Tuesday, January 28, 2020

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ လူနာတွေကိုကုသရန် တရုတ်နိုင်ငံတွင် ဒုတိယမြောက်ဆေးရုံကြီးအား အမြန်ဆုံးတည်ဆောက်နေ

Image may contain: basketball courtNo photo description available.

တရုတ်နိုင်ငံ၊ ဟူပေးပြည်နယ်အလယ်ပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့လူနာတွေကိုကုသပေးဖို့ တည်ဆောက်နေဆဲဖြစ်တဲ့ ဒုတိယမြောက်ဆေးရုံကြီးဟာ အခုဆိုရင် မြေကြီးညှိတဲ့လုပ်ငန်းစဉ် ပြီးစီးသွားပြီဖြစ်ပါတယ်။
Leishenshan ဆေးရုံဟာ ဝူဟန်ပြည်နယ်မှာ တည်ဆောက်နေတဲ့ ဒုတိယမြောက် ဆေးရုံဖြစ်ပြီး ပထမဆေးရုံကို တော့ Huoshenshan ဆေးရုံလို့ ခေါ်ပါတယ်။

ဒီဆေးရုံကြီးတည်ဆောက်ဖို့ အလုပ်သမား(၁)ထောင်ကျော်က ဆောက်လုပ်ရေးလုပ်ငန်းစတဲ့ အခုလ (၂၅) ရက်နေ့ ကတည်း က အလုပ်ချိန်(၂)ဆိုင်းခွဲပြီးလုပ်နေကြတာဖြစ်ပါတယ်။ ကုတင်(၁၅၀၀)ဆန့် Leishenshan ဆေးရုံကို လာမယ့် ဖေဖော်ဝါရီ လ (၅) ရက်နေ့မှာ စတင် အသုံးပြုသွားမှာဖြစ်ပါတယ်။
ဒီဆေးရုံ(၂)ခုစလုံးကို ပေကျင်းမြို့တော်ရှိ Xiaotangshan ဆေးရုံရဲ့ တည်ဆောက်မှုပုံစံအတိုင်း ဆောက်ထားတာ ဖြစ်ပါတယ်။ Xiaotangshan ဆေးရုံကို (၇)ရက်အတွင်းတည်ဆောက်ခဲ့တာဖြစ်ပြီး၊ (၂)လအတွင်း SARS ရောဂါလူနာ (၇)ပုံ(၁)ပုံကို ကုသပေးခဲ့တာဖြစ်လို့ ဒါဟာ ဆေးပညာသမိုင်းတစ်လျှောက်မှာအံ့မခန်းဖန်တီးမှုဖြစ်ပါတယ်။
Image may contain: sky and outdoor
Source-Reuters
<zawgyi>
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ လူနာတွေကိုကုသရန် တရုတ်နိုင်ငံတွင် ဒုတိယမြောက်ဆေးရုံကြီးအား အမြန်ဆုံးတည်ဆောက်နေ
Tuesday, January 28 , 2020

တရုတ်နိုင်ငံ၊ ဟူပေးပြည်နယ်အလယ်ပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့လူနာတွေကိုကုသပေးဖို့ တည်ဆောက်နေဆဲဖြစ်တဲ့ ဒုတိယမြောက်ဆေးရုံကြီးဟာ အခုဆိုရင် မြေကြီးညှိတဲ့လုပ်ငန်းစဉ် ပြီးစီးသွားပြီဖြစ် ပါတယ်။
Leishenshan ဆေးရုံဟာ ဝူဟန်ပြည်နယ်မှာ တည်ဆောက်နေတဲ့ ဒုတိယမြောက် ဆေးရုံဖြစ်ပြီး ပထမဆေးရုံကို တော့ Huoshenshan ဆေးရုံလို့ ခေါ်ပါတယ်။

ဒီဆေးရုံကြီးတည်ဆောက်ဖို့ အလုပ်သမား(၁)ထောင်ကျော်က ဆောက်လုပ်ရေးလုပ်ငန်းစတဲ့ အခုလ (၂၅) ရက်နေ့ ကတည်း က အလုပ်ချိန်(၂)ဆိုင်းခွဲပြီးလုပ်နေကြတာဖြစ်ပါတယ်။ ကုတင်(၁၅၀၀)ဆန့် Leishenshan ဆေးရုံကို လာမယ့် ဖေဖော်ဝါရီ လ (၅) ရက်နေ့မှာ စတင် အသုံးပြုသွားမှာဖြစ်ပါတယ်။
ဒီဆေးရုံ(၂)ခုစလုံးကို ပေကျင်းမြို့တော်ရှိ Xiaotangshan ဆေးရုံရဲ့ တည်ဆောက်မှုပုံစံအတိုင်း ဆောက်ထားတာ ဖြစ်ပါတယ်။ Xiaotangshan ဆေးရုံကို (၇)ရက်အတွင်းတည်ဆောက်ခဲ့တာဖြစ်ပြီး၊ (၂)လအတွင်း SARS ရောဂါလူနာ (၇)ပုံ(၁)ပုံကို ကုသပေးခဲ့တာဖြစ်လို့ ဒါဟာ ဆေးပညာသမိုင်းတစ်လျှောက်မှာအံ့မခန်းဖန်တီးမှုဖြစ်ပါတယ်။
Source-Reuters

0 comments:

Post a Comment