Monday, February 2, 2015

သူတို့နှစ်ယောက် ရန်ဖြစ်တာကို ၀မ်းသာနေတဲ့ ပရိသတ်တွေအတွက် ခုချိန်မှာ ပြန်အဆင်ပြေသွားပြီမို့ ဆောရီးပါလို့ပြောလာတဲ့ ကျော်ထွဋ်ဆွေ



ဖေ့စ်ဘွတ်ခ်ပေါ်မှာ မကြာသေးခင်ကမှ အချစ်ရေးနဲ့ပတ်သတ်ပြီး ဂယက်တွေ ရိုက်ခဲ့တဲ့ ကျော်ထွဋ်ဆွေကို သူ့ရဲ့ လက်ရှိ အချစ်ရေးနဲ့ ပတ်သက်တဲ့ စိတ်ခံစားချက်အကြောင်း၊ ချစ်သူများနေ့အကြောင်း တီးခေါက်မေးမြန်းကြည့်မိတဲ့ခါ “အချစ်ရေးက အေးဆေးပါပဲ။ အဓိက ဘာရယ်မဟုတ်ပါဘူး။ တခြားလူငယ် အတွဲတွေလိုပဲ ရန်ဖြစ်တယ်ပေါ့။ ဒါပေမဲ့ အဲ့မှာမှ ဒီတစ်ခေါက်ကိစ္စက သူများတွေ ၀င်ပါတယ်။ ၀ိုင်းပြောကြတယ်ဆိုတော့ ပိုဆိုးသွားတာပေါ့။ ဘေးလူတွေ ၀င်ဖျက်လို့ပျက်တာက စိတ်ပျော့လို့ဖြစ်တာလေ။ ကိုယ့်ဟာကို အချင်းချင်း နားလည်မှုရှိရင်တော့ ကိစ္စမရှိဘူးပေါ့။ ပရိသတ်တွေရဲ့ အားပေးမှုကလဲ အရမ်း များတယ်။ စိတ်ပူပေးတဲ့ ပရိသတ်တွေကြောင့် လဲပါတယ်။ ဒါပေမဲ့ ၀မ်းသာနေတဲ့ ပရိသတ်တွေလဲ အများကြီးရှိတယ်လေ။ အဲ့ဒီတော့ သူတို့တွက်တော့ ဆောရီးပါလို့။ ချစ်သူများနေ့ကတော့ သူ့အတွက် စီစဉ်ထားပါတယ်။ Surprise ပေါ့။ အဲ့ဒီနေ့လေးက ချစ်ဖို့ကောင်းတဲ့နေ့လေးပါ။ တနေ့လုံး အချစ်တွေနဲ့ပြည့်နေတဲ့ ရက်လေးပေါ့။ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်၊ နားလည်လိုက်၊ နားမလည်လိုက်ပေါ့။ အချစ်နဲ့ပတ်သတ်ပြီး တခါတလေ ဒေါသထွက်ရမဲ့ဟာ မထွက်ဖြစ်လိုက်ဘူး။ တခါတလေကျ ဒေါသမထွက်ရမဲ့ဟာ ဒေါသထွက်ဖြစ်လိုက်တယ်။ အချစ်နဲ့ ပတ်သတ်ရင် ဘာမှသေသေချာချာ ပြောလို့မရပါဘူး”လို့ သူက ဆိုပါတယ်။


ခင်ဆွေသက်
Trend Myanmar

0 comments:

Post a Comment