Wednesday, February 4, 2015

ငွေသား သိန်း ၅၀နဲ့ ရွှေစင်ရုပ်ထုက ကြယ်အပြင် ဘုရားဖူးခရီးသည်တွေကို စတုဒီသာ လှူဒါန်းခဲ့တဲ့ ၀တ်မှုန်ရွှေရည်



ပရိသတ်တွေရဲ့အချစ်တော် ၊ နုနုရွရွလေးနဲ့ မထိရက်မတို့ရက်လောက်အောင် ချစ်စရာကောင်းတဲ့ ၀တ်မှုန်ရွှေရည်ဟာ သူမ ရရှိခဲ့တဲ့ အကယ်ဒမီရွေစင်ရုပ်ထုမှ ၂ ကျပ်သားတန် ရွှေကြယ်ကို နဲ့ ကမ္မဌာန်းကျောင်းဆောင် ဆောက်လုပ်ရန်အတွက် ငွေကျပ် သိန်း ၅၀ တို့ကို မှော်ဘီ အောင်ဇမ္မူကျောင်း ဂျပန်ဘုရားမှာ သွားရောက်လှုဒါန်းခဲ့ပြီး လာရောက်ဖူးမျှော်ကြကုန်သော ဘုရားဖူး ခရီးသည်တို့ကိုလည်း စတုဒီယာကျွေးမွေးလှူဒါန်းမှုတစ်ခု ( ၁.၂. ၁၅) ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ယင်းအလှူပွဲနဲ့ပတ်သတ်ပြီး ၀တ်မှုန်ရွှေရည်က “ကစ် ဒီအလှူပွဲလေးကို လုပ်ရတဲ့အတွက် အရမ်းလဲ ကျေနပ်ပီတိ ဖြစ်မိပါတယ်။ ဒီအလှူလေးကိုလဲ လုပ်ချင်နေတာကြာပါပြီ။ ခုမှပဲ လုပ်ဖြစ်တယ်ပေါ့။ အကယ်ဒမီ ပြီးကတည်းက လုပ်ချင်နေတာပါ။ ကြားထဲမှာ မအားလို့ နည်းနည်းလေးတော့ ဟသွားတယ်ပေါ့။ အမှတ်တရလေးလဲ ဖြစ်သွားတယ်။ ဒါက ကစ်ရခဲ့တဲ့ အကယ်ဒမီ ရွှေစင်ရုပ်ထုရဲ့ ကြယ်ကို မဟာမုနိမြတ်စွာဘုရားမှာ လှူခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ကိုယ်အထွဋ်အထိပ် ထားတဲ့အရာလေး တစ်ခုကို ဘုရားကို လှူတဲ့သဘောပါပဲ။ ရွှေကတော့ နှစ်ကျပ်သားပေါ့။ လွတ်နေတဲ့ ကစ်ရဲ့အကယ်ဒမီက ကြယ်လေးနေရာမှာ အစားထိုးဖို့ကတော့ ကစ်ရွှေဆိုင်မှာ ပြန်အပ်ထားပါတယ်။ ကစ်ရဲ့ကြိုးစားအားထုတ်မှုနဲ့ပတ်သတ်ပြီး ပရိသတ်တွေရစေချင်တဲ့ ဒီဆုက ကြယ်လေးကို ဒီကျောင်းမှာ လှူခွင့်ရတဲ့အတွက် အရမ်းကိုကျေနပ်တယ်။ ၀မ်းသာပါတယ်။ ကစ်ဒီနေ့အရမ်းလဲ ပျော်နေပါတယ်။ ငွေသားကတော့ သိန်း၅၀ ကမ္မဌာန်းကျောင်းဆောက်ဖို့တွက်လှူခဲ့ပါတယ်။ ဒီအလှူလေးကတော့ ကစ်ကို အားပေးကြတဲ့ We Love Wut Hmone Shwe Yee က ပရိသတ်တွေရဲ့ အလှူလဲ ပါပါတယ်။ ကစ်ရဲ့ Collection ပစ္စည်းလေးတွေ ရောင်းရတဲ့ ပိုက်ဆံတွေလဲ ပါပါတယ်။ ဒီဘုန်းဘုန်းကျောင်းမှာဆိုရင် အနယ်နယ်အရပ်ရပ်က ဘုရားဖူးခရီးသည်တွေ လာကြတယ်။ သူတို့ကိုလဲ စတုဒီသာ ကျွေးခွင့်ရတယ်။ သူတို့နဲ့လဲ တွေ့ခွင့်ရတဲ့အတွက် ပျော်တယ်။ သူတို့လဲပျော်တယ်။ ကိုယ်လဲပျော်တယ်။ ကုသိုလ်လဲ ရတယ်လို့မြင်မိပါတယ်”လို့ သူမက ပြောပြသွားပါတယ်။

သူမရဲ့ collection နဲ့ပတ်သတ်ပြီးတော့လဲ သူမက “jewellery ပေါ့။ နားကပ်ကလေးတွေ၊ ပြီးတော့ ဆွဲကြိုးလေးတွေ၊ ရင်ထိုးလေးတွေ လုပ်နေပါတယ်။ အမှန်တော့ ချစ်သူများနေ့အမှီ ထွက်မလို့ပဲ။ အချိန်က နဲနဲလေးကပ်သွားတာနဲ့ပဲ မထွက်ဖြစ်တာပေါ့။ နောက်ရှော့ပင်း bag လေးတွေလဲ ထုတ်ဖို့ရှိပါတယ်။ ဒီနေ့အလှူကြီး တစ်ခုလုံးကို ခြုံပြောရမယ်ဆိုရင် ဒီနေ့အလှူက ကစ်ပရိသတ်တွေရဲ့ အလှူလို့လဲပြောလို့ရပါတယ်။ ကစ်အနုပညာအလုပ်တွေကို လုပ်လို့ ဒီလိုမျိုးအလှူတွေကို လုပ်နိုင်တာပါ။ အဲ့ဒီတော့ ကစ်ပရိသတ်တွေလဲ သာဓုခေါ်ပေးပါလို့။ ကစ်ကိုအားပေးလို့၊ ကစ်အနုပညာတွေ လုပ်နိုင်လို့ ဒီလိုလုပ်နိုင်တာပါလို့ အားပေးတဲ့ ပရိသတ်တွေကို ကျေးဇူးအများကြီး တင်ပါတယ်လို့။ ကစ်ကလဲ အများကြီး ချစ်ပါတယ်လို့ ကစ်ပရိသတ်တွေလဲ စိတ်ချမ်းသာ ကျမ်းမာချမ်းသာကြပါစေ”လို့ ဆုတောင်းပေးသွားပါတယ်။


ခင်ဆွေသက် 
Trend Myanmar

0 comments:

Post a Comment