်း မသာဘူး။ ၀မ်းလည်း
မနည်းပါဘူး။ ဒီလိုပဲ။ မကောင်းတာ တစ်ခုက ကိုယ်ခြံထဲမှာ ဖြစ်သွားတာကိုပဲ
တော်တော်လေး အားနာသလိုဖြစ်မိတယ်။ ညဘက်အိပ်တော့လည်း အလင်းက အဲဒီနတ်တွေ
အကြောင်းပဲ မေးနေတာ။
“ဟဲ့ နင်က နတ်တွေနဲ့တော့ အကျိုးပေးတယ်နော်။ အဖွားကပြောဖူးတယ်။ နင်က လိပ်ပြာလှတယ်တဲ့။ အဲဒါကြောင့်လားဟ” ဘာညာနဲ့ မေးနေတယ်။ ကျွန်တော်လည်း ဖြေနိုင်သလောက်လေးတော့ ဖြေနေတာပေါ့ဗျာ။ သူက အရမ်းမေးပါများတော့ လူက အညင်က ကပ်လာယော။ အဲဒါနဲ့..
“ဟဲ့…အိပ်တော့။ ငါအိပ်ချင်နေပြီ။ ဆက်ပြောနေရင် ကုတင်ပေါ်က ကန်ချလိုက်မှာနော်” ဆိုပြီး ပစ်ဟောက်ထည့်လိုက်တယ်။
“သေပေါ့။ မသာဂေါင်။ မသိလို့မေးတာကို ဟွန်း” ဆိုပြီး ဟိုဘက်လှည့်အိပ်သွားတယ်။ :P
သူနဲ့
ကျွန်တော်နဲ့က ငယ်ငယ်ကတည်းက အိမ်မှာ တူတူအိပ်နေကြခင်ဗျ။ အနော်အိမ်မှာ
သူတစ်ယောက်တည်း မအိပ်ရဲဘူး။ ကြောက်လို့တဲ့။ ဘာကြောက်မှန်း မသိပါဘူး။
ခလေးဘ၀ကတည်းကလည်း ဒီလိုပဲ။ ငယ်ငယ်ကဆို လုံးမွေးဆိုတဲ့
သူငယ်ချင်းတစ်ယောက်ပါရှိတယ်။ သုံးယောက်လုံး အနော်အခန်းထဲမှာ စာကျက်ရတယ်။
ပြီးရင် ဒီကုတင်ပေါ်မှာပဲ အိပ်တာ။
အဲဒီတုန်းကဆို ပျော်ဖို့ ကောင်းတယ်။
ညနေတိုင်း လုံးမွေးက ပဲကြီးလှော်တွေ စားတာ။ အများကြီးစားတယ်ဗျ။ ညဆို
အနော်တို့ကို ဒုက္ခပေးတာ ဟေးဟေး :D ။ ပေါက်လိုက်တဲ့ “အီး” ဗျာ။ တစ်ဘူဘူနဲ့။
အဲဒါဆို သူကို အနော်တို့ နှစ်ယောက်က ၀ိုင်းပြီး ကန်ချကြတယ်။
ကုတင်ပေါ်ကနေပြီးလေ။
အဲဒါဆို သူက ငိုပြီး။ အဖွားကို သွားတိုင်တယ်။ အဖွားက ဟိုဘက်ခန်းမှာ
အိပ်တာကိုး။ သူသွားတိုင်ရင် လာပါပြီ။ ဘွားရင် ကြိမ်လုံးကြီး ကိုင်ပြီး။
အနော်တို့ နှစ်ယောက်ကို လိုက်ရိုက်။ အနော်တို့က ၀ရန်တာကို ထွက်ပြေး။
ရီနေရတယ်။
ပျော်ဖို့လည်း ကောင်းတယ်။ နောက်ပိုင်းကျတော့… ညနေတိုင်း
အနော်တို့ သုံးယောက်လုံး ပဲကြီးလှော်တွေ ၀ါးကြတယ်။ ရေလည်း သောက်တယ်။
ညဆို…တစ်ယောက်တစ်လုံး။ အလှည့်ကျ ထုတာ :P ။ ခွိခွိ။ ကိုယ့်အလှည့်မဟုတ်ပဲနဲ့
အီးပေါက်မိရင် အောက်ဆင်းအိပ်ရတယ်။ အနော် အများဆုံး ဆင်းအိပ်ရပါတယ် ဟိဟိ :P ။
ကိုယ်က အီးမှ မနိုင်ပဲကိုး။ ဘယ်နှယ့် ဗျာ။
ထွက်ချင်နေတဲ့ လေကို
ဘယ်လို ထိမ်းမတုန်း။ ထိမ်းတာများရင်လည်း မကောင်းဝူးလေ။ ပိုနံတယ် ဟိဟိ :P ။
အဲဒါကြောင့် လေက အ၀တစ်တာနဲ့ အနော်က လိုက်လျောရလိုက်တယ်။ သွားစေ…ဘူ။ ဘူ။ ဘူ
ဆိုပြီးလေ ခွီး :P ။ အဲဒီတော့..အနော်ပဲ အောက်ဆင်းအိပ်ရပါလေယော :P ။
အဲဒီလိုနေလာတော့ ကျွန်တော်တို့တွေက မောင်နှမတွေလို ဖစ်နေတာလေ။ အဲဒါကြောင့်
အခုချိန်ထိပြန်တွေ့လည်း ညတိုင်း တူတူအိပ်တယ်ခင်ဗျ။ ထားပါတော့ အဲဒါ။
ငယ်တုန်းက ပျော်စရာလေး ပြန်တွေးလိုက်တာ မျောသွားတယ်။ ဟီး :D ။
ဒီလိုနဲ့ နောက်နေ့ မနက်ကျတော့ ကျွန်တော်လည်း လုပ်စရာရှိတာလုပ်နေတာပေါ့ဗျာ။ နတ်စင်ဘက်တော့ သွားကြည့်လိုက်သေးတယ်။
ဒီနတ်တွေ
ဟုတ်မှ၊ ဟုတ်ရဲ့ လားလို့လေ။ နတ်တွေကတော့ အငြိမ်ပါပဲ။ အဲဒါနဲ့
ကျွန်တော်လည်း ခြံထဲ ပြန်ဆင်းပြီး ပျိုးပင်တွေကို လိုက်စစ်နေလိုက်တယ်။
မနေ့ညက ဖြစ်ပျက်ခဲတဲ့ အကြောင်းတွေကိုတော့ အာရုံထဲ သိပ်မထည့်တော့ ပါဘူး။
ဒါပေ့မယ် ကျွန်တော်ကို အသားလွတ် စော်ကားသွားတဲ့ ကောင်လေးကိုတော့ စိတ်ထဲက
သိပ်မကြည်သေးဘူးခင်ဗျ။ အလုပ်တွေ ပြီးတော့ မနက်ဆယ်နာရီလောက်မှာ ကျွန်တော်
ခြံထဲကနေ ပြန်တတ်လာခဲ့တယ်။ အလင်းကတော့ ဈေးက ပြန်လာပြီး
ထမင်းဟင်းချက်ပြီးနေတယ်။ အိမ်ရှေ့ က ကုလားထိုင်လေးမှာ စကောထဲကို
ဆန်တွေထည့်ပြီး ပြာ နေလေရဲ့ ။
ကျွန်တော်ကတော့ သူဘေးကို ၀င်ထိုင်လိုက်ပြီးတော့…ဗိုက်ကို ပုတ်ပြပြီး….
“ဗိုက်ဆာတယ်ဟာ။ ဘာဟင်းချက်လဲ?” ဆိုပြီး မေးလိုက်တယ်။
“ငါ့အတွတ်ကတော့ ကြက်သားဟင်းချက်ထားတယ်။ နင့်အတွတ်ကတော့ ထုံးစံအတိုင်း ဘဲဥကြော်” တဲ့လေ။ အဲဒီလို ချစ်ဖို့ကောင်းတယ်။ သူငယ်ချင်းတွေက L ။ အဲဒါနဲ့ အနော်လည်း သူ့ကို ဘာမှ မပြောတော့ပဲ လမ်းမကိုပဲ ငေးကြည့်နေလိုက်တယ်။
“ဟဲ့…နောက်တာပါဟ။
ကြက်သားဟင်းချက်ထားတယ်။ တူတူစားတာပေါ့။ ဒါနဲ့ နင်သိပြီးပြီးလား။
နင့်အကောင်တွေ ထိမ်းအုံးနော်။ ဒီကောင်တွေ ဈေးထဲမှာ တွေ့တော့ မနက်က
ဘာတွေပြောနေတယ်ထင်တုန်း” ဆိုပြီး ပြောလာတယ်ဗျ။ အနော်ကလည်း
“ဟမ်။ ဘာလဲဟ။ နင့်စကားကလည်း ရှင်းရှင်းပြောပါဟ။ ငါ့အကောင်တွေဆိုတာက” ဆိုပြီး သူ့ကို ပြန်ပြောလိုက်တယ်။
အဲဒီမှာသူက နောက်ဆက်မဲ့ ဇာတ်လမ်းကို စတော့တာပါပဲ။
“နင့်အကောင်တွေဆိုတာက
နင့်သူငယ်ချင်းတွေကို ပြောနေတာ။ အဲဒီကောင်တွေက မနေ့ညက နင့်ကို
ကြိမ်းသွားတဲ့ကောင်လေ သိတယ်မလား။ အဲဒီကောင်ကို ၀ိုင်းစမို့ လုပ်နေတယ်။
သူရှုံးသွားတယ်မလား။ နင့်ခြံထဲမှာ သူ့ကောင်မလေး ဒီလိုဖြစ်သွားတော့”
ဆိုပြီး ပြောတယ်ဗျ။ အနော်ကလည်း နားကို မရှင်းဘူး။ သူပြောတာကို။
“ဘာလဲဟ။
နင့်စကားတွေကလည်း အစပ်အဟက်မရှိ။ သူ့ကောင်မလေး ငါ့ခြံထဲမှာ ဒီလိုဖြစ်တာနဲ့
ငါနဲ့ ဘာဆိုင်တုန်း။ ဘာလို့ သူက ရှုံးရမှာတုန်းဟ။ ပြီးတော့ ဟိုမသာတွေက
ဘာလို့ သွားစကြမှာတုန်း။ ချီးထုတ်တွေလုပ်အုံးမယ်ထင်တယ်။ ငါနားမရှင်းဘူးဟာ။
သေသေချာချာပြောပြ နင့်ဇာတ်လမ်းကို” ဆိုပြီး ကျွန်တော်လည်း စိတ်ရှုပ်လာတာနဲ့ အော်ပလိုက်တယ်။
“ဟ!
မသာကောင်။ နင်နဲ့ ငါနဲ့ မတည့်တာ အဲဒါ။ ဘာလို့ လာအော်နေတာတုန်း။ အဲဒီကောင်က
နင့်ကို မနေ့က ဒီလိုကြိမ်းတယ်။ စော်ကားသွားတယ် ဆိုတဲ့ သတင်းက
မနက်ခင်းဈေးထဲမှာ ဒီလောက် ပြန့် နေတာကို။ နင့်သူငယ်ချင်းတွေက အဲဒီကောင်ကို
လုံးဝမကျေနပ်ဖူးလုပ်နေတယ်ဟ။ ငါသူတိုနဲ့ တွေ့တော့ နင့်ဆီလာအုံးမယ်။
ပြောနေတယ်။ သူတို့ တော်တော်တင်းနေတာ။
ပြီးတော့
အဲဒီကောင်က နင့်ကို သက်သက် စိန်လာခေါ်တာ။ မနေ့က အဲဒီလို နင့်ကို
စိန်လာခေါ်တဲ့ အချိန်ကျမှ သူ့ကောင်မလေးက နင့်ခြံထဲမှာ မှားပြီး မရှူနိုင်၊
မကယ်နိုင်ဖြစ်တော့…နင့်ကို ကောင်မလေး အဖေ၊ အမေက လာတောင်းပန်ရတယ်မလား။
အဲဒါကို ဒီကောင်က လုံးဝမကျေနပ်ဖူးတဲ့ဟ။ မလာဖူး။ ဘာဖူး လုပ်နေတာတဲ့။ ဟို
ပယောဂဆရာနဲ့တောင် ရန်ဖစ်ကြသေးတယ်တဲ့ သိလား။ ဒီကောင်က သရဲမယုံဘူးလေဟာ။
အဲဒါကြောင့် မဖြစ်နိုင်ပါဘူး။ ဘာညာလုပ်နေတယ်။ ဒါပေ့မယ် ဟိုဦးလေးတွေက
သူ့တို့ သမီးဖြစ်တာကိုးဟ။ မိဘက ဘယ်နေနိုင်မလဲ။ အဲဒါကြောင့် ရလို၊
ရငြားဆိုပြီး နင့်ဆီလာတာ။ နင် သွားတောင်းပန်ပေးလိုက်တော့ သူတို့
သမီးသက်သာသွားတယ်လေ။ အဲဒီတော့ သမီးရှင် ဦးလေးကြီးက ဒီကောင်ကို
ပြောသွားတယ်။ မင်းစကား ငါနားထောင်မိရင် ငါ့သမီးသေတာကြာပြီ တဲ့ဟ။ အဲဒီမှာ
ဒီကောင်က ပေါက်ကွဲပြီး။ မနေ့ညက အရက်တွေသောက်ပြီး။ နင်နဲ့ တစ်နေ့
တွေ့မယ်ဆိုပြီး ဓါးကြိမ်းကြိမ်းနေတယ်တဲ့။ မေမြို့ ဆိုတာက နင်သိတဲ့ အတိုင်း
ကျဉ်းကျဉ်းလေးကို ဘယ်သူ၊ ဘာဖစ်တယ်ဆိုတာ သိနေတဲ့ကိစ္စဟာ။
အဲဒါ
ဒီကောင် အဲဒီလို ပြောနေတဲ့ အချိန်မှာ နင့်သူငယ်ချင်းမသာတွေကလည်း
အရက်ဆိုင်မှာလေ။ အဲဒီမှာ စကားထများပြီး ညဘက်ကြီး ၇န်ဖစ်ကြတယ်ဟ။ အခု အားလုံး
ရဲစခန်းက ထိမ်းသိမ်းထားရတယ်။ အထိက တရားခံက နင်ဖစ်နေတယ်။ ပြီးတော့
ဂျေးထဲမအောင်းရသေးတဲ့ နင့်အပေါင်းအဖော်တွေကလည်း..အောင်းချင်လို့တဲ့ ဟေး။
အဲဒီကောင် ထွက်လာရင် ၀ိုင်းရိုက်မယ် လုပ်နေတယ်။ မသာကောင်ရဲ့ ။
အဲဒါနင့်ကြောင့်။ နင်သောက်သုံးမကျလို့ ဒီလို ပြသနာတွေ တတ်တာ။ နင်က မမွှေရင်
အကောင်း၊ မွှေလိုက်ရင် အကြီးကြီးတွေ။ ဟွန်း။ ကြပ်ကြပ်သတိထားပြီးနေ။ ဒေါက်”
ဆိုပြီး ပြောချသွားတာဗျ။ ပြီးတော့ ဆတ်ခနဲ ထိုင်ရာကနေ ထပြီး အိမ်ထဲ
ဝင်သွားပါယောလား။ သူပြောသမျှ ကျွန်တော် “အင်း” “အင်း” ဆိုပြီး လိုက်နေတာဗျ။
သူက စကားလည်း ဆုံးရော “ဒေါက်” ဆိုတဲ့ အသံက အနော်ခေါင်းကို ပယ်ပယ်နယ်နယ်
ခေါက်ချသွားတာ။ အနော်မှာဗျာ။ တော်တော် ထူပူပြီး ကျန်ခဲ့တယ်။ ပြီးတော့ သူက
အိမ်ထဲ ၀င်တုန်း အော်ပြောသွားသေးတယ်။ “ပါးပါးက မနက်က မှာလိုက်တယ်။ နင့်ကို အိမ်လာခဲ့ပါအုံးတဲ့။ အဲဒါသွားလိုက်အုံး” ဆိုပြီးလေ။
ကျွန်တော်လည်း
အိမ်ရှေ့ မှာ… တွေတွေကြီးနဲ့ ဝေေ၀ကြီးကို ကျန်ခဲ့ တာပါဗျာ။ တွေနေတာက
ရုတ်တရုပ်ကြီး ဒီလောက် အတိုင်းအတာလေးမှာ ဒီလိုပြသနာတွေ ဖြစ်သွားတာရယ်။
ဝေေ၀ကြီးကျန်ခဲ့တာက မသာမက ခေါက်သွားလို့ ခေါင်းတွေမူးပြီး ဝေထွက်သွားတယ်။
အလင်းက ရှမ်းသိုင်းပြောင်းပြန် တတ်တယ်။ ခြံစောင့်အဖိုးကြီးဆီက သင်ထားတာ။
အနော်လည်း သင်ဖူးပါတယ်။ ဒါပေ့မယ် ခေါင်းခေါက်တဲ့နည်း မပါပါဘူးဗျာ။
တီးထဲ့လိုက်တာများ။ သံအိုးဖင်ကို သံတင်းပုတ်နဲ့ ထုသလား မှတ်ရတယ်။ လူက
မူးဝေထွက်သွားတယ် L ။
အမှန်က ဒီပြသနာက ကျွန်တော်နဲ့
ဘာမှကိုမဆိုင်တာပါ။ သူတို့ ပျော်ချင်ပါးချင်လို့လာတယ်။ အနော် လက်ခံတယ်။
သတိပေးတယ်။ လုပ်သွားတယ်။ ပြသနာ တတ်သွားတယ်။ ရှင်းပေးလိုက်တယ်။
ပြီးပြီးပေါ့ဗျာ။ အဲဒါကို ဟိုကောင်က ဘာဖစ်လို့ ကျွန်တော် သူငယ်ချင်းတွေ
ထိုင်တဲ့ ဆိုင်မှာမှ ဒီစကားသွားပြောရတာလဲ? ။ မကျေနပ်ရင်လည်း
ဒဲ့လာပြောပေါ့ဗျာ။ ကိုယ့်လူတွေရှေ့ သွားပြောရင် သေမှာ အားလုံးက
ဗိုလ်တွေချည်းပဲ။ တစ်ကောင်မှ တပ်သားပါတာမဟုတ်ဝူးရယ်။ သေချင်တယ်။ သူတို့
ဘာသာ ရိုက်ကြတာ ပြသနာမဟုတ်ပါဘူး။ ငဇူးကို ဒီလိုလုပ်လို့။ ငဇူးကို
ဒီလိုပြောလို့ပါ ဆိုပြီး ရဲစခန်းမှာထွက်ရင်တော့ ရဲက အနော်ပါ လာဖမ်းမှာ L ။
“ညီရေ၊ ဟုတ်တာ၊ မဟုတ်တာ ခဏထား။ အခုတော့ ခဏအောင်းလိုက် ဆိုပြီးလေ”
သေချင်တယ်။ အရေးထဲ ပါးပါးက ခေါ်နေသေးတယ်။ သူက တစ်မျိုး။ ဘာရစ်အုံးမို့လဲ
တိဝူးဗျာ။ စိတ်ညစ်တယ်။ အဖိုးကြီးက ဒေါသ ခပ်ကြီးကြီးနဲ့ အနော်နဲ့ တော့
သေပါပြီ။
ကိုယ်လုပ်ထားတာတွေကလည်း တစ်ခုမှ အကောင်းမရှိဝူး။ တေတာ တေလိုက်ချင်တယ်။ တကယ်ပါဂျာ။
အဲဒီဟာတွေ
ထိုင်တွေးပူနေတာနဲ့ တင် နေ့လည် (၁၁) ခွဲသွားတယ်။ ကဲ! စဉ်းသာ
စဉ်းစားကြည့်ပါတော့ဗျာ။ အနော် ဘယ်လောက် စိတ်ညစ်သွားလဲဆိုတာ။ အလင်းက
ထမင်းစားဖို့လာပြောမှပဲ။ ကျွန်တော် ထမင်းသွားစားဖစ်တယ်။
ထမင်းစားနေတုန်း
ခြံစောင့်အဖိုးအိမ်ထဲ ၀င်လာတယ်။ သူအခုပဲ အပြင်က ပြန်လာတာတဲ့…အလင်းတို့ အဖေ
ခေါ်ခိုင်းနေတယ်တဲ့ ထပ်လာပြောတယ်။ အဲဒါနဲ့ ကျွန်တော်လည်း
ထမင်းစားစားပြီးခြင်းပဲ ခြံထဲက အလုပ်တွေ အားလုံး ခြံစောင့်အဖိုးကိုပဲ
လွှဲခဲ့ရတယ်။
အပါ လုပ်ထားလိုက်တော့။ အနော် ဒီနေ့ အပြန် နောက်ကျမယ်။ ဆိုပြီးလေ။ ပြီးတာနဲ့ ပါးပါးဆီ သွားဖို့ ဆိုင်ကယ်ဆွဲတော့တာပါပဲ။
အလင်းက
သူလည်း လိုက်မယ်ဆိုပြီး ပါလာတယ်။ ဟိုရောက်တော့ ဖားသားက ကျွန်တော်ကို
ခပ်တည်တည်နဲ့ ကြည့်နေတယ်။ အိမ်ပေါ်ကနေပြီးလေ။ အမေကတော့… နင့်အဖေတော့
စိတ်တော်တော် တိုနေတယ်ဆိုတဲ့ အထာနဲ့ မေးငေါ့ပြတယ်။ အိမ်ပေါ်တတ်တော့ အဖေက
ထိုင်ခုံမှာ ထိုင်ခိုင်းပြီးတော့….ဆူတော့တာပါပဲဗျာ။ အများကြီးပေါ့။
ပြောပြနေရင်လည်း စာရှည်တာပဲရှိမှာ။
အဲဒီ သရဲမယုံတဲ့ မသာကောင် ကိစ္စပဲ။
အနော်လည်း တော်တော် စိတ်ညစ်သွားတယ်။ နောက်ဆို ဘယ်သူမှ
မလာခိုင်းချင်တော့ဘူး။ ခြံထဲကိုလေ။ တော်တော် နောင်တရသွားတယ်။ အဖေက
သတိပေးနေတာ တစ်ခုရှိတယ်ဗျ။ အဲဒါ ဘာလဲဆိုတော့…
“မင်းနဲ့ ပြသနာ
တတ်ထားတာ အကြောင်း မဟုတ်ဘူးနော်။ ငါအခုပြောနေတာက မင်းသူငယ်ချင်းတွေကို
မင်းသွားထိမ်း။ နာနာဘာဝဆိုတဲ့ အမျိုးက မယုံရင် အာခြောင်တာ
ပြသနာမဟုတ်ပေ့မယ်။ အလောင်းကစားနဲ့ လုပ်မယ်ဆိုရင် သေတတ်တယ်နော်…ငဇူး။ အေး။
မင်းသူငယ်ချင်းတွေက အခု အဲဒီကောင်ကို အလောင်းကစားနဲ့ကို လုပ်မယ်ဆိုပြီး
ပြောနေကြတယ်။ မတော်လို့ သေရင် ပြသနာဖစ်ထားတာက မင်းနဲ့ ဖြစ်ထားတာ။ သူသေတာ
ဘာမှမဟုတ်ပေ့မယ်။ သူ့ဘက်က မိဘတွေက မင်းလုပ်လို့ပါ ဘာညာနဲ့
မင်းဘက်လှည့်လာရင် မင်း အရင်ဆုံး ဂျေးအောင်းမှာ သိလား။ ခွေးကောင်ရဲ့ ။ မင်း
နွားလား။ ဒီလိုမျိုးတွေ လုပ်ရင် ဒီလိုဖြစ်မယ်ဆိုတာ မင်းမသိဘူးလားကွ”
။ ဘာညာနဲ့ ပေါ့ဗျာ။ ကြိမ်းတာပေါ့။ အဖေပြောတာလည်း မှန်ပါတယ်။ ဒါပေ့မယ်
ဒီလိုမျိုးဖစ်မယ်ဆိုတာ အနော်ဘယ်သိမလဲဗျ။ ရည်ရွယ်ပြီး လုပ်ခဲ့တာမှ မဟုတ်တာ။
အခုဟာကလည်း အဲဒီကောင်က သူ့အတ္တနဲ့ သူ နှစ်ပါးသွား က နေတာ။ ခက်တာက အနော်က
ကြားက ညှပ်နေတဲ့ ကိစ္စ L အဲဒါပဲ ဆိုးတာ။ အဖေကိုတော့ ဘာမှ ပြန်မပြောခဲ့ပါဘူး။
သူပြောတာတွေ နားထောင်ထောင်ပြီးခြင်း ကျွန်တော့် သူငယ်ချင်းတွေဆီကို ကျွန်တော် ထွက်လာခဲ့လိုက်တယ်။
ပထမဦးဆုံး
ဦးတည်ပြီး သွားတာက ကျွန်တော် သူငယ်ချင်း ရှမ်းကြီး ဆီကိုပါ။ ဟုတ်တယ်။
ပါးပါးတို့ အလင်းတို့ကသာ ရမ်းပြီး နင့်သူငယ်ချင်းတွေ၊ နင့်သူငယ်ချင်းတွေ
လုပ်နေတာ။ ဘယ်သူငယ်ချင်းက ဒီလိုလုပ်မယ်ကြိမ်းလဲ အနော်လည်း မသိဘူး။
အဲဒါကြောင့် ရှမ်းကြီးဆီ ထွက်ခဲ့တာ။ သူ့အိမ်ရောက်တော့ လဒက အငြိမ်
ဂစ်တာဝိုင်းလုပ်နေတယ်။ အခြား ကျွန်တော်သူငယ်ချင်းတွေလည်း ရှိနေတယ်။
ကျွန်တော်လည်း မြင်ယော…ရှမ်းကြီးက…
“ဟ။ ငဇူး။ အခုမှ
ပေါ်လာတာလား။ နင့်ဆီတောင် ညနေလာဖို့ ငါတို့ တိုင်ပင်နေတာ။ ဟိုမသာကိုတော့
ငါတို့ အကြောင်း ကောင်းကောင်း သိအောင်ပြရမယ် ဟုတ်” ဆိုပြီး
ပြောလာတယ်ဗျာ။ အဲဒီတော့မှ ကျွန်တော်လည်း သိတယ်။ ဒီမသာတွေပေါ့ ရိုက်မယ်။
အလောင်းကစား လုပ်ပြီးတော့ကို ပြမယ် ဆိုပြီး ပြောတာ။ ကျွန်တော်ကတော့
ပြီးတာတွေ ပြီးတဲ့အတိုင်းထားခဲစေချင်တယ်လေ။ အဲဒါနဲ့ ရှမ်းကြီးနဲ့
သူငယ်ချင်းတွေကို ကျွန်တော် ဖျောင်းဖျရတယ်။ အဲဒီထဲက
သူငယ်ချင်းတော်တော်များများကလည်း အနော်နဲ့ အတူတူ လက်တွဲပြီး
နယ်ကြမ်းဆိုလည်း
လိုက်တယ်။ မြွေပေါပါတယ်ဆိုတဲ့ တောင်လည်း လိုက်တယ်။ အနော်နောက်လိုက်လို့
ခဏခဏလည်း သေမလိုဖစ်ဖူးတယ်။ ဒါပေ့မယ်လည်း လိုက်တုန်း :D ။ ဒီလိုနေလာတာဗျာ။
အဲဒီတော့ ကျွန်တော်ပဲ သူတို့ကို တောင်းပန်ရတယ်။
“ရှမ်းကြီး။ မင်းကလည်း စွတ်ပြီး ရိုက်မယ်။ ဖဲ့မယ် ချည်းကြီးလုပ်နေတော့တာပဲ။ ပါးပါး ငါ့ကို အသေဆဲနေတယ်ကွ။ မလုပ်ပါနဲ့ကွာ။
ထားလိုက်ပါတော့။
ငါ့ကို စော်ကားတယ်ဆိုရင်လည်း.. ထားလိုက်ပါ။ ပြီးတာတွေ ပီးပါစေတော့ဟာ။
အလောင်းကစားနဲ့ သွားမလုပ်နဲ့ နော်။ နင်တို့ အားလုံး သိသားနဲ့ ငါတို့
ဆယ်တန်းဆောင်မှာ အဲဒီလို လုပ်လို့ တစ်ညလုံး မအိပ်ခဲ့ရတာ မှတ်မိတယ် မလား။
မမှတ်သေးဘူးလားကွာ” ဆိုပြီးလေ။
ကျွန်တော်တို့
ဆယ်တန်း ခြောက်လပတ်စာမေးပွဲတုန်းကလည်း ဒီလိုပဲ အဆောင်မှာ ရန်ကုန်သားတစ်ဖွဲ့
သရဲမယုံပါဘူးဆိုလို့ လောင်းကြေး၊ စားကြေးနဲ့ လောင်းခဲ့ကြဖူးတယ်။
ရှမ်းကြီး၊ အနော်၊ နောက် ပါသေးတယ်။ သူငယ်ချင်း တော်တော်များများ။
ဒီကောင်တွေကလည်း တစ်ဖွဲပေါ့။ နှစ်ဖွဲ့ပေါင်းပြီး။ အဆောင်ထဲက လင်တရူးသရဲမ
နေတဲ့ အခန်းတံခါးကို ဖွင့်ပြီး သွားအိပ်ကြတာ။
အမဲသား တစ်ပိသာတောင်
ပါသွားသေးတယ်။ သေမလိုတောင် ဖြစ်ခဲ့ကြသေးတယ်ဗျ။ အဲဒီကတည်းက
ရန်ကုန်သားတွေလည်း ပုဆိုးမနိုင်၊ ပုဝါမနိုင်နဲ့ပြေးကြရတာ။
အနော်တို့လည်းပါတယ်။ ဘုမသိ၊ ကုန်းမသိနဲ့ ဆရာတစ်ယောက် ဒီကောင်တွေ
သောင်းကျန်းလှချည်လား ဒီအခန်းထဲ ၀င်ပြီး။ ဆိုပြီး ဟောက်တယ်။ ပြီးတော့
ဝင်လာတယ်။ သူပါ အခြောက်ခံလိုက်ရတယ်။ ဖျားသွားတယ်ယော ခုနှစ်ရက်။
အနော်တို့လည်း ၂ ပတ်။ ကျောင်းနားလိုက်ရတယ်။ :D ။ အဲဒီကတည်းက ရှမ်းကြီးတို့
အလောင်းကစားဆို တတ်တာဆိုပြီး ဖြစ်သွားတာ။ :D ။ အခုလည်း သူတို့တွေ
လုပ်ချင်တာကို မလုပ်ဖို့ အတွတ် အဲဒါလေးကို မှတ်ဥာဏ်မှာ ပြန်ဖေါ်ပေးပြီးတော့…
ပြောလိုက်၇တယ်။
အဲဒီတော့မှ ရှမ်းကြီးတို့လည်း…
“အေးလေ။
အဲဒါဆိုရင်တော့ အလောင်းကစား မလုပ်တော့ပါဘူး။ ဒါပေ့မယ်… နည်းနည်းတော့
ပညာပြချင်တယ်ကွ၊ ဒီကောင်က ငါတို့နဲ့ တွေ့တိုင်း မင်းတို့ သောက်ပေါမို့ 
သရဲကြောက်တာပါ။ ဘာညာနဲ့ ကွ။ တော်တော် သောက်မြင်ကပ်တယ်”
ဒီလိုပြောလာတယ်။ ကျွန်တော်လည်း ရှမ်းကြီးတို့ကို ဟိုမသာကောင် ဂျေးထဲက
ပြန်ထွက်လာရင်…ဘာမှ မလုပ်ဖို့ရယ်။ အလောင်းကစားသွားမလုပ်ဖို့ရယ်ကို အတန်တန်
နားဝင်အောင် ပြောပြီးမှ ပြန်လာခဲ့ ရတယ်။ တော်သေးတာပေါ့။ ရှမ်းကြီးတို့
လက်ခံလို့။ မဟုတ်ရင် မလွယ်ဘူး။ ဒီကောင်ကလည်း လူတစ်မျိုး လုပ်မယ်ဆို
ဇွတ်လွတ်တတ်တယ်။ ပြီးတော့ ရှမ်းကြီးကို နိုင်တာ အနော် :D ။ အဲဒါလေးတော့
သာတယ်။
ကျောင်းမှာကတည်းက သူက သူများကို အနိုင်ကျင့်တယ်။ ခဏခဏကျင့်တယ်။ ဆရာမတွေ ခေါ်ဆူလည်း ခဏပဲ။ ရိုက်လည်း ခဏပဲ။
ပြီးရင်
ပြန်လုပ်တာပဲဗျ။ ဒါပေ့မယ် ကျွန်တော်က သူအဲဒီလို လုပ်နေတာမြင်လို့ ပြောရင်
ရတယ်။ ချက်ခြင်းလွတ်လိုက်တယ်။ အနော်ကို ချစ်တယ် ဒီကောင်တွေက :D ။
အဲဒါကြောင့် ဒီနေ့ ဒီအချိန်မှာလည်း ကျွန်တော် သွားပြောလိုက်တော့ ပွဲက
ပြီးသွားတယ်ဆိုပါတော့ ဗျာ။
ဒါပေ့မယ်လည်း လောကကို အ၇ွဲ့ တိုက်တတ်တဲ့ သူရဲ့ ကံကြမ္မာကတော့… မလှပခဲ့ပါဖူး။
ဒီစကားကို
ဘာလို့ ပြောလိုက်လဲဆိုတော့… ဟိုကောင်လေးကို သနားလို့ပါ။ သူ နောက်ပိုင်း
ဂျေးထဲကနေ အာမခံနဲ့ လွတ်လာတယ်။ အရင်လိုပါပဲ။ ဟိုလူကို ရန်စလိုက်၊ ဒီလူကို
ရန်စလိုက်နဲ့။ အနေအထိုင်ကတော့… အရင်အတိုင်းပါပဲ။ ကျွန်တော်ကိုလည်း
ခဏခဏကြိမ်းတယ်။ သူငယ်ချင်းတွေလည်း သိတယ်။ ဒါပေ့မယ် ကျွန်တော်က ဘာမှ
မလုပ်ပါနဲ့ လို့ ပြောထားတဲ့ အတွတ် သူတို့လည်း ဘာမှ သွားမပြောနေတော့ဖူး
လွတ်ထားလိုက်တယ်ဆိုပါတော့ဗျာ။
ဒီကောင်လေးကလည်း ခံစားချက်
ဘယ်လောက်တောင်ပြင်းနေလဲ မသိဘူးဗျာ။ သရဲ ရှိတယ်ဆိုတဲ့ နေရာတွေကို
သွားပြီးတော့ကို အိပ်တာ။ နေတာ။ တစ်ယောက်တည်း သွားတာနော်။
တကယ်ခြောက်ပါတယ်ဆိုတဲ့ နေရာတွေလည်း သွားပြီး ဓါးတွေနဲ့ ခုတ်လိုခုတ်။
ဝင်ဖြိုလို ဖြိုနဲ့ဗျာ။ တစ်ချို့ သရဲခြောက်တဲ့ အိမ်တွေက…အိမ်ဟောင်းတွေ
များတယ်။ ခယိုင် ခနဲ့တွေ။ အဲဒီလို အိမ်ဟောင်းတွေကို သွားပြီးတော့…အိပ်တယ်။
ပြီးရင် တံခါးတွေဘာတွေ ကန်ကတ်ပြီး ချိုးခဲ့သေးသဗျှ။ ခက်တာကလည်း သရဲတွေ
့ချင်နေတဲ့သူကိုမှ သရဲက လုံးဝမခြောက်ဖူး :D ။ မချောက်လေ ပေါက်ကွဲလေ။
မချောက်လေ ပေါက်ကွဲလေနဲ့ ကြာတော့ သူလုပ်သမျှ မျောက်ပွဲကြီးလို့ ဖြစ်လိုဗျာ။
လူတွေကလည်း ဒီကောင်ကို စိတ်ဝင်တစား ရှိကြတယ်။ ဟုတ်တယ်လေ။ သူက သူများတွေထက်
ထူးနေတာကိုး။ ဒီနေ့ ဘယ်အိမ်မှာ သွာအိပ်မယ်။ နောက်နေ့ ဘယ်သင်္ချိုင်းကုန်းကို
သွားမယ်။ ဘာညာပေါ့ဗျာ။ မှတ်တမ်းနဲ့ ကို ချတာခင်ဗျ။ အဲဒီလို
လုပ်ပါများလာတော့ သူဆီမှာ သူငယ်ချင်း အပေါင်းအသင်းများလာတယ်။ သူနဲ့
ပေါင်းတဲ့ ကောင်တွေကလည်း သူလိုပဲ သရဲမကြောက်တတ်သူတွေပေါ့နော်။ အဲဒီမှာ
ကျွန်တော် သူငယ်ချင်းတွေနဲ့ သွားငြိပြန်တယ်ဗျာ။ သူတို့ က
သရဲမကြောက်တတ်သူတွေဆိုတော့ အနော်နဲ့ အနော်သူငယ်ချင်းတွေက သရဲ
ကြောက်တတ်သူတွေ ဖြစ်သွားပြန်တယ် :D ။ အဲဒီစကားကို သူတို့ဘက်က “စ” လိုက်တာ။
လက်ဖက်ရည်ဆိုင်ကြီးမှာဗျာ။ တော်သေးတယ်။ ရိုက်ပွဲတွေ မဖြစ်ကုန်တာ။ ရှမ်းကြီး
ရှိနေလို့ပေါ့။ သူက သူ့လူတွေအကုန်လုံးကို ထိမ်းပြီး ပြန်သွားတယ်။
ဟိုကောင်တွေက အောင်ပွဲခံပြီး ကျန်ခဲ့တယ်ဆိုပါတော့ဗျာ။
အဲဒီကိစ္စကို
ရှမ်းကြီးက ကျွန်တော်ကို လာပြောတယ်။ ဒီကောင်ကို ပညာပေးချင်တယ်ပေါ့နော်။
ဘယ်လိုလုပ်ရမလဲတဲ့။ အနော်က ရှမ်းကြီးကို ပြောလိုက်တယ်…
“မင်းကွာ။
ကိုယ့်ထမင်းကိုယ်စားပြီး သူများ ချီးထုတ်ကို ခေါင်းထဲထည့်တယ်။
အေးဆေးနေစမ်းပါဟ။ ငါတို့မှ ဘာမှ မဖြစ်တာ အနေသာကြီးဟာကို။ ပြီးတော့ ငါတို့
ဘာမှ မဖေါင်းထားဖူးလေ။ မင်းက သွားဖေါင်းမလို့လား? ထားလိုက်ပါကွာ၊ အာရုံပါ။
အရှိန်သေသွားသွားလိမ့်မယ်” ဆိုပြီးဖျောင်းဖျလိုက်ရတယ်။ ရှမ်းကြီးက
အဲဒီစကားကို လာပြောတဲ့ အချိန်မှာ တော်တော်လေး ဒေါသထွက်နေတာ။
ကျွန်တော်ကသာ..ဟေ။ ငါတို့ကို ဒီလိုပြောတယ် ဟုတ်လား။ ချကွာ။ ဆိုပြီး ထွက်ရင်
အဲဒါ ဒီကောင်တွေကပါ လိုက်တော့မှာ။ ကျွန်တော်က အဲဒီလို မဟုတ်ပဲ။
ရှမ်းကြီးကို ပြန်ပြီး နှိမ်သိမ့် လိုက်တော့ ရှမ်းကြီး တော်တော်
ခံရခက်သွားတယ်။
သူငယ်ချင်း အချင်းချင်းဆိုတော့ သူ့စိတ်ကို ကျွန်တော်
သိပါတယ်။ ဒါပေ့မယ် အကျိုးအမြတ်မှ မရှိတာဗျာ။ ရိုက်တာက ပြသနာမဟုတ်ဘူ။
ဟိုဘက်လူ အုပ်၊ ဒီဘက် လူအုပ်ရိုက်တယ် ဆိုတာ အနော်တို့ ငယ်ငယ်ခလေးကတည်းက
အုပ်စုဖွဲ့ ဆော်နေကြ။
ခလေးတုန်းကတော့ တုတ်တွေနဲ့ တီးပေ့မယ့် ၊ အခု ဆယ်ကျော်သက်တွေ ဖြစ်နေပြီ။ အိမ်ပေါ်မှာကလည်း ရှမ်းဓါးက အဆင်သင့်။
အသေတွေ
ဆော်မိကုန်ရင် သူတို့လည်း မကောင်းဘူး။ အနော်တို့လည်း မကောင်းဘူး။ သေတဲ့လူက
သချီိုင်းကုန်းသွား။ နိုင်တဲ့ သူက ဂျေးထဲအောင်း။ ကဲဗျာ…ပြောပါဦး။ ဘယ်နေရာ
ကောင်းသလဲလို့? L လေဒယ်။ ပြီးတော့ ဖြစ်တဲ့ အမှူကလည်း ဘာမှ မဟုတ်ဘူး။
“တစ္ဆေသရဲ ယုံလို့ ရိုက်တယ်ကွာ”
“တစ္ဆေတရဲ မယုံလို့ ရိုက်တယ်ကွာ”
ဆိုတော့ လူကြားလို့မှ မသင့်တော် :D ။ စိတ်ညစ်ပါတယ်ဗျာ။ ပြီးတော့
ဖြစ်ကြပြီဆိုရင်လည်း ကိုယ့်သူငယ်ချင်းတွေ ထိခိုက်နစ်နာကုန်မှာ သူတို့က
အခုမှ အညွှန့်တစ်လူလူနဲ့ တတ်ကြမဲ့သူတွေ။ ဘာမဟုတ်တဲ့ ကိစ္စနဲ့ ရန်ဖြစ်ပြီး
လူသတ်မှု ဖြစ်တယ်ဆိုမကောင်းဘူးလေ။ အဲဒါတွေလည်း ပါတယ်ဗျာ။ အများကြီး
စဉ်းစားပြီး ရှမ်းကြီးကို ပြောချလိုက်ရတယ်။ အဲဒါတွေနဲ့
နှိမ့်သိမ့်လိုက်ရတယ် ဆိုပါတော့ဗျာ။ ရှမ်းကြီးလည်း ကျွန်တော် ပြောပြတာတွေ
အကုန်လုံးကို တော်တော်လေး နားထဲဝင်သွားတယ် ထင်ပါတယ်။ အပြန်ကျတော့ ခေါင်း
ငိုက်စိုက်၊ ငိုက်စိုက်နဲ့ :P ။ စိတ်ညစ်တယ်။
ဒီလိုနဲ့
ရှမ်းကြီးတို့လည်း ငြိမ်သွားတယ်။ ကျွန်တော်ကတော့ အနော် အလုပ်ပဲ
အနော်လုပ်တာပဲဗျာ။ ကျန်တာ ဘာမှ မစဉ်းစားဘူး။ ဒီကောင်လေး သတင်းတွေ
ကြားနေပါတယ်။ “ငဇူး ဆိုတဲ့ကောင် သူ့ကို မကျော်နိုင်တော့ ငြိမ်သွားတယ် တွေ့လား” ဘာညာပေါ့ဗျာ။
နားနှစ်ဖက်ကောင်းနေ
သရွေ့ တော့ သတင်းဆိုတာ နားထဲ ၀င်လာပါတယ်ဗျာ။ သူငယ်ချင်းတွေက လာလာပြောကြ။
အလင်းက မနက်ဆို ဈေးထဲကနေ ဈေးဝယ်ရင်းနဲ့ သိလာတာတွေ ပြောပြနဲ့ ဒီကောင်
သတင်းတွေက တော်တော်လေး နားရည်ဝနေတယ်။
ဒီလိုနဲ့
သုံးလေးလလောက်ရှိသွားတယ်ပေါ့ဗျာ။ ဒီကောင်လေးက အဲဒီသုံးလေးလအတွင်းမှာ နယ်တွေ
ဆင်းပြီးတော့ကို သရဲလိုက်ရှာတာခင်ဗျ။ :D ။ သို့ပေမယ့် သူတွေ့ ချင်တဲ့
သရဲလုံးဝမတွေ့ရသေးပါဘူးတဲ့  :D ။
တစ်နေ့ပေါ့ဗျာ…
ကျွန်တော်နဲ့ အလင်း သီပေါတတ်သွားတယ်။ သီပေါဘက်က အလင်းအမျိုးတွေဆီသွားတာပါ။
ဘော်ကြိုဘုရား သွားဖူးချင်တယ်ဆိုပြီး လုပ်လွန်းအားကြီးလို့
အနော်လိုက်ပို့တာ။ ကျွန်တော် ဆိုင်ကယ်နဲ့ပဲ။ သီပေါလည်းရောက်ရော အလင်းက
ဘုရားဖူးတာနဲ့ အမျိုးတွေနဲ့ တွေ့လို့ ဆိုပြီး တစ်ရက်နေလိုက်သေးတယ်။
ပြီးတော့ နောက်တစ်ရက် နေ့  လည်လောက်ကျမှာ ပြန်ဆင်းလာတာ။ ဖြစ်ချင်တော့
လမ်းမှာ ဒီကောင်လေးတို့ အုပ်စုနဲ့ တွေ့တယ်ဗျ။ ဒီကောင်တွေက လားရှိုးက
ပြန်ဆင်းလာတာ။ ဆိုင်ကယ်က လေးစီး။ လူက ခုနှစ်ယောက်လောက်၇ှိတယ်။
ကျွန်တော်ဆိုင်ကယ်က အရှေ့ မှာ သူတို့က အနောက်မှာ။ အဲဒါကို
ကျွန်တော်ဆိုင်ကယ်ကို ပွတ်ပြီးတော့ကို ဖြတ်ကျော်သွားတယ်ဆိုပါတော့။
ကျွန်တော် တော်တော် ဒေါသထွက်သွားတယ်ဗျာ။ ဆိုင်ကယ်က တော်တော်လေး ရမ်းသွားတာ။
ဘေးမှာက ချောက်။ အဲဒါနဲ့ ဆိုင်ကယ်ကို ကမန်းကတန်း ပြန်ထိမ်းလိုက်ရတယ်။
ပြီးတော့
ဆက်မောင်းမို့ဟာကို အလင်းက “ခဏခဏ” ဆိုပြီး ပြောတာနဲ့ ကျွန်တော်
ရပ်ပေးလိုက်ရတယ်။ ကျွန်တော် စိတ်နဲ့ ဆို အမှီလိုက်တိုက်ပစ်မှာ။
စော်ကားသွားတာဗျာ။ ဘလိုင်းကြီး။ အဲဒါနဲ့ အလင်းကို ကျွန်တော်က အရေးထဲ သူက
တစ်မှောင့်ဆိုပြီး..
“ဘာဖြစ်တာလဲဟ။ နင်ကလည်း အရေးထဲ” ဆိုပြီး ပြောလိုက်တော့…သူက…
“ငါ
လန့်သွားလို့ဟ၊ ခဏ နားရအောင်ဟာ နော်” ဘာညာနဲ့ ပြောလာတယ်။ ကျွန်တော်လည်း
စိုးရိမ်သွားတယ်။ အလင်းက အဲဒီလို လန့်ရင် ဖျားတတ်တယ်ဗျ။ အသည်းနုတယ်
ပြောမလားဘဲ။ အဲဒါနဲ့ ကျွန်တော်လည်း ဆိုင်ကယ်ကို လမ်းဘေးက အရိပ်ရတဲ့ နေရာမှာ
ရပ်လိုက်ရတယ်။ အလင်းမျက်နှာကို ကြည့်တော့ ဖြူဖတ်၊ ဖြူရော်ဖစ်နေပြီဗျ။ သူ
မြွေတောင်မှာ မြွေတွေလိုက်လို့ ပြေးလာခဲ့တုန်းကလည်း ဒီလိုပဲ ဖြူဖတ်၊
ဖြူရော်နဲ့ လေ။ ပြီးတော့ ဖျားပါယောလား L ။ အခုလည်း အဲဓီလို ဖြစ်သွားမှာ
ကျွန်တော် တော်တော်ကြောက်သွားတယ်။ ဟိုကောင်တွေကိုလည်း တော်တော်တင်းသွားတယ်။
ဒါပေ့ မယ် အခုက အလင်းက အရေးကြီးနေတော့ သူ့ကို ခဏလေး ဆိုင်ကယ်ပေါ်က
ဆင်းခိုင်းလိုက်ရတယ်။ ပြီးတော့ ဆိုင်ကယ်အောက်က ၀ါတာဘလူးကို ထုတ်ပြီး
ထိုင်ခိုင်း၊ လွယ်အိတ်ထဲက ရေဗူး ထုတ်တိုက် ဘာညာနဲ့ ပေါ့ဗျာ။ တော်တော်လေး
ပြုစုလိုက်ရတယ်။ သူလည်း တော်တော်တင်းနေတယ်။
“အဲဒီကောင်တွေ
လူမှ ဟုတ်ရဲ့ လား?။ ဆိုင်ကယ်က မိန်းခလေးတစ်ယောက်လည်း ပါနေတယ်။ ပြီးတော့
ဘေးမှာလည်း ချောက်ရှိနေတာကို ဒီလို ပွတ်ဆွဲသွားရလား။ ငါတော်တော် တင်းတယ်ဟာ”
ဘာညာ ဆိုပြီးတော့ ပြောနေတာ။ ကျွန်တော်က တော့ အဲဒီအချိန်မှာ
ဒေါသထွက်ပေ့မယ်လည်း မြိုသိပ်ထားရတယ်။ ကျွန်တော် ဒေါသထွက်တာ သူသိသွားရင် သူက
အနော်ကို စိုးရိမ်မှာ။
အဲဒါဆို ပိုဆိုးကုန်မယ်။ သူ့ကို အိမ်ပြန်ပို့ပြီးမှာ… အဲဒီကောင်တွေနဲ့ ဇယား သွားရှင်းတော့မယ်ဆိုပြီး တေးထားလိုက်တယ်။
ဒီလိုနဲ့
အလင်းသက်သာသလောက်ရှီတဲ့ အချိန်မှာ ဆိုင်ကယ်ကို ပြန်ပြီး
မောင်းထွတ်လာခဲ့ရတယ်။ ကျွန်တော်က တစ်လမ်းလုံး ဖြည်းဖြည်းပဲ မောင်းလာရတယ်။
သူက အနော်ကို မှီပြီးလိုက်လာတယ်။ ခေါင်းမူးလို့ဆိုပြီးလေ။ အဲဒီလို
မောင်းလာလိုက်တာ ညနေ ခြောက်နာရီကျော်လောက်မှ နောင်ချိုကို ရောက်သဗျှ။
အလင်းကို နောင်ချိုက လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာပဲ မုန့်တွေဘာတွေ ကျွေးပြီး
ဆက်ထွက်လာတယ်။ နောင်ချို အထွက်နားလောက်လည်း ကျရော… လမ်းဘေးတစ်နေရာမှာ
ပွဲဈေးတစ်ခုတွေ့တယ်ဗျ။
ဘာပွဲဈေးမှန်း မသိဘူးရယ်။ ဘာအတွတ်လုပ်တာလည်း
အနော်လည်း မသိဘူး။ အရင်က ဒီနေရာမှာ ဒီလိုမျိုးတွေလည်း မရှိခဲ့ ဖူးဘူးလေ။
အခုမှ တွေ့တာ။ မီးတွေကလည်း ထိန်ထိန်လင်းနေတာပဲ။ အဲဒါနဲ့ အလင်းကို
မေးကြည့်မိတယ်။
“ဟဲ့… ဒါ ဘာအတွတ်လုပ်တာလဲဟ။ အရင်က မရှိပါဘူးနော့” ဆိုတော့ အလင်းက..
“အေး။ ဟုတ်တယ်ဟ။ ဟဲ့ ၀င်ကြည့်ရအောင်နော်” ဘာညာနဲ့
ပူဆာပါလေယောဗျို့ ။ ကျွန်တော်က ပါးပါးနဲ့ မားမား မျှော်နေမယ်။ နင်ကလည်း။
နောက်ကျရင် ဆူခံထိမယ်။ ဘာညာပေါ့ဗျာ။ အတင်းငြင်းတယ်။ သူကလည်း လုံးဝမရ၀ူး။
ကြည့်မယ်ဆိုတာချည်းပဲ။
နောက်တော့ အနော်လည်း လိုက်လျောလိုက်ရတယ်။ အဲဒါနဲ့ ပွဲခင်းထဲက တစ်နေရာမှာ ဆိုင်ကယ်ကို ၀င်ထိုးလိုက်ရတယ်။
ပြီးတော့
ကျွန်တော်တို့ နှစ်ယောက် ဟိုလျှောက်ကြည့်၊ ဒီလျှောက်ကြည့်ပေါ့ဗျာ။ မုန်
့တွေဘာတွေ စားမို့ဟာကလည်း။ အလင်းက ဆီမသန့်ရင် မစားချင်ဘူး။ ငါနဲ့
မတည့်ဘူးချည်း လုပ်တာဗျ။ အနော်က ငတ်ယော။ ဗိုက်က ဆာနေပြီ။ နောင်ချို
လက်ဖက်ရည်ဆိုင်မှာကလည်း သူချည်းပဲ စားသွားတာ။ အနော်က ဘာမှစားထားတာမဟုတ်ဝူး။
ဒီမှာ စားမယ်ဆိုတော့လည်း…
သူက မစားနဲ့ ဆီမသန့်ဘူး။ ဘာညာလုပ်နေတော့ လူက တော်တော်လေး ညစ်လာတယ် L ။ သူကျတော့ ချားပီး ဟွန်း။
အဲဒီလို
သွားရင်း၊ သွားရင်းနဲ့ ပွဲခင်းဒေါင့်မှာ
မျက်လှည့်ဝိုင်းတစ်ခုသွားတွေ့တယ်ဗျ။ လူတွေ တိုးနေတာများဗျာ။ ကြိတ်ကြိတ်ကို
တိုးနေတာ။ ကျွန်တော်တို့ကလည်း အဲဒီလိုမျိုးဆို စိတ်က တော်တော်
ဝင်စားတာရယ်။ အဲဒါနဲ့ နှစ်ယောက်သား တိုးကြည့်ကြတယ်ဆိုပါတော့။
မျက်လှည့်ပြနေတာက ထူးဆန်းတယ်။ လူလက်ဖျံရိုးတစ်ချောင်းကို အပေါ်မှာ
ကော်အရုပ်ခေါင်းလေးတပ်ပေး။ အကျီလေးဝတ်ပေးပြီးတော့…ထမိန်ပုံစံလေး
ပတ်ပေးထားတယ်ဗျ။
အဲဒီဟာလေးက သီချင်းလည်း ဆိုတယ်။ မေးရင်လည်း ဖြေတယ်။
တော်တော်
ထူးဆန်းတယ်။ လူတွေက အုံနေတာပဲ။ ပိုက်ဆံကလည်း ရလိုက်တာ။ သောက်သောက်လဲဗျာ။
အဲဒီဟာကို အလင်းရော ကျွန်တော်ရော ကြည့်နေတာ။ အလင်းကို အရင်ကြည့်ရဖို့
လူတိုးပေးရတော့ သူက အရင်မြင်ရတယ်။ ကျွန်တော် မမြင်ရတေးဘူးရယ်။
အဲဒီအချိန်
ကျွန်တော် အနောက်ကို လူတစ်စုကလည်း တိုးလာတယ်။ အနော်နဲ့ အလင်းကို
ဖြတ်တိုးပြီး ရှေ့  ကို ၀င်တာဗျ ဒီလူစုက။ အဲဒါနဲ့ အနော်လည်း
လှည့်ကြည့်လိုက်တော့ ဘယ်သူထင်တုန်း?
ဟိုမသာကောင်လေးတို့
အုပ်စုဗျ။ ဒီကောင်တွေကလည်း အနော်တို့ဆိုတာ သိသွားတော့…ပထမတော့ အနောက်ကို
ပြန်ဆုတ်သွားတယ်။ ပြီးတော့ ကျွန်တော် ဘာမှ မလုပ်မှန်း သိတော့မှ။
စပ်ဖြဲဖြဲနဲ့ ဟိုးဘက်လူအုံနေတဲ့ နေရာ ကနေ သွားပြန်တိုးတယ်။
ဒါပေ့မယ်..တစ်ယောက်က ကျွန်တော်တို့ နားမှာ တစ်ယောက်ကျန်ခဲ့တယ်ဗျ။ အဲဒါနဲ့
ကျွန်တော်လည်း ဘာပြသနာမှ မတတ်လောက်သေးပါဘူး ဆိုပြီး ထပ်ပြီး
တိုးကြည့်တယ်ဆိုပါတော့ဗျာ။ အဲဒီဝိုင်းမှာ လူတွေကလည်း ပြည့်နှက်နေတာပဲဗျာ။
တိုးရင်း၊ တိုးရင်းနဲ့ ကျွန်တော်ရော အလင်းပါေ၇ှ့ ဆုံးရောက်သွားတယ်။
အဲဒီတော့ မှာ မျက်လှည့်ကို သေသေချာချာ မြင်ရတာ။
မျက်လှည့်
ပြနေတဲ့လူက မုတ်ဆိတ်မွှေးတွေ အရှည်ကြီးပဲဗျ။ ယောပုဆိုးနဲ့
အကျီရှပ်လက်ရှည်ဖင်ကြမ်းအဖြူကို သေသေချာချာဝတ်ထားတယ်။ လူပုံကတော့
ခပ်သန့်သန့်ပဲ။ သူ့ ရှေ့ မှ ခုန လူလက်ဖျံရိုးလေးကို အ၀တ်ပတ်ပြီး။
ကော်ပတ်ရုပ်ခေါင်းလေး စွပ်ထားတဲ့ဟာက လှဲလျောင်းနေတယ်။ အဲဒီမှာ
ကျွန်တော်တို့ ကြည့်နေတုန်း မျက်လှည့်ဆရာကြီးက အမိန့်ပေးတော့တာပါပဲ
“ကဲ သမီးလေးရေ၊ ပုရိသတ်က တောင်းဆိုနေပြီ။ သီချင်း တစ်ပုဒ်လောက် ဆိုပြပါစမ်းပါဦး” ဆိုပြီး ပြောတယ်။
အရုပ်က လုံးဝ မလုပ်လာဘူး။ အဲဒါနဲ့ မျက်လှည့်ဆရာက ထပ်ပြောတယ်။
“သမီးက စိတ်ကောက်နေတာလား။ ပုရိတ်သတ်က သမီးနဲ့ စကားပြောချင်လို့ပါတဲ့ သမီးရယ်။ ထစမ်းပါဦး။ အိပ်ပုတ်ကြီးလိုက်တာ” ဆိုပြီး ထပ်ပြောတယ်ဗျ။ အရုပ်က လုံးဝ မလှုပ်ဖူး။
မျက်လှည့်ဆ၇ာကဗျာ စိတ်ဆိုးတာလေ။ ပြောမနေပါနဲ့ တော့ ။ မျက်နှာကြီး နီလာပြီးတော့ မျက်လုံးပါ ပြူးထွက်လာတယ်။
“ဟဲ့ ကောင်မ သောက်ကြောတင်းနေတာလား။ ငါ့ကို စမ်းနေတာလား။ နင် ထ မလား။ မ ထ ဘူးလား? ဟမ်” ဆိုပြီး ကြိမ်လုံးကိုင်ပြီး ရွယ်တော့မှ အရုပ်က မဆိုသလောက် လှုပ်လာတယ်။ ဒါပေ့မယ် ခဏပဲ လှုပ်ပြီး “၀ုန်း” ခနဲ ဆိုပြီး ငြိမ်ကျသွားတယ်ဗျာ။
ငဇူး (တတိယ ပိုင်း ဆက်ရန်)
Thursday, October 10, 2013
သေခြင်းနှင့် ယှဉ်၍ လောင်းသည်…(၂) (သရဲကြောက်တက်သူများ မဖတ်ရ)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment