ချီလီနိုင်ငံမှာ ရှိတဲ့ The San Alfonso del Mar Tourist complex မှာ ဖန်တီး ထားတဲ့ ရေကူးကန်က လက်ရှိမှာ ကမ္ဘာ့ အကြီးဆုံး ရေကူးကန် အဖြစ် ဂင်းနစ် စံချိန်တင် ထား ပါတယ်။ ယင်း လူတို့ ပြုလုပ် ရေကူးကန်ဟာ ၈ ဧက ကျယ်ဝန်း ပြီး Crystal Lagoons လို့ အမည်ရတဲ့ ကုမ္ပဏီက တည်ဆောက် ထားခြင်း ဖြစ်ပါတယ်။ Crystal Lagoons ဟာ ယင်း ကဲ့သို့ အလားတူ ပိုမို ကြီးမားတဲ့ ရေကူးကန် ၂ ခုကို ဆောက်နေပါပြီ။ အီဂျစ်နိုင်ငံ သဲကန္တာရ အတွင်းမှာ ၁၂.၅ ဧက ကျယ်ဝန်း တဲ့ ရေကူးကန်ကို တည်ဆောက်ပြီး ဂင်းနစ် စံချိန် ချိုးပါမယ်။ ပြီးရင် ယူအေအီး နိုင်ငံ ဒူဘိုင်းမြို့ အနီးမှာ ဧက ၄၀ ကျော် ကျယ်ဝန်းတဲ့ ရေကူးကန် တည်ဆောက်ပြီး သူယူခဲ့တဲ့ ဂင်းနစ် စံချိန်များကို သူကိုယ်တိုင်ပဲ ပြန်ချိုးမှာ ဖြစ်ပါ တယ်။ ဒူဘိုင်းက ရေကူးကန် ကတော့ သက္ကရာဇ် ၂၀၂၀ ခုနှစ် ရောက်မှ တည်ဆောက် ပြီစီးမှာ ဖြစ်ပါတယ်။
ပုံမှာ မြင်တွေ့ ရသလိုပဲ ကန် တစ်ခုလုံးကို သန့်ရှင်းအောင် ထားရှိခြင်း ဖြစ်ပါ တယ်။ ဒီအတွက် သန့်ရှင်းရေး စရိတ်ကလည်း နည်းမှာ မဟုတ် ပါဘူး။ အီဂျစ်နဲ့ ဒူဘိုင်းတို့မှာ ဆိုရင် ပင်လယ်ကမ်းခြေ အတု သဘောမျိုး တောင် ရေကူးကန်မှာ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အနာဂတ်မှာ သဘဝ ပင်လယ် များနဲ့ အပြိုင် လူလုပ် ပင်လယ်နဲ့ ကန်များ ဖြစ်ထွန်းလာမယ့်လို့ မြို့ပြ ပညာရှင် များက ခန့်မှန်း ထားကြ ပါတယ်။
.
Ref: dailymail
အောင်ခမ်း (www.innewsmyanmar.com)
0 comments:
Post a Comment