Friday, January 31, 2020

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သန်လျင် လူငယ်သင်တန်းကျောင်းသို့ သွားရောက်

ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် သန်လျင်မြို့ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန "သန်လျင်လူငယ်သင်တန်းကျောင်း" သို့ သွားရောက်ခဲ့သည်။...

ဆောင်းတွင်းဖက်ရှင်လေးနဲ့ အထာကျပြီး အရမ်းလှနေတဲ့ သရုပ်ဆောင်နန်းဆုရတီစိုး

အဆိုပိုင်းရော ၊ သရုပ်ဆောင်ပိုင်းမှာပါ ပရိသတ်အားပေးမှုကိုရရှိထားတဲ့ နန်းဆုကတော့ အေးချမ်းတဲ့ရာသီမှာ ခရီးလေးတွေသွားရင်းနဲ့ ပျော်ရွှင်နေပါတယ် ။...

တုံ့ပြန်မှုနှေးခဲ့လို့ ဗိုင်းရပ်စ်ပြန့်နှံ့မှုပိုမြန်ခဲ့တာလို့ ဝူဟန်ရဲ့ကွန်မြူနစ်ပါတီအတွင်းရေးမှူးဝန်ခံ

လူအသေအပျောက်များနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို တရုတ်နိုင်ငံတုံ့ပြန်တဲ့ပုံစံနှေးလို့ ကူးစက်မှု ပိုမြန်ခဲ့တာလို့ ဝူဟန်မြို့ရဲ့အကြီးဆုံးအရာရှိ ကွန်မြူနစ်ပါတီမြို့တော်အတွင်းရေးမှူးက သောကြာနေ့မှာ ဝန်ခံခဲ့ပါတယ်။...

တရုတ်နိုင်ငံသို့ သုတေသနအချက်အလက်များ ခိုးရောင်းနေသော ဟားဗတ်တက္ကသိုလ် ဓာတုဗေဒပညာရှင်ကို FBI ဖမ်းဆီ

တရုတ်နိုင်ငံဆီ သိပ္ပံဆိုင်ရာ သုတေသနများ ခိုးရောင်းရန် ကြံစည်မှုဖြင့် ဟားဗတ်တက္ကသိုလ် ဓာတုဗေဒဌာန အကြီးအကဲနှင့် အခြားနှစ်ဦးကို FBI က ဖမ်းဆီးကြောင်း တာဝန်ရှိသူများက ကြေညာသည်။...

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပဲခူးစက်မှုဇုန်သို့ ပြန်လည်ရောက်လာသော တရုတ်နိုင်ငံသားလေးဦးကို စောင့်ကြည့်ရန် ဝေဘာဂီဆေးရုံသို့ ပို့ဆောင်မည်

ပဲခူးစက်မှုဇုန်သို့ ပြန် လည်ရောက်ရှိလာသော တရုတ် နိုင်ငံသားလေးဦးကို ကျန်းမာရေး အခြေအနေစောင့်ကြပ်ကြည့်ရှု ရန် မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီဆေးရုံကြီးသို့ ပို့ဆောင်ရန် စီစဉ်နေကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့လဝက၀န်ကြီး ဦးထွန်းထွန်းဦးက ပြောသည်။...

NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေး(ပ ဉ္စမအကြိမ်)ကျင်းပ

တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေး(ပ ဉ္စမအကြိမ်) ကို ယနေ့ ဖေဖော်ဝါရီလ (၁) ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့၌ စတင်ကျင်းပလျက်ရှိသည်...

အမေရိကန်သမ္မတ ထရမ့်ကို ရာထူးက ဖယ်ရှားသင့်/မသင့်ကို ဖေဖော်ဝါရီ ၅ ရက်မှာ ဆီးနိတ်လွှတ်တော်တွင် ဆုံးဖြတ်မည်

ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ရာထူးက ဖယ်ရှားသင့်/မသင့်ကို ဆီးနိတ်လွှတ်တော်တွင် စီရင်ချက်ချမှာ ဖြစ်ကြောင်း သိရသည်။...

ရခိုင်ပြည်နယ်ဘက်မှ ခိုးဝင်လာသူ ဘင်္ဂါလီ(၁၁) ဦးကို မကွေးတိုင်း ပနီချောင်းအနီးရှိ တောထဲတွင် ဖမ်းဆီးရမိ

ယနေ့ ဖေဖော်ဝါရီလ (၁) နေ့ နံနက် ၆ နာရီ ၁၅ အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ဂုတ်ကြီး၏ အနောက်ဘက် (၂၄)ခန့်အကွာတွင် ရခိုင်ပြည်နယ်ဘက်မှ ခိုးဝင်လာသူ ဘင်္ဂါလီ(၁၁) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။...

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု (၁,၁၉၄၃)ဦးနှင့် သေဆုံးသူ (၂၅၉)ဦး ရှိကြောင်း တစ်နေ့ထက်တစ်နေ့ သေဆုံသူနှင့်ကူးစက်ခံရမှု မြင့်တက်လာ

၂၀၂၀ခုနှစ်၊ဖေဖော်ဝါရီလ(၁)ရက် မြန်မာစံတော်ချိန် နံနက် (၇)နာရီအချိန်အထိ ကမ္ဘာနှင့်အဝှမ်း ဝူဟန် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ (၁,၁၉၄၃)ဦးနှင့် သေဆုံးသူ (၂၅၉)ဦး ရှိသွားပြီဖြစ်သည်။ သေဆုံးသူအားလုံးမှာ တရုတ်ပြည်မအတွင်းမှသာဖြစ်သည်။...

အမေရိကန်အနေဖြင့် မြန်မာကို ပြည်ဝင်ခွင့်ပိတ်လိုက်သော်လည်း အခြေမစိုက်ဗီဇာနဲ့ မသက်ဆိုင်

မြန်မာနိုင်ငံသားတွေကို အမေရိကန်ရွှေ့ပြောင်းအခြေစိုက်ပြည်ဝင်ခွင့်ဗီဇာနဲ့ ဒီဗီဗီဇာကို ဖေဖော်ဝါရီ(၂၁) ရက်ကစပြီး ထုတ်ပေးတော့မှာမဟုတ်ဘူးလို့ အမေရိကန်သံရုံးက ဒီနေ့မှာ သတင်းထုတ်ပြန်လိုက်သည်။...

တရုတ်နိုင်ငံ ဝူဟန်မြို့ရှိ မြန်မာကျောင်းသားများ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မန္တလေးသို့ ရောက်ရှိမည်

တရုတ်နိုင်ငံ ဝူဟန်မြို့၌ ပညာသင်ကြားသည့် မြန်မာနိုင်ငံသား ကျောင်းသား/သူများကို မြန်မာအစိုးရမှ ပြန်လည်ခေါ်ယူရန်စီစဉ်ထားပြီး ကျောင်းသား/သူများ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မန္တလေးသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။...

ကိုရိုနာဗိုင်းရပ်စ်နိုင်ငံတိုင်းနီးပါးဖြစ်ပွားနေချိန် မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံသားများလွတ်လပ်စွာ သွားလာနေမှုအား ဝေဖန်ထောက်ပြလိုက်တဲ့ အဆိုတော်ဒါရိုက်တာ ယုန်လေး

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် စတင်ဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ရောဂါဟာ နိုင်ငံတိုင်းနီးပါးတွင် ဖြစ်ပွားနေကြောင်းသိရှိရသည်။ ကူးစက်ခံရသူတွေနှင့် သေဆုံးသူများဟာ တစ်နေ့ထက်တစ်နေ့ အဆမတန်များပွားနေပါတယ်...

မြန်မာနိုင်ငံသူ/သားများအတွက် သတင်းကောင်း

ရန်ကုန်လေဆိပ်တွင် ကိုရိုနာဗိုင်းရပ်စ်သံသယရှိ တရုတ်နိုင်ငံသားလူနာနှင့် မြန်မာနိုင်ငံသား (၂)ဦး၏ လက်ရှိအချိန် ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်းနှင့် အထူးကြပ်မတ်ဆောင်တွင် သီခြားစီခွဲထားကာ ဆေးကုသမှုများပေးလျက်ရှိကြောင်း ဝေဘာဂီဆေးရုံမှ ဒေါက်တာ အေးအေးအောင် (အထူးကု ဆရာဝန် )၏ သတင်းစာရှင်းလင်းပွဲ ပြောကြားချက်များအရ သိရှိရသည်။...

ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘော MV BOUDICCA သီလဝါဆိပ်ကမ်းသို့ဆိုက်ကပ်

ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် လူ ၁၀၀၀ ကျော် တင်ဆောင်လာတဲ့ ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘောကြီး MV BOUDICCA သည် Waimar Myanamr သီလဝါဆိပ်ကမ်းကို ဆိုက်ကပ်လာကြောင်း သိရသည်။...

တရုတ်နိုင်ငံမှ တရားမဝင်လမ်းကြောင်းမှ ပြန်လာသောမြန်မာနိုင်ငံသား ၂၈ ဦးကို ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေး

တရုတ်နိုင်ငံမှ ကချင်ပြည်နယ်သို့ တရားမဝင်လမ်းကြောင်းမှ ပြန်လာသည့် မြန်မာနိုင်ငံသား ၂၈ ဦးကို ဇန်နဝါရီလ ၂၉ ရက်နေ့က ဆဒုံးဂိတ်တွင်တွေ့ရှိခဲ့ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့မှ လူဝင်မှုကြီးကြပ်ရေး နှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းက ပြောသည်။...

ရန်ကုန်လေဆိပ်တွင် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာပါလာသည့် လေယာဉ်ပေါ်ရှိ မြန်မာနိုင်ငံသားနှစ်ဦးသာ ခေါ်ထားပြီး ကျန်ခရီးသည်များအား ပြန်လည်ထွက်ခွာသွားပြီဖြစ်

ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ လိုက်ပါလာသည့် လေယာဉ်ပေါ်ရှိ ခရီးသည် ၇၉ ဦးအနက် မြန်မာနိုင်ငံသား နှစ်ဦးကိုသာ ခေါ်ယူထား မည်ဖြစ်ပြီး ကျန်ခရီးသည်များအား ယင်းလေယာဉ်ဖြင့် ညနေ၃နာရီ ၄၅ မိနစ် အချိန်တွင် ပြန်လည်စေလွှတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။...

ထောင်ကလွတ်လာပြီး နောက်ပိုင်းတွင်လည်း မိုးအောင်ရင်နှင့် လင်မယားအရာမြောက်သည်အထိ အတူနေခဲ့ကြောင်း ခင်မြတ်နိုးပြော

ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ ရုံးချိန်းအပြီးတွင် တရားလို ခင်မြတ်နိုးမှ သရုပ်ဆောင်မိုးအောင်ရင် မူးယစ်ဆေးဝါးအမှုနှင့် ထောင်က လွတ်လာပြီးသည့် နောက်ပိုင်းလည်း မိမိတို့နှစ်ဦး လင်မယားအရာမြောက်ခဲ့သည်အထိ အတူနေခဲ့ကြောင်း တရားလို ခင်မြတ်နိုးက မီဒီယာများကို ပြောသည်။...

ဆရာဆရာမများအတွက် ရှာပါးစရိတ်လိုချင်ခြင်းသည် လောဘတက်တာမဟုတ်ဟု မင်းကင်း ပြည်ခိုင်ဖြိုးအမတ်ပြော

ဝေးလံခေါင်သီသည့်ဒေသများ တွင်တာဝန်ထမ်းဆောင်နေသည့် ဆရာဆရာမများအနေဖြင့် ရှာပါးစရိတ်လိုချင်ခြင်းသည် လောဘတက်တာ မဟုတ်ဘဲ ရပိုင်ခွင့် မရရှိသဖြင့် တောင်းဆိုခြင်းသာ ဖြစ်ကြောင်း မင်းကင်းမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့် ကပြောဆိုလိုက်သည်...

ဝူဟန်ဗိုင်းရပ်စ်မဖြစ်စေရေးအတွက် ငရုတ်ကောင်း ၇ စေ့ကို အမှုန့်ကြိတ်စားရန် လှူဒန်းဝေငှနေသည့် ဗီဒီယိုဖိုင်ကို ကြည့်ရူ့သူများပြားနေ

တရုတ်နိုင်ငံမှစတင် ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် မကူးစက်စေရန် ဆရာတော်ကြီးတစ်ပါး၏ မိန့်ကြားမှုဖြင့် ငရုတ် ကောင်းများ လိုက်လံလှူဒါန်းဝေငှနေသည့် ဗီဒီယိုဖိုင်တစ်ခုမှာ လူမှု့ကွန်ရက်တွင် လွန်စွာပျံ့နှံ့နေကာ ကြည့်ရူ့သူလည်း များပြားနေသည်။...

ဝူဟန်သံသယရှိသူ ဝေဘာဂီဆေးရုံကို ရောက်သွားရင် ပိုမဆိုးကုန်ဘူးလားလို့ မေးခွန်းထုတ်လိုက်တဲ့ အေသင်ချိုဆွေ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO)က ဝူဟန်ဗိုင်းရပ်စ်ကို နိုင်ငံတကာကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကြေညာလိုက်တဲ့ ဒီနေ့မနက်မှာပဲ ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဝူဟန်ဗိုင်းရပ်စ်သံသယရှိသူတစ်ယောက်ကို တွေ့ရှိခဲ့ပြီပဲ ဖြစ်ပါတယ်။...

အပူချိန်ပြင်းထန်ကာ လေပြင်းတိုက်လာမှုတွေကြောင့် ထိန်းချုပ်ရန်ခက်ခဲတဲ့တောမီး ပေါ်ပေါက်လာနိုင်ကြောင်း သြစတြေးလျ မြို့တော်ဝန် အရေးပေါ် ကြေညာ

အပူချိန် ပြင်းထန်လာမှု လေပြင်းတိုက်ခိုက်မှုတွေကြောင့် မီးသတ်သမားတွေ ထိန်းချုပ်နိုင်စွမ်း မရှိတော့တဲ့ တောမီးအရှိန်မျိုး ပေါ်ပေါက်လာနိုင်တာကြောင့် သြစတြေးလျ တာဝန်ရှိသူတွေဟာ မြို့တော် ကင်ဘာရာနဲ့ ဝန်းကျင်ဒေသတွေကို သောကြာ နေ့(ဇန်နဝါရီ ၃၁) မှာ အရေးပေါ်အခြေအနေ ကြေညာလိုက်ကြပါတယ်။...

ရန်ကုန်လေဆိပ်တွင် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာပါလာသည့် လေယာဉ်ပေါ်ရှိ မြန်မာနိုင်ငံသားနှစ်ဦးသာ ခေါ်ထားပြီး ကျန်ခရီးသည်များအား ပြန်လည်လွှတ်မည်

ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ လိုက်ပါလာသည့် လေယာဉ်ပေါ်ရှိ ခရီးသည် ၇၉ ဦးအနက် မြန်မာနိုင်ငံသား နှစ်ဦးကိုသာ ခေါ်ယူထား မည်ဖြစ်ပြီး ကျန်ခရီးသည်များအား ယင်းလေယာဉ်ဖြင့် ပြန်လည် စေလွှတ်မည် ဖြစ်ကြောင်း သိရသည်။...

အလှူရှင်များ၏ကုသိုလ်ဖြင့် ဧရာဝတီမေတ္တာရေသည် သီတဂူရေအလှူတော်စီမံကိန်းဖြင့် စစ်ကိုင်းတောင်ပေါ်သို့ စီးဆင်းပြီ

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် သီတဂူရေအလှူတော်စီမံကိန်း အနာဂတ်အတွက် အရှည်တည်တံ့စေခြင်းအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်နေသည့် လုပ်ငန်းများထဲမှ တစ်ခုဖြစ်သော သီတဂူရေစက်ရုံအမှတ်-၁ ဖြစ်သည့် ထုံးဘိုစက်ရုံသို့ ကြွရောက်ကာ စက်ရုံအသစ်တည်ဆောက်ပြီး ရေတင်မော်တာကြီးများ တပ်ဆင်သည့် လုပ်ငန်းဆောင်ရွက်ခြင်း ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးတော်မူပါသည်။...

မော်လမြိုင်-ရန်ကုန် လမ်းမပေါ်တွင် Super Coffee Mix ၁၂ ဘီးကား တိမ်းမှောက်မှုဖြစ်ပွား

ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ နေ့လည် ၂နာရီခန့် အချိန်တွင် မွန်ပြည်နယ် ပေါင်မြို့နယ် မုတ္တမမြို့ ရဲပြားကုန်း မော်လမြိုင်-ရန်ကုန် လမ်းမပေါ် Super Coffee Mix ၁၂ ဘီးကား တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ မော်လမြိုင်မြို့ပေါ်ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိကူညီပေးခဲ့ကြကြောင်း သိရှိရပါသည်။...

ရန်ကုန်လေဆိပ်တွင် ကိုရိုနာဗိုင်းရပ်စ်သံသယလူနာပါရှိသည့် China Southern လေယာဉ်မှ ခရီးသည်များကို ဆင်းသက်ခွင့် မပေးသေးဘဲ လူနာ၏ဆေးစစ်ချက်ကို ထိုင်းသို့ ပို့ဆောင်စစ်ဆေးရမည်ဖြစ်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာပါရှိသည့် China Southern လေကြောင်းလိုင်းခရီးစဉ်တွင်လိုက်ပါလာသည့် ခရီးသည် ၇၈ ဦးကို လေယာဉ်ပေါ်မှ ဆင်းခွင့်မပြုထားသေးကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ သိရှိရသည်။...

စာမေးပွဲကာလ ပြောင်းလဲခြင်းအပေါ် ထားဝယ်တွင် ပညာရေးကောလိပ်မှကျောင်းသား/သူများ ဆန္ဒပြ

အခြေခံပညာအတန်းများ စာမေးပွဲကာလပြောင်းလဲသတ်မှတ်သည့်အပေါ် ထားဝယ်ပညာရေးကောလိပ်မှ ကျောင်းသား၊ ကျောင်းသူ ၂၅၀ ဝန်းကျင်းက ဇန်နဝါရီ ၃၁ ရက် မနက်ပိုင်းတွင် ထားဝယ်မြို့အတွင်း လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။...

Thursday, January 30, 2020

အဓိဌာန်ဝင်နေတဲ့အချိန်မှာ ထူးထူးခြားခြား ဖြစ်ရပ်တစ်ခုအကြောင်း ပြောပြလာတဲ့ သရုပ်ဆောင်မင်းသားကြီး ဦးကျော်သူ😲😲😲

နိုင်ငံကျော်အနုပညာရှင်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင်မင်းသားကြီး ဦးကျော်သူဟာဆိုရင်အနုပညာဘက်မှာသာမက လူမှုရေးဘက်မှာလည်း မေတ္တာရှင်တစ်ဦးဖြစ်ပါတယ်။ သူတည်ထောင်ထားတဲ့ နာရေးကားကူညီမှုအသင်းဟာဆိုရင်လည်း တကယ့်ကို ဆင်းရဲသားကျောမွဲတွေအတွက် အထောက်အကူဖြစ်လှပါတယ်နော်။...

မြန်မာကျောင်းသားများကို သွားရောက်ခေါ်ဆောင်မည့် လေယာဉ် မနက်ဖြန်ညပိုင်းတွင် ဝူဟန်မြို့သို့ ဆင်းသက်နိုင်ဖွယ်ရှိ

တရုတ်ဗိုင်းရပ်စ်သစ် 2019 Novel Coronavirus (2019-nCov) ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ဝူဟန်မြို့တွင် ပိတ်မိနေသော မြန်မာပညာတော်သင်ကျောင်းသူကျောင်းသား ၆၃ ဦးကို မနက်ဖြန် (ဖေဖော်ဝါရီ ၁) ညပိုင်း၌ သွားရောက်ခေါ်နိုင်ဖွယ်ရှိကြောင်း ပေကျင်းမြို့ရှိ မြန်မာသံရုံးထံမှ သိရသည်။...

ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ဖို့အတွက် အစားအစာများ

(၁) ဘာစားစား အသား၊ငါး၊ ပဲ၊ နို့၊ ကြက်ဥ စတဲ့ အသားဓါတ်ကြွယ်ဝတဲ့ အစားအစာ တစ်ခုခု ပါအောင်စားပေးပါ။ (၂) အသီးအနှံ ဟင်းသီးဟင်းရွက်ပိုစားပါ။...

တရုတ်နိုင်ငံ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပိုးကူးဆက်နေသူတွေရဲ့ နောက်ဆုံးတွေ့ရှိချက် ရောဂါ လက္ခဏာများ

ရာသီ ပူလိုက် အေးလိုက်ဖြစ်လို့ သမံ ဖျားနာတာမျိုးတွေ ရှိသလို သေမင်းတမံ ဝူဟန် ဗိုင်းရပ်စ် ဆိုင်ရာ ပိုးမိသားစု (၇)မျိုးမှာ ကိုရိုနာဗိုင်းရပ်စ်ဟာ2019-nCoV လို့ ဆေးသုတေသီတွေက နာမည်ပေးထားပါတယ်။ဒီပိုးဟာ လည်ချောင်းကနေ တဆင့်ကူးဆက် ခံရတာများပါတယ်။ပထမ အဆင့် သုံးလေရက်ခန့် (၁) လည်ချောင်းချောက်ကပ်လာပါတယ်...

ထွေ/အုပ် အကြီးတန်းစာရေးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

မူးယစ်ဆေးဝါးသုံးစွဲသူတရားခံ၏ထုတ်ဖော်ပြောဆိုချက်အရ မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အကြီးတန်းစာရေးအား စိတ်ကြွရူးသွပ်ဆေးပြား(၈၃) ပြားနှင့်အတူ မော်လမြိုင်ခရိုင်မှုခင်းနှိမ်နှင်းရေးဌာနမှ ဇန်နဝါရီ(၃၀)ရက်နေ့တွင်ဖမ်းဆီးရမိခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။...

ထိုင်းဝတ်စုံလေးနဲ့ မြင်တွေ့ရတဲ့ သရုပ်ဆောင်ရွှေမှုံရတီရဲ့ အလှပုံရိပ်များ

ထိုင်းမင်းသမီးလေးတစ်ယောက်အလား ထင်မှတ်သွားလောက်အောင်ကို လှပနေတဲ့ ထိုင်းဝတ်စုံလေးနဲ့ မြင်တွေ့ရတဲ့ သရုပ်ဆောင်ရွှေမှုံရတီရဲ့ အလှပုံရိပ်မျ...

မြန်မာနိုင်ငံအနေနဲ့ အချိန် မလပ် သတိထားစောင့်ကြည့်နေရတော့မယ့် "ကိုရိုနာ ဗိုင်းရပ်စ် ဂယက်"

WHO က ယမန်နေ့က ထုတ်ပြန်ခဲ့တဲ့ Report အရ ကိုရိုနာဗိုင်းရပ်စ်ဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနဲ့ အာဆီယံနိုင်ငံတွေပါကူးစက်ဖြစ်ပွားလာနေတာတွေ့ရှိရပါတယ်။...

တရုတ်နိုင်ငံမှ ရန်ကုန်သို့ ပျံသန်းလာသောလေယာဉ်တွင် ဖျားနာနေသော ဝူဟန်မြို့သားအား ဗိုင်းရပ်စ်ရှိမရှိစစ်ဆေးနေ

ယနေ့ ဇန်နဝါရီ ၃၁ ရက်နေ့တွင် တရုတ်တောင်ပိုင်း လေကြောင်းလိုင်းဖြင့် ကွမ်ကျိုးမှ ရန်ကုန်သို့ ပျံသန်းလာသော လေယာဉ်ပေါ်၌ ဖျားနာသောလူနာတစ်ဦးပါလာကြောင်း လေယာဉ်မှူးမှ လေကြောင်းထိန်း မျှော်စင်သို့ အကြောင်းကြားခဲ့သည်။ ထို့ကြောင့် အဆိုပါလူနာကို လေယာဉ်ပေါ်မှ မဆင်းခိုင်းဘဲ လေဆိပ်ကျန်းမာရေးအဖွဲ့က လေယာဉ်ပေါ်တွင် တက်ရောက်ပြီး ဝူဟန်ဗိုင်းရပ်စ်ဟုတ်မဟုတ် စစ်ဆေးနေကြောင်း သတင်းရရှိသည်။ အဆိုပါလူနာမှာ ဝူဟန်မြို့သားဖြစ် ကြောင်းလည်း သိရသည်။...