Wednesday, October 1, 2014

၉၆၉ နှင့် ဘီဘီအက်စ်အဖွဲ့ပူးပေါင်းမှုအပေါ် မဘသ (ဗဟို) အပြည့်အဝထောက်ခံ


၉၆၉ (ဗုဒ္ဓဘာသာကာကွယ် စောင့်ရှောက် ရေးအဖွဲ့)နှင့် BBS (Bodu Bala Sena) အဖွဲ့တို့ ဗုဒ္ဓဘာသာပြန့်ပွားရေးဆောင်ရွက်ရန် သဘောတူ ညီချက်များချမှတ်နိုင်ခဲ့မှုကို အပြည့်အဝထောက်ခံ ကြောင်း မဘသ(အမျိုးဘာသာ စောင့်ရှောက်ရေး အဖွဲ့)ဥက္ကဋ္ဌဆရာတော်ဦးတိလောကက အောက်တို ဘာ ၁ ရက်တွင် ရန်ကုန်တိုင်းမ်သို့ မိန့်သည်။''နိုင်ငံတိုင်းမှာရှိတဲ့ ဗုဒ္ဓဘာသာအဖွဲ့တွေ ပူး ပေါင်းလေကောင်းလေပါ။ များများပူးပေါင်းနိုင်လေ နိုင်ငံတော်အတွက်လဲ ကောင်းသလို ဘာသာရေး အတွက်လဲကောင်းတယ်။ ကိုယ်တစ်ယောက်တည်း လုပ်ရင် ဘယ်လောက်မှ အလုပ်မဖြစ်ဘူး။ ၉၆၉ အဖွဲ့နဲ့ BBS ပူးပေါင်းတာကို ဘုန်းကြီးတို့အဖွဲ့ တစ် ဖွဲ့လုံးက ထောက်ခံတယ်''ဟု မိန့်ကြားခဲ့သည်။

မြန်မာနိုင်ငံရှိ ၉၆၉ အဖွဲ့ ဦးဆောင်လှုပ်ရှား သူ ဆရာတော်ဦးဝီရသူသည် စက်တင်ဘာ ၂၆ရက် က သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့သို့ ကြွရောက်ခဲ့ပြီး နောက် စက်တင်ဘာ ၃ဝရက်တွင် အဆိုပါ BBS အဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။

ကိုလံဘိုမြို့၌ ကျင်းပနေသည့် သံဃာတော် များညီလာခံတွင် နှစ်ဖက် သဘောတူညီခဲ့ကြခြင်း ဖြစ်ပြီး ၄င်းသဘောတူညီချက်အရ ဗုဒ္ဓဘာသာပြန့် ပွားရန်နှင့် တခြားဘာသာဝင်များ၏ ခြိမ်းခြောက်မှု များမှ ကာကွယ်နိုင်ရေးတို့ကို ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းများကဆိုသည်။

အဆိုပါညီလာခံသို့ တက်ရောက်ရန် ဆရာ တော်ဦးဝီရသူအား ဖိတ်ကြားခဲ့မှုအပေါ် တမီးလ် အမျိုးသားမဟာမန်အဖွဲ့က ကန့်ကွက်မှုများပြုလုပ် ခဲ့သော်လည်း ဆရာတော်ဦးဝီရသူသည် သီရိလင်္ကာ နိုင်ငံတွင် စက်တင်ဘာ ၂၆ရက်မှ အောက်တိုဘာ၎ ရက်အထိ နေထိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

‪The Yangon Times‬

0 comments:

Post a Comment