Monday, May 18, 2015

မြန်မာပြုပြင်ပြောင်းလဲရေးတွင် ကြိုးကိုင်နေသော စစ်တပ်

ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

တကယ်တော့ သည်လမှာ မြန်မာနိုင်ငံ ဆန္ဒ ခံယူပွဲလုပ်ရမည်ဖြစ်ပါသည်။ စစ်အစိုးရ အာဏာဆက်လက်ကိုင်စွဲထားဖို့ ရေး ထားသည့် ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရမည့်အချက်တွေကို ဖြေရှင်းရန်အတွက်ဖြစ်သည်။သို့သော်လည်း သည်အရာ ဖြစ်လာနိုင်တော့မည်မဟုတ်။ ယခုအချိန်မှာလည်း မဖြစ်နိုင် သလို အောက်တိုဘာ (သို့မဟုတ်)နိုဝင်ဘာမတိုင်မီမှာ ကျင်းပရမည့်ရွေးကောက်ပွဲမတိုင်ခင်မှာလည်း ဖြစ်လာနိုင်ရန်မရှိ။ မြန်မာနိုင်ငံ ထဲကလူတွေကပင် ရွေးကောက်ပွဲအချိန်မီ ကျင်းပနိုင်ပါ့မလားထင်နေကြပြီဖြစ်သည်။

‘‘ကျွန်မ ရှင်တို့ကိုသတိပေး တာပါ။ ကျွန်မ ၂၀၁၂ မှာပြောခဲ့ သလိုပဲ။ သတိကြီးစွာသံသယ နည်းနည်းထားကြမယ်ဆိုရင် အရမ်းကိုကောင်းပါလိမ့်မယ်’’ဟု အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကပြော ကြားခဲ့ဖူးသည်။ ပြီးခဲ့သည့် အပတ်က ဗြိတိန်ဂါးဒီးယန်း သတင်းစာအားပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က ‘‘အနောက်နိုင်ငံကမိတ်ဆွေ အတော်များများက မြန်မာပြည် က ဒီမိုကရေစီလမ်းစဉ်တွေနဲ့ပတ် သက်ပြီး အရမ်းအကောင်းမြင် လွန်းတယ်’’ဟုဆိုပါသည်။

ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ တွင် အိမ်အကျယ်ချုပ် မှလွတ်မြောက်စဉ် နိုင်ငံတကာမှ ၎င်းကိုအားပေးထောက်ခံသူနိုင်ငံများက မြန်မာအစိုးရသည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေလုပ်ဆောင်နေပြီဟုယူဆခဲ့ကြသည်။ စစ်အစိုးရအပေါ် ချမှတ်ထားသောပိတ်ဆို့မှုများကို ရပ် တန့်ခဲ့ကြပြီး မဖွံ့ဖြိုးမတိုးတက် သည့်မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံ ရန် ရောက်လာခဲ့ကြသည်။

တရုတ်နှင့်ဒီမိုကရေစီ မဟုတ်သည့်နိုင်ငံတွေကလည်း ရောက်လာကြသဖြင့် ကြီးမားလှ သောစီးပွားရေးပြောင်းလဲမှုကြီး ဖြစ်ပွားခဲ့သည်။ နိုင်ငံခြားရင်းနှီး မြှုပ်နှံသူတွေ အကျိုးရှိသလို စစ် ဗိုလ်ချုပ်ဟောင်းတွေ၊ စစ်တပ်နှင့် ပတ်သက်ဆက်နွှယ်သူတွေ ကတော့ ပိုပြီးအကျိုးအမြတ်ဖြစ် လာခဲ့သည်။ နိုင်ငံ အနည်းနှင့် အများ သတင်းစာလွတ်လပ်ခွင့် ရှိလာသည်။ သို့သော် ဒီမိုကရေစီကတော့ သိပ်တော့များများစား စားရမလာပါ။

စစ်ဗိုလ်ချုပ်ဟောင်းဦးသိန်းစိန်သမ္မတဖြစ်နေသေးသလို လွှတ် တော်မှာလည်း စစ်အရာရှိများနှင့် အစိုးရကိုထောက်ခံသူများ သာကြီးစိုးထားသည်။ လာမည့် ရွေးကောက်ပွဲမှာ ဒေါ်အောင် ဆန်းစုကြည်၏အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်က နိုင်မည်ဆို တာကို သံသယရှိစရာမလိုသော် လည်း စစ်တပ်က ရေးဆွဲသည့် အခြေခံဥပဒေက သားနှစ် ယောက်က နိုင်ငံခြားသားဖြစ်နေသည့် သူ့ကို သမ္မတဖြစ်ခွင့် တားဆီးထားသည်။

သို့အတွက် အခြေခံဥပဒေ ကိုပြောင်းလဲရန် အဓိကပြဿနာဖြစ်လာသည်။ နောက်တစ်ခုက စစ်တပ်အရာရှိများကို ရွေး ကောက်ပွဲမလိုဘဲ လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်းနေရာပေးထား၍သူတို့ကအာဏာသုံးပြီး အခြေခံဥပဒေပြောင်းလဲမှုကို တားဆီးနိုင်သည်။

တကယ်တော့ စစ်အစိုးရ သည် အရပ်သားများကို အာဏာ လွှဲပေးဖို့ဆုံးဖြတ်ထားခြင်းမရှိပါ။နိုင်ငံခြားသားများ မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံမှုလုပ်ရုံလောက် အပေါ်ယံအပြောင်းအလဲလုပ် ခြင်းသာဖြစ်သည်။

မြန်မာပြည်သူတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပြီး အခြေခံဥပဒေ ပြောင်းလဲရန် လက်မှတ်ထိုး ထောက်ခံခဲ့ကြသည်မှာ လက် မှတ်ငါးသန်းကျော် စုစည်းရခဲ့ ပါသည်။ အစိုးရကတော့ သည် အချက်ကို မသိချင်ယောင်ဆောင် ထား၏။ ထို့ကြောင့် သည်အတိုင်း ပဲပြီးသွားဖို့ရှိပါသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကတော့ လာနေဆဲဖြစ်သည်။

အခြေခံဥပဒေပြောင်းလဲရန် ဆန္ဒခံယူပွဲလုပ်ဖို့က လက်ရှိ လွှတ် တော်၏လက်ထဲမှာသာဖြစ် သည်။ လွှတ်တော်ကလည်း အစိုးရဘက်ကလူတွေအများဆုံး ရှိနေသည့်လွှတ်တော်ဖြစ်သည်။ ဆန္ဒခံယူပွဲလုပ်ရန်ကတိပေးခဲ့ သည်မှာ ယခုလဖြစ်သော်လည်း ယခုထိရက်စွဲတွေထုတ်ပြန်ကြေ ညာခြင်းမရှိသေးပါ။ မည်သူမှ လည်း အခြေခံဥပဒေကိုပြင်ဆင် ရန် မဲဖြင့်ဆုံးဖြတ်မည်ဟုလည်း ထုတ်မပြောကြသေးပါ။

ဒေါ်အောင်ဆန်းစုကြည်ကို တရားဝင်ကြောင်း ပြောင်းလဲနိုင် မည့်အချက်ကိုလည်း ဆန္ဒခံယူပွဲ မှာ ဆုံးဖြတ်မှာလား၊ တကယ်ပဲ ဖြစ်လာမလား။ ဘယ်သူမှမပြော နိုင်ပါ။ အားလုံးက အစိုးရဘာကို ရွေးချယ်မလဲဆိုတာကို အခြေခံ ပါသည်။ ဘယ်သူမှလည်းလုပ် မည်မဟုတ်။ ထို့ကြောင့် နိုဝင်ဘာ ရွေးကောက်ပွဲသည် အခြေခံ ဥပဒေဟောင်းအတိုင်း ကျင်းပဖို့ သာရှိပါတော့သည်။

ဖြစ်နိုင်တာက သမ္မတ ဦးသိန်းစိန်အနေဖြင့် ခေါင်းမာလှသောလုပ်ဖော်ကိုင်ဖက်စစ် တပ်ဗိုလ်ချုပ်တွေကို ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများကို လက်ခံရန် ဖျောင်းဖျကြိုးစားနေတာ လည်းဖြစ်မည်။ စစ်တပ်သည် မြန်မာနိုင်ငံကိုထိန်းချုပ်ခဲ့တာ (၅၃)နှစ် ရှိပြီဖြစ်ပြီး ၎င်းတို့အများ စုမှာလည်း အလွန်အမင်းချမ်းသာနေကြပြီဖြစ်သည်။ ဦးသိန်းစိန်ကိုယ်တိုင်က ဒီမိုကရေစီကို အပြည့်အဝလုပ်ဖို့ စိတ်ပါဟန် မတူပါ။ မတ်လမှာ ဘီဘီစီနှင့်မေးမြန်းခန်းမှာ စစ်တပ်ကို နိုင်ငံရေးမှာ ဆက်လက်တက်ကြွစွာပါဝင်နေဖို့အတွက် သူကပြော ကြားခဲ့သည်။

‘‘လူတွေရဲ့အကျိုးကို ထမ်း ဆောင်တာလည်း အမျိုးသားနိုင်ငံ ရေးပါပဲ။ စစ်တပ်ရဲ့အခန်းကဏ္ဍ ကိုလည်း တဖြည်းဖြည်းချင်းပဲ ပြောင်းနိုင်မယ်။ ပါတီတွေ၊ သူတို့ ရဲ့နိုင်ငံရေးလမ်းစဉ်တွေ၊ ဆောင် ရွက်ချက်တွေ လုပ်ဆောင်နိုင်လာ တဲ့အထိပေါ့’’ဟု သူကပြောကြား ခဲ့သည်။ တစ်နည်းအားဖြင့် စစ် တပ်ကိုယ်တိုင်ကပဲ နိုင်ငံရေးမှာ ပါဝင်မလား၊ ရပ်မလားဆိုတာကို ဆုံးဖြတ်မည်ဖြစ်သည်။

စစ်တပ်ကအာဏာကို တတ် နိုင်သမျှထိန်းချုပ်ထားလျှင်လည်း အံ့သြစရာတော့မလိုပါ။ ပြောစမှတ်ပြုစရာကတော့ မြန်မာနိုင်ငံက အယောင်ဆောင်မှုတွေ ကို ဒီမိုကရေစီထောက်ခံသူ နိုင်ငံတွေက ဘယ်လိုဆက်ယုံနေကြသလဲဆိုတာဖြစ်သည်။ဥပမာ အမေရိကန်သမ္မတ အိုဘားမားက မြန်မာကိုလာလည် တုန်းက

‘‘သူ့ကလေးတွေကြောင့် လူတစ်ယောက်ကို သမ္မတအဖြစ် မပြိုင်နိုင်ဘူးဆိုတဲ့အချက်ကို ကျွန်တော်တော့နားမလည်နိုင်ပါ ဘူး’’ဟုပြောကြားခဲ့သည်။

ယခုအချိန်မှာတော့ အရေး ယူမှုများပြန်လုပ်ရန်နောက်ကျခဲ့ ပြီ။ မြန်မာကတော့သူ့နည်းသူ့ဟန် ဖြင့် အကျိုးရှိသွားပြီ။ ယခုအချိန် မှာ ၁၉၈၈ အရေးတော်ပုံလို အကြမ်းမဖက်သော ဆန္ဒပြမှုများ ပေါ်ပေါက်လာပါက အလုပ်ဖြစ် ကောင်းဖြစ်နိုင်သည်။ သို့သော် သည်လိုဆန္ဒပြကြဖို့ဆိုတာက လည်း ပြဿနာကရှိသေး၏။ မြန်မာစစ်တပ်သည် နိုင်ငံသား တွေကိုပစ်ဖို့တော့ ဘယ်တော့မှ သေနတ်ပြောင်းကို လက်နှေးမည် မဟုတ်ဆိုတာကိုလည်း ထည့် တွက်ဖို့လိုပါသေးသည်။

(သတင်းစာဆရာ Dyer ရေးသား သည့် Army stifles reform in Burma ကို ထားထားမြင့်ဘာသာ ပြန်ဆိုသည်။

7Day Daily

0 comments:

Post a Comment